Unicode
မနက်မိုးလင်းမှန်းမသိနိုင်လောက်အောင် အိပ်လို့ကောင်းနေခဲ့တယ်။ ဒါပေမယ့်ကောင်လေးထက်အရင်စောနိုးမှဖြစ်မယ်။သူဖက်အိပ်ပေးထားမသိအောင်တကယ်ဆို သူမထချင်သေးဘူး သူ့တသက်နဲ့တစ်ကိုယ် ဒီလို နွေးနွေးမူနဲ့အရာအားလုံးကို ပိုင်ဆိုင်ထားရသလို အားရနေကျေနပ်မူနဲ့အတူ အိပ်စက်နေရခြင်းဟာ ခုမှ သူစခံစားဖူးတာဖြစ်တယ်။ဒါကြောင့် သူဒီကောင်လေးသာသူအနားမှာသာရှိရင် ပြည့်စုံမူတွေကဒီထက်မကတိုးပြီးပဲလာလိမ့်မယ်လို့ ယုံကြည်တယ်။အဲ့ဒီတော့ သူအတ္တဆန်စွာနဲ့ပဲ ဆုံးဖြတ်လိုက်တယ်။ သေသေရှင်ရှင် သူနဲ့ပဲ နေ့တိုင်း ဖြတ်သန်းပေးရမယ်။ သူ့ရဲ့ ဘဝမှာ ပထမဆုံးလိုချင်လာတဲ့ အရာလေးဟာ ဒီလူ သားလေးပဲဖြစ်လိမ့်မယ်ပြန်ချင်နေမှန်းသိနေတာတောင် သူဖမ်းဆုတ်ထားချင်သေးတယ်။ ခွင့်လွှတ်ပါလို့မတောင်းဆိုရသလို ထွက်သွားလို့ဆိုရအောင် မရင်းနှီးတဲ့ဆက်ဆံမူမဖြစ်စေပဲ၊အတူတူပဲနေချင်တယ်ဆိုတဲ့စကားဖြစ်လာတဲ့အထိသူကြိုးစားမယ်ဘာပေးဆပ်မူပဲ လုပ်ရလုပ်ရ
"အိမ်ရှေ့စံ နိုးလာပြီလား?ကျွန်တော်တို့ ခရီးစထွက်လို့ရပြီ"
သူကို စုရုံးလို့ စောင့်နေတဲ့ တပည့်ငါးယောက်ကိုခေါင်းညိတ်ပြလိုက်တယ်၊ပြီးကာမှသူပြောစရာရှိတာဆက်ပြောလိုက်တယ်
"အင်း...ဟိုကောင်လေးပါ ငါတို့နဲ့ အတူတူခေါ်သွားမယ်။သူ့အတွက်ပါတခါတည်းစီစဥ်ထားလိုက်"
မျက်လုံးပြူးလေးနဲ့ သူ့ဆရာသခင် စကားကို ထူးဆန်းတယ်လို့ ခံစားရပေမယ့်နာခံတတ်တဲ့ အကျင့်တွေကြောင့်ခေါင်းတွေပြန်ညိတ်ပြကြတယ်
"အဲ့ကောင်လေးရဲ့ အဖြေတွေက မရေရာဘူးဆိုတော့ အနီးကပ်စောင့်ကြည့်ရမယ်၊ဘာကြံနေလည်းဆိုတာသိရအောင်၊သူ့နေရပ်၊ ဆရာဆိုတာတွေကတမင်ဖန်တီးလို့ရတာပဲကို၊ငါတို့
သူ့ကို ဒီတိုင်းပဲလွှတ်ပေးလိုက်လို့ သူကအကြံ သမားဆို ငါတို့သတင်းပေါက်ကြားနိုင်တယ်။ အဲ့တော့သူ့ကိုအနားမှာပဲ ခေါ်ထားမှရမယ်""သတ်လိုက်ရင်ကော?"
"ကျန်းချန်..မင်းကတော့လေ အကယ်၍သူက တကယ်လူကောင်းဆိုငါတို့ကအပြစ်မရှိသူကို သတ်သလို ဖြစ်သွားမှာပေါ့ကွ"
VOCÊ ESTÁ LENDO
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Fanficမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode