10 part. So beautiful

4.9K 445 3
                                    

Unicode

အချိန်တွေက ကြာလာလေ မကောင်းလေပဲ။
အိမ့်ရှေ့စံက သူ့ကို စိတ်မချလို့ အမြဲတမ်းသူ့ဘေးနားမှာ ထားအိပ်တယ်။သူ့မှာ ထွက်ပြေးဖို့ နေနေသာသာ အပေါ့အပါးသွားတာတောင် အလွတ်မပေးပဲသူ့နောက် တကောက်ကောက် လိုက်နေလို့ အိမ်ရှေ့စံကပဲ သူ့အကြွေးရှင် ကြနေတာပဲ။တော်တော်စိတ်ပျက်ဖို့ကောင်းတယ်ဟိုစဥ်းစားဒီစဥ်းစားနဲ့ နောက်ဆုံး သူဆုံးဖြတ်လိုက်မိတာက မနက်ဖြန်ရအောင်ထွက်ပြေးရမယ် သူ့နိုင်ငံကို အမြန်ပြန်မှ ဖြစ်မယ်။

မနက်ဝေလီဝေလင်း အချိန်မှာ ရှောင်းကျန့်နိုးလာတော့အိမ်ရှေ့စံသူ့အတွက် မျက်နှာသစ်ဖို့ အဆင်သင့်လုပ်ပေးထားတယ်။ဒါသူကိုစဖမ်းလာတည်းကိုက အိမ်ရှေ့စံက လုပ်ပေးနေကြ၊ပြောပါတယ်ဆို သူ့နောက်တကောက်ကောက်လိုက်ရုံမက သူ့ဝေယျာဝစ္စလည်း အကုန်လုပ် ပေးတယ်။ တော်တော်ကောင်းတဲ့အကြွေးရှင်ပေါ့(ရှောင်းကျန့်ဆီက ဘာရစရာရှိလည်းလို့ စဥ်းစားမိရင် အမှောင်ကားထဲ ရောက်သွားမှာဆိုးလို့ မစဥ်းစားသေးဘူးနော်)

"မင်းငါ့ကိုအဲ့လောက်လုပ်ပေးစရာမလိုပါဘူးငါ့ဘာသာလုပ်နိုင်ပါတယ်လို့ဘယ်နှစ်ခါပြောပြနေရအုံးမှာလည်း ဝမ်ရိပေါ်"

"ငါကလည်း ငါလုပ်ပေးချင်လို့လို့ ဘယ်နှစ်ခါပြန်ဖြေပေးနေရအုံးမှာလည်းရှောင်းကျန့်"

"ကျွတ်!!မင်းလို အိမ်ရှေ့စံက ငါ့ကို အဲ့လိုတွေ လုပ်ပေးနေတာသာ မင်းစစ်သူကြီးတွေသိရင် မကောင်းဘူးလေကွာ"

"သိတယ် စိုးရိမ်မနေနဲ့ ငါ့ဝေယျာဝိစ္စတွေလုပ်ပေးရတိုင်း မင်းအတွက်ပါတစ်ခါတည်းပါပြီးသားမို့ သူတို့က သိပြီးသား "

"အဲ့ဒါကြောင့်မလုပ်ပေးနဲ့လို့ ငါအားနာတယ်။ပြီးတော့ ဒီလို ကိစ္စတွေက ငါတို့ကြားမှာ လုပ်ပေးသင့်တဲ့ကိစ္စတွေမဟုတ်ဘူးလို့တော့ ငါကထင်တာပဲ၊ငါကမင်းဖမ်းလာတဲ့သူ၊မယုံကြည်လို့စောင့်ကြည့်မယ်ဆိုပြီး ခေါ်ခံလာခဲ့ရတဲ့သူ အဲ့လိုလုပ်ပေးဖို့မထိုက်တန်ပါဘူး။ နောက်ပြီး မင်းက အိမ်ရှေ့စံ  ငါလိုလူကို ပြန်ပြုစုပေးနေတာကို မင်းတပည့်တွေသိကုန်တာက   ရှက်ဖို့ကောင်းတယ် မဟုတ်ဘူးလား?။ မင်းကော မရှက်ဘူးလား?

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