"ဝုန်း !"
ကားအရှိန်နဲ့အတူလွင့်သွားသောသူမကိုယ်လေး..
မုသားဖြူ လည်းကားတွေရပ်ကုန်တာနဲ့သူမတို့ရှိ
ရာအမြန်ပြေးလာမိ အတိုက်ခံလိုက်ရသူကတော့.."စင်..စင်ယော်..."
လင်းအလန့်တကြားလဲနေရာမှာ စကားများထစ်ကာ
အော်လိုက်သည်။
လင်းဆီတည့်တည့်လာနေသောကားမှ လင်း လွတ်
စေရန် လမ်းအလယ်ကျွန်းရောက်သည်ထိလင်းကို
မေစင်ယော်တွန်းလွှတ်လိုက်သည်။ သူမကတော့
လင်းကိုတွန်းလွှတ်လိုက်သည်မို့ရှောင်ချိန်မရ အတိုက်ခံလိုက်ရသည်။ လင်း ကတော့ မေစင်ယော် သူမ
ကို ကား မှ လွတ်စေရန်အားနဲ့တွန်းလိုက်ခြင်းမို့ အ
လယ်ကျွန်းကအုတ်နဲ့ ခြေထောက်နဲ့ ထိကာ
တော်တော်နှင့်မထ နိုင် ရှိသမျှအား နဲ့ ကုန်း ထကာ
မေစင်ယော်ကိုပွေ့ဖက်လိုက်သည်။ သူမ ရဲ့ မုသား
ဖြူ လည်း စင်ယော် လက်ကို ကိုင်ထားသည်။ ဝေယံ
ကတော့ ထိုနေရာတွင်ကျောက်ရုပ်လိုရပ်ဆဲ.....
ကျောက်ရုပ်လိုရပ်နေတဲ့ ဝေယံကို မုသားဖြူ လှမ်းအော်လိုက်သည်။"လူနာတင်ယဉ်အခု အမြန်ခေါ် အမြန်! "
ထိုအခါမှ ဝေယံ လည်း..
"လူ..လူနာတင်ယဉ်..."
ဟုဆိုကာအနီးအနားမှာအုံလာသောလူများဆီက
Phတောင်းကာ ဆေးရုံကားခေါ်လိုက်သည်။"စင်..စင်ယော်..စင်ယော်..နင်အားတင်းထားဦးနော်..."
သွေးအိုင်ထဲလဲနေသော စင်ယော်ကို လင်း ရင်ခွင်
ထဲပွေ့ကာပြောလိုက်သည်။ စင်ယော်က နာကျင်
နေလျှက်နှင့် ပြုံးလာကာ သူမဘေး တွင်သူမလက်
ကို ကိုင်ထားသောမုသားဖြူ သူမကို ရင်ခွင် ထဲပွေ့
ထားတဲ့ လင်းကို ကြည့်ရင်း...."အခုငါသေသွားလဲ..ငါ..ငါချစ်ရတဲ့နင့်ကိုကယ်လိုက်
ရတဲ့ အတွက်..အဟွက်..ငါ..ငါပျော်တယ်...""နင်ဘာတွေပြောနေတာလဲစင်ယော်ရာ..နင်မသေ
ရပါဘူး ငါတို့ဆေးရုံအမှီရောက်မှာပါဟာနော်..""အဟွက်...ငါ..ငါ..လေ.."
စင်ယော်စကားတွေပြောရင်း ပါးစပ်ထဲကသွေးများ
စီးကျလာသည်။ လင်းရော မုသားဖြူ မှာရောမျက်ရည်
တွေ ကျ လျှက်...