56 Part. We are love (Final)

8.5K 440 26
                                    

Unicode

ရှောင်းကျန်ံ့တစ်ယောက် မသိစိတ်က အမည်တစ်ခုကို ရွတ်ဆိုလိုက်ရုံသာမက ထိုသူရဲ့ရင်ကို စိုက်ဝင်သွားတော့မယ့်ဓါးကိုလက်နဲ့ ဆုတ်ကိုင်တားဆီးနေမိသည်အထိ။သူ့ရဲ့တားဆီးမူကြောင့် အဆုံးစွန်ထိစိုက်ဝင်တော့မယ်ဓါးဟာ ရင်ဘက်ထဲသို့ ထိုးမိရုံလေးသာ ထိုးမိလျက်ရှိ​လေသည်။အပေါ်ယံသာ ထိုးမိရုံလောက်သာရှိသော ဝမ်ဘုရင်ထံကဒဏ်ရာကကျတဲ့ သွေးထက် ရှောင်းကျန့်ဆုတ်ကိုင်ထားတဲ့ လက်က ကျတဲ့သွေးကပိုလို့များပေသည်။ဒါတောင်မှ ရှောင်းကျန့်အစွမ်းအားနဲ့တားဆီး​​ခြင်းပေမယ့် ဝမ်ဘုရင်အားကပိုမှားသွားလို့ဒီလို ထိရောက်သွားခြင်ဖြစ်ပေလိမ့်မည်။ဝမ်ဘုရင်မှာ ဓါးကို အလျင်အမြန်လွှတ်ချ လိုက်လေတော့သည်။ ​ရှောင်းကျန့် နောက်ကနေ အော် တားလိုက်သံနှင့်ရောက်ရှိလာတဲ့ ချင်ဘုရင်က ဝမ်ဘုရင်ကို တွန်းထုတ်လိုက်​​ပြန်သည်။

စိုးရိမ်မူက ရှောင်းကျန့်ဆီ၌သာ။ဆရာသမားက အလျင်အမြန်ရောက်လာပြီး ဆေးကုပေးခြင်းဖြင့် အနာကို သက်သာအောင် လုပ်ပေးနေလေသည်။ ချင်ဘုရင်ကတော့ မကျေနပ်မူတွေ အပြည့်။

"မင်းသူ့ကိုဒုက္ခပေးလို့မဝသေးလို့ ဒီအထိလာပြီး ထပ်လာပေးတာလားဟမ်။မင်းနည်းနည်းလေးမှသူ့ကိုမသနားဘူး​ပေါ့။မင်းရဲ့ လိုချင်မူအတ္တ မာနတွေနဲ့ ရှောင်းကျန့်ကို ချည်နှောင်ဖို့ ကြိုးစားနေတာတွေကို ရပ်တန့်ပေးလို့မရဘူးလား။ မင်းသာ သူ့ဘက်ကို ကြည့်ပေးမယ်ဆို ဒီလို လုပ်ရပ်တွေ လုပ်နေမှာမဟုတ်ဘူး။မင်းက သူ့ဘဝကို ဘယ်တော့မှပျော်ရွှင်မူပေးနိုင်မှာ မဟုတ်ဘူး။ခုပဲ​ကြည့် မင်းကြောင့် သူထပ်အနာတရဖြစ်ရပြန်ပြီ။ ဒါမင်းရဲ့ သူ့ကို ချစ်တဲ့ အချစ်တဲ့လား။ပြောလေ။ပြောကြည့်။မင်းသူ့ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းခွင့်မပေးနိုင်ဘူးလား?။"

ချင်ဘုရင်က ပြောပြောဆိုဆိုနှင့် ရှောင်းကျန့်အနားပြန်လို့သွားကာ စိုးရိမ်တကြီး မေးမြန်းနေရသည်။ဝမ်ဘုရင်မှာ ထိုအချင်းအရာတွေကို ကြည့်ပြီးစွန့်အဆဲ။

"ကျိုတိ သက်ကောသက်သာရဲ့လား။သူ့ကိုပြန်မှတ်မိနေပြီလား။သူဘယ်သူဆိုတာကို။"

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Where stories live. Discover now