Unicode
ဘုရင်တစ်ယောက်ဖြစ်တဲ့နေ့မှာပဲ သူ့ဘဝကြီးမှာအရေးပါဆုံးလူသားတစ်ယောက်က ထွက်သွားတော့မယ့်အကြောင်းအရာက ရင်နာစရာကောင်းပါတယ်။သူရဲ့သံယောဇဥ်ထားခဲ့စရာ အစ်ကိုတော်ကလည်း မရှိတော့သလို၊ သူချစ်ရဆုံးလို့မှတ်ယူမိတဲ့ သူကလည်း သူ့အနားကနေ ထွက်သွားတော့မယ်တဲ့။သူ့ဆီမှာ ဘာမှမရှိသလို ဖြစ်လာမိလို့ နောက်ဆုံး ကြိုးတစ်မျှင်လေးအဖြစ်နဲ့ သူငယ်ချင်းလုပ်ပေးပါလား ဆိုခဲ့ခြင်းမှ သူချည်တုတ်ပြီးတော့ ခဏလေးဖြစ်ဖြစ်လောက်တော့ ဆွဲလို့ ထားနိုင်ကောင်းပါရဲ့နော်။အဲ့လိုမှမဟုတ်ရင် ရင်ပူလွန်းလို့ သူရူးလို့သွားမလားတောင်ထင်မိတယ်။
"ရှောင်းကျန့်ဖြေလေကွာ၊အချိန်မရှိပါဘူးဆို"
"ဘာဖြစ်လို့လောနေတာလည်း ဖြေမှာပေါ့။အချိန်ကကောဘာလို့မရှိရမှာလည်း"
"မင်းစဥ်းစားနေတာကြာနေတာနဲ့ မင်းနဲ့ လုပ်ဖို့ အချိန်တွေ မလုံလောက်ပဲနေမှာဆိုလို့"
"ဘာလုပ်မယ်။မင်းနဲ့ ငါဘာလုပ်မယ်!!"
မျက်လုံးလေးပြူးပြီးသူ့ကိုမေးနေတဲ့ သူကဘာကိုတွေးလို့ တွေးမှန်းမသိ
"မင်းနဲ့ သူငယ်ချင်းလုပ်မယ့်အချိန် နည်းသွားမှာဆိုးလို့ပြောနေတာ။ဘာတွေ လျှောက်တွေးနေပြန်တာလည်း"
"ဘာကို တွေးရမှာလည်း ဘာမှမတွေးပါဘူး။မင်းသာစကားကိုရှင်းရှင်းလင်းလင်းပြော။ကဲထားပါ စကားအကောင်း ပြောမလို့ကို။ ငါက မင်းကို အဲ့ဘုရင်တွေ ဘာတွေမခေါ်ချင်ပါဘူး မခေါ်ရတော့ ပိုကောင်းတာပေါ့။ငါအစထဲက စိတ်မဆိုးမိပါဘူး။ဒီလိုပဲမင်းမခေါ်ချင်မပြောချင်ဘူးထင်လို့ဝေးဝေးနေပေးရုံပါ။နောက်ပြီး ငါလည်းတကယ်ပြန်သင့်နေပြီလေ အိမ်ကလူတွေစိတ်ပူနေတော့မယ်။မင်းတို့နဲ့ ငါလိုက်လာတာလနဲ့ချီကြာနေပြီ။ ခုမင်းက ငါ့သူငယ်ချင်းလုပ်မယ်ဆိုတော့ ဝမ်းသာတယ်။ အနည်းဆုံး အရင်လိုငါကမင်းရဲ့စစ်သားမလုပ်ရတော့ဘူးပေါ့။ဒါပေမယ့် တစ်ခုရှိတယ်။ အဲ့ဒါကို လုပ်ပေးမယ်ပြောမှ ခုကစပြီး မင်းနဲ့ငါသူငယ်ချင်းဖြစ်ပြီမှတ်လိုက်"
BINABASA MO ANG
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Fanfictionမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode