Unicode
ဆရာသမားထိုင်လိုက်တာနှင့် အနားပြေးကပ်တဲ့သူကတော့ လျန်ယဲ့ပင်။
"သခင်လေးအခြေအနေက?"
"ငါလိုဆရာသမား တစ်ယောက်လုံးရှိနေတာ သူကဘာဖြစ်နိုင်မှာမို့လို့လဲ။ဒါတောင် ငါစိတ်ထင်နေလို့မုယွင်နဲ့( နေရာမရွေးကိုလှမ်းကြည့်နိုင်တဲ့ ကြေးမှုံ)လှမ်းကြည့်မိပေလို့ပေါ့။ ရှင်းရီ (ဆရာသမားရဲ့တပည့်သားလေး ဇာမဏီငုက် ရှင်းရီ)ကိုလွှတ်မိလို့ပေါ့။နို့မို့ဆိုအခြေအနေက မထင်ရက်စရာတွေဖြစ်လာနိုင်တယ်။
ဒီကောင်လေးဘာတွေလျှောက်လုပ်နေမှန်းကို မသိဘူး။ငါကသူ့ကို ဒီအတိုင်းလွှတ်ထားမယ်များထင်နေလားမသိဘူး။ဒီတပည့်လေးတစ်ယောက်ရှိပါတယ်။ငါ့မှာ အေးအေးဆေးဆေးမနေရဘူး။ငါဆေးတော့ထည့်ပေးထားတယ်။မကြာခင်တော့သက်သာလာမှာပါ။အဲ့လိုတွေ ဖြစ်လာလိမ့်မယ်မှန်း သိလို့ကို ဝမ်ဘုရင်နဲ့ မပက်သက်စေချင်တာ။ခုတော့ဖြစ်လာပြီလေ။နောက်ထပ်မဖြစ်ဖို့ပဲမျှော်လင့်ရမှာပဲ။လျန်ယဲ့ ဟိုနှစ်ကောင်ကို ဒီအတိုင်းပစ်ထားလိုက်။ သူတီု့ သခင်နိုးလာမှ သူတို့ဘာသာ ထလာလိမ့်မယ်။အော်ဒါနဲ့မင်းသား၂ကိုကြိုပြီးပြောထားချင်ပါတယ်။ရှောင်းလေးနိုးလာရင်ဖိအားဖြစ်စေတဲ့လုပ်ရက်တွေသူ့အပေါ် မလုပ်မိပါစေနဲ့။ငါဆေးပေးခဲ့မယ်။ သူ့ကို အချိန်မှန်မှန်တိုက်ပေးလိုက်ဟုတ်ပြီလား? အဲ့ဒါဆို ငါပြန်တော့မယ်""ခဏလေး ခဏလေးပါ ဆရာဦးလေး!"
ထွက်သွားတော့မယ့်ဆရာသမားကို လှမ်းလို့ တားသူကတော့ မင်းသား ၂ ပင်။
"ဘာတောင်းဆိုချင်လို့လဲ။ပြောပါ။ငါလုပ်ပေးနိုင်တာဆို လုပ်ပေးပါ့မယ်"
"ရှောင်းကျန့်ရဲ့ မှတ်ညဏ်ထဲက ဝမ်ဘုရင်ကို ထုတ်ပေးပါ။ ခုတောင် သူအဲ့လိုလုပ်ရက်မျိုးလုပ်ခဲ့တာ ဘာအဓိပ္ပါယ်လည်းဆိုတာ ဆရာဦးလေးလည်း သိလောက်မှာပါ။ သူသတိပြန်ရလာရင်တောင်မှ ဒီစိတ်ကို သူခံနိုင်ရည်ရှိပါ့မလားဆိုတာ မသိနိုင်လို့ သူ့ရဲ့ စိတ်ထဲက ရှိနေတဲ့ ဝမ်ဘုရင်ကို ဆွဲထုတ်ပေးပါ။သူ့ကို အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်ပဲ မြင်ချင်ပါတယ်။ကျွန်တော့်ကိုအဲ့ဒါလေးတစ်ခုတော့ ကူညီပေးပါ။"
CZYTASZ
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Fanfictionမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode