Unicode
ရှောင်းနိုင်ငံမှာမင်းသား၉ယောက်၊သမီးတော် ၆ယောက်ရှိတယ်။
ပထမဆုံးသားတော်အိမ်ရှေ့စံ ရှောင်းချိုထင်က မာနကြီးပြီးမောက်မာမူမှာ နာမည်ကြီးပြီး သူများသွေးထိုးယုံလွယ်တတ်သည်။
ဒုတိယမင်းသားရှောင်းလင်းယန်က ဘာကိုမဆို ဘာမှစိတ်မဝင်စားတတ်သလိုနေပေမယ့် လောကမှာသူမသိတာမရှိ အကုန်သိနေတတ်ပြီး တခြားသူတွေအမြင်မှာတော့ သူက ငတုံးသာသာ သာနေတတ်တယ်။ဒါပေမယ့် သူ့မှာ အချစ်ဆုံးညီငယ်လေးဖြစ်တဲ့ ကျိုတိလေးဆိုရင် သူဘဝအတွက် ရတနာလေးလိုပဲ တန်ဖိုးထားတယ်။
တတိယမင်းသားရှောင်းဖန်ရီ.. စစ်တိုက်ရတာ ဝါသနာတစ်ရက်လိုပဲ အမြဲတမ်းစစ်တိုက်ဖို့ပဲ ကြံစနေတတ်တယ်
မင်းသားလေးရှောင်းကျစ်မင်ကတော့ အပွေဇယားတွေနဲ့ခြေရှုပ်နေတတ်ပြီးအချောအလှလေးတစ်ယောက်နဲ့ အမြဲတွေ့ရတတ်တယ်
မင်းသမီး၅ရှောင်းနန်းရင်....အလွန်တရာချောတယ်ဆိုပြီးခုနှစ်ပြည်ထောင်နာမည်ကြီးတယ် တစ်လောကလုံးသူနဲ့တူတန်တဲ့သူမရှိလောက်ဘူးဆိုပြီးဘဝင်ကိုင်နေသူ။သူအမြင်ကတ်ဆုံးကတော့ မင်းသား၉ပဲ ယောကျာ်းဖြစ်ပြီး သူနဲ့အရာရာတိုင်းအယှဥ်ခံတိုင်း သူရှုံးတတ်တာမို့ မင်းသား၉ကို အသေမုန်းသူဖြစ်တယ်
မင်းသား၆ရှောင်းကျန်းစီကညဏ်နီညဏ်နက်များပြီး အကြံကြီးကာအမြဲတမ်းတခုခုကို ကြံနေတတ်တယ်အကောက်ကြံတာဆိုပိုမုန်လိမ့်မယ်။
ကဲပါ....နောက်ထပ်မင်းသားမင်းသမီးတွေကိုတော့နောက်မှပြောပြတော့မယ် ဒီနေ့ပြောချင်တာက မင်းသား၉ အကြောင်းပဲ
မင်းသား၉ကတော့ အရမ်းကိုမှပဲ လှတယ်လို့ပြောရအောင်ကို မိန်းမအလှလို ထိုင်ကြည့်နေချင်အောင် ချောလွန်းတယ်လို့ ပြောကြတယ် အတီးအမှုတ်အကနဲ့အချက်အပြုတ်ကလည်းတတ်ပြီး ကောတစ်ယောက်မို့ ကလေးတောင်ယူရင်ယူနိုင်သေးတယ်လို့ ပြောကြတယ်၊သူကို မွေးထားတဲ့ ဘုရင့် ကြင်ယာတော်ကျန့်ရင်ကလည်း ကောတစ်ယောက်ပဲလေ။ ကြင်ယာတော်ကျန့်ရင်က သူ့သားကို အရမ်းချစ်သလို သူ့သားကလည်း သူ့ဆို အရမ်းချစ်တယ်တဲ့။ ဘုရင်ကြီးကတော့... သူတို့ကို သိပ်မကြည်တဲ့ အထဲမှာပါတယ်။တချို့သောသွေးထိုးသူတွေ စကားကြောင့်ပေါ့။ ဒါပေမယ့် ဘုရင်က သူတို့နှစ်ယောက်ကိုတော့ဘယ်သူကမှအနိုင်မကျင့်နိုင်အောင် ကာကွယ်တော့ ပေးတတ်ပါတယ်။ စိတ်ကောင်းလေးနည်းနည်းရှိသေးတယ်ပေါ့။
ဘုရင်ကြီးက တိုင်းပြည်ရဲ့အရေးတွေကိုတော့ အိမ်ရှေ့စံကို စီမံအုပ်ချုပ်ခိုင်းထားတယ်။ သူဝင်မပါတာများတယ်။
.........
ပြသနာက အဲ့မှာစတော့တာပါပဲ၊
ခုနန်းတွင်းညီလာခံမှာ
စစ်တိုက်တာ ဝါသနာပါတဲ့ မင်းသား၃က အိမ်ရှေ့စံကိုသွေးထိုးတယ်
![](https://img.wattpad.com/cover/230134454-288-k313316.jpg)
BẠN ĐANG ĐỌC
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Fanfictionမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode