EP2 Uni

6.5K 398 3
                                    

လင်း ရေချိုးပြီး သူ့ရဲ့ကျောလယ်ထိဖြောင့်စင်းနေသောဆံပင်နက်နက်လေးကိုချကာ ထမိန်ယဉ်ဖုံးလေးနှင့် လှေကားပေါ်ကဆင်းလာသည်..uni သွားမှာဆိုတော့ လင်းရော စင်ယော် ရော ထမိန်ယဉ်ဖုံးလေးနှင့်တမျိုးဆီလှနေကြသည် လင်းလှေကားပေါ်ကတရွေ့ရွေ့ဆင်းလာသည်ကို စင်ယော် ကြည့်ပြီးငေးသွားသည်..လင်း အနားရောက်လာသည်ကိုတောင်မသိငေးနေမိသည် လင်းက စင်ယော် မျက်နာ အနား လက်ကာ လိုက်မှ စင်ယော် အရှက် ပြေ ချောင်းဟန့်လိုက်သည်..
"အဟမ်း...နင်ဒီနေ့သိပ်လှနေတယ်"

"ဟဲ့ ငါလှတာသိတယ် သွားမယ်လာ နင်ဘဲနောက်ကျနေပြီဆိုပြီးတော့"

"လင်း မနက်စာ မစားတော့ဘူးလား "

"တော်ပြီစင်ယော်ရာ သွားမယ်ဆိုနေနင်ဘဲပြီးရင်နောက်ကျလို့ဆိုပြီးပွစိပွစိမပြောနဲ့.."

"သဘောဟေ့ သဘော သွားမယ်.."

လင်းက uni ကိုကိုယ်ပိုင်ကားနှင့်သွားမှာမို့လို့စင်ယော်ကလင်းနဲ့အတူလိုက်သည်..စင်ယော်မှာလဲcarရှိပါသည်သို့ပေမဲ့ လင်းနဲ့သာ သွားလိုသည် ဘာလို့လဲဆိုတော့ လင်းအနားမှာရှိချင်လို့သာရယ်..ဒီလိုနဲ့uniသို့ရောက်လာသည်..လင်းက

"Wow...စင်ယော်ကြည့်စမ်း..ငါတို့uniမှာအချောအလှတွေရှိမယ်လို့ငါမသိခဲ့ဘူးချောလိုက်တာဟာ..ကောင်မလေးတွေများ ဖြူဖြူသေးသေးလေးတွေ.."

ဟုဆိုကာငမ်းကြောထနေသည်

"ဟဲ့လင်း အဲ့လောက်ငမ်းမနေပါနဲ့ဟာ..နင်လဲမိန်းခလေးဆိုတာသတိရဦး.."

"အေးပါ..ငါသိပါတယ်.."

လင်းနဲ့ စင်ယော်က မေဂျာတူတော့ တခန်းထဲထိုင်ကြသည်...အခန်းတံခါးနီးသောနေရာတွင် လင်းနဲ့စင်ယော်ထိုင်နေသည် ဒီလိုနဲ့စာသင်ချိန်တချိန်ပြီးတချိန်ကုန်လွန်သွားတော့သည်..ပြန်ခါနီး..လင်း နဲ့ စင်ယော်တို့ ကားထဲသို့ဝင်လိုက်သည် ရုတ်တရက်လင်းက

"စင်ယော်ငါ့ph အတန်းထဲမှာကျန်ခဲ့လားမသိဘူး"

"ဟမ်..သွားယူလေငါစောင့်နေမယ်"

