မေလင်းခတ်စစ် လည်းသူမ ရဲ့ မမကို အိမ်ပို့ပေးပြီး
သည်နှင့်အလုပ်သို့လာခဲ့သည်။ အလုပ်ရောက်သည်
နှင့် နိုင်ငံခြား လုပ်ငန်းရှင်တွေနဲ့အစည်းအဝေးထိုင်
ကာ လုပ်ငန်းဆက်တူအတွက် စာချုပ်ချုပ်ခဲ့သည်။
ထို့နောက်သူမလည်းရုံးခန်းထဲသို့ဝင်ကာစာရင်းတွေ
တခုချင်းဆီသေချာပြန်စစ်နေသည်။ထိုအချိန်စင်ယော် ရောက်လာသည်။ လင်းက တံခါးပေါက်ကို
ကျောပေးထားသည်မို့ မေစင်ယော် ရောက်နေသည်
ကိုမသိ မေစင်ယော်က သူ့မကျောပေါ်ကိုပြေးတတ်
လေသည်။ထိုအခါမှသူမလန့်ကာ..."ဟဲ့..ဟဲ့ ဟာ စင်ယော်မ ရာလန့်တာ ဆင်းစမ်း"
"ဟွန့် ဘာလဲ ငါကလွမ်းလို့ကိုနင်ကရောငါ့ကိုမလွမ်း
ဘူးလား..""ဆင်းလို့ ငါ့ကျောပေါ်က မဆင်းရင်ငါတွန်းချမှာနော်"
"နင်ဟာလေ ငါ့ကိုဆိုရေခဲတုံးကြီးအတိုင်းဘဲ..
ဆင်းပြီ ဆင်းပြီ.."မေစင်ယော် လည်း လင်းရဲ့ကျောပေါ်မှ ဆူပုတ်စွာ
ဆင်းလိုက်သည်။"တီတီတာတာပြောရအောင်နင်ကငါ့ကောင်မလေး
မို့လို့လား..ပြောစမ်းပါဦး..""ဒါဆိုလည်း ငါနင့်ကောင်မလေးလုပ်မယ် ဟီး.."
"အံမယ်..ရမလား ငါ့မှာရှိပြီးသား.."
သူမ ပြောလိုက်တော့ စင်ယော်မျက်နာပျက်သွား
သည်။ ထို့နောက်ချက်ချင်းပင်မျက်နာကိုပြန်ပြုံးလိုက်
ကာ..."မ စနဲ့ နင့် နားမှာငါ ရှိနေတာ နင်ဘယ်မိန်းခလေး
ကို မှ စိတ်ဝင်စားတာ ငါမတွေ့ဘူးနော် လင်း"သူမပြောတော့လင်းကပြုံးနေသည်။သူမလည်း
တွေးရင်း မုသားဖြူ ကိုသတိရကာ.."ဒါမှမဟုတ် နင်..ဟိုမိန်းမ မုသားဖြူ နဲ့ပြန်တွဲနေတာ
လား""အင်း "
သူမအဖြေကိုကြားသည်နှင့်မေစင်ယော် အလိုမကျ
စွာမျက်ခုံးတို့ကိုတွန့်ချိုးလိုက်ရင်း.."နင် အဲ့မိန်းမ လှည့်စားတာထပ်ခံမလို့လား.."
"မ က ငါ့ကိုလှည့်စား ခဲ့တာမဟုတ်ဘူး နင် သေချာ
မသိဘဲနဲ့ မပြောနဲ့ စင်ယော်.."