"အေးခနနော်" ဟုဆိုကာလင်း ကားအပြင်သို့ပြေးထွက်ခဲ့သည် အတန်းနားရောက်ခံနီး လင်းပြေးလာတဲ့အရှိန်နဲ့ ကောင်မလေး တစ်ယောက်အားဝင်တိုက်မိပြီး..ဖတ်လိုက်သလိုဖြစ်သွားသည် ထိုကောင်မလေးကိုလင်းငေးမိသွားသည်..linn ' mind လှလိုက်တာ..နတ်သမီးလေးလိုဘဲ မဟုတ်ဘူး လှတယ်ဆိုတာထပ်ကိုပိုတယ်..ဘယ်လိုကြည့်ကြည့် စွဲလမ်းစေမဲ့ရုပ်မျိုး မြင်တဲ့သူတိုင်းချစ်သွားစေမဲ့ရုပ်မျိုး..ဆံပင်ကလည်းခါးလယ်တောင်..ချစ်စရာကောင်းလိုက်တာ ထိုသို့တွေးနေစဉ်မှာ..လင်း ရှေ့က ကောင်မလေးက

"ဟိတ်..ဒီမှာ..ကြားရဲ့လား..ခေါ်နေတာကို"

ထိုအခါမှလင်းသတိဝင်တော့သည်

"ဟမ်.."
လင်းရှေ့ကကောင်မလေးက
"မင်းဘယ်လိုပြေးလာတာလဲနောက်ကကျားလိုက်လာလို့လား..လူတစ်ယောက်လုံးသွားနေတာမမြင်ဘူးလား.."

လင်းက" ချစ်ဖို့ကောင်းသလောက်စွာလိုက်တာ" ဟုစိတ်ထဲကပြောလိုက်သည်

"လင်းတောင်းပန်ပါတယ်..ဟို..အတန်းထဲမှာphကကျန်ခဲ့တော့လေ..စ်ိတ်လောသွားလို့.."

ထိုသ်ို့ပြောလိုက်မှရန်တွေ့နေတဲ့ကောင်မလေးမျက်နာကပြုံးကောင်သမ်းကာ...

"ရပါတယ်..တို့လည်းရုတ်တရက်ကြီးအားနဲ့ဝင်တိုက်တော့လန့်ပြီးအော်မိတာ.."ဟုဆိုကာပြုံးပြ၍ ထွက်သွားသည်..လင်း သူ့ရဲ့ အပြုံးကိုငေးကြည့်မိသည် ပြီးခါမှ..

"ဟာ..လင်းရာ..ညံ့လိုက်တာနာမည်လေးတောင်မမေးလိုက်ရဘူး..သူ့အပြုံးမှာမျောမိသွားတယ်.."

ထို့နောက်လင်းလဲအတန်းထဲကphယူကာ ကားဝန်းထဲရှိမိမိကားထဲပြန်ဝင်လိုက်သည်..ကားထဲရောက်တော့စင်ယော်က

"လင်းရယ်..ကြာလိုက်တာphလေးတစ်ခါသွားယူတာက်ို.."

"အေးဟာ..လမ်းမှာကောင်မလေးတစ်ယောက်ကိုဝင်တိုက်မိလို့တောင်းပန်နေတာ.."

"ဘာရယ်..နင်ကတောင်းပန်တယ်"

တအံ့တသြနဲ့စင်ယော်မေးလိုက်သည်ဟုတ်သည်လင်းကတော်ရုံလောက်နဲ့တောင်းပန်တဲ့အထဲမှာမပါထို့နောက်လင်းပါးစပ်ကထွက်လာတဲ့စကားကြောင့်စင်ယော်ငြိမ်ကြသွားသည်

"အဲ့ကောင်မလေးကတော်တော်လှတယ်..ငါလိုက်ရမယ့်လူတွေ့ပြီနဲ့တူတယ်..."

ထိုသ်ို့ပြောပြီးလင်းကားဝန်းထဲကကားမောင်းထွက်ခဲ့သည်တစ်လမ်းလုံးစင်ယော်နဲ့လင်းကြားစကားတွေတိတ်ဆိတ်နေခဲ့...

T..b..C..

သူ႔ကိုမွ..(completed)Donde viven las historias. Descúbrelo ahora