Unicode
"တော်တော်ဆိုးဝါးတဲ့လက်ရာပဲ၊ဗိုက်ဆာတာတောင် ဘာမှန်းမသိတော့ဘူး။ တော်ပြီ မစားတော့ဘူး"
တူကိုစောင့်ချလို့နှုတ်ခမ်းဆူနေတဲ့ရှောင်းကျန့် ကိုသူတို့ကြည့်ပြီး ကိုယ်ပန်းကန်ထဲမှာ ရောက်နေတဲ့ဟင်းတွေသူတို့ မြည်းလိုက်တယ်။ အင်းအရမ်းကြီးမဆိုးပါဘူးလေ။ အရောင်အဆင်းမရှိပေမယ့် အရသာက အကောင်းကြီးမဟုတ်ပေမယ့် ဘယ်လို ပြောရမလည်း စားလို့တော့ရပါတယ်။သူတို့ စစ်ပွဲ သွားရင်တောင် ကြုံရာစားနေခဲ့ရတာ ဒါကသူတို့အတွက်တော့ မဆိုးဘူးလို့ပြောလို့ရတယ်။ဒီနေရာနဲ့ ဒီလိုကတော့ ရှိမှာပဲ၊သူကဂျီးများလွန်းတယ်လို့မှတ်ချက်ချလိုက်ကြတယ်။
"ရှောင်းကျန့် မင်းကလေ ဂျီးကို များလွန်းတာပဲ၊ ဘာမှမဆိုးတဲ့ဒီဟင်းတွေကို မင်းကဘာလို့ မစားနိုင်ရတာလည်း? မင်းတို့ ရှီနယ်ဘက်မှာလည်းဒီလို ဟင်းတွေလောက်ပါပဲ။ အရမ်းမကွာပါဘူးကွာ ငါစားဖူးပါတယ် မင်းကတမင်သက်သက် အပြစ်ရှာချင်တာပဲ"
ကျန်ချန်စကားကြောင့် သူရဲ့ ဒေါသကို သွားစွမိသလို ဖြစ်သွားတယ်
"ငါက တမင်အပြစ်ရှာတယ် ဟုတ်လား ဒီလို ဟင်းကို မင်းကမဆိုးဘူးလို့ ပြောတယ်၊အေးလေဟုတ်မှာပေါ့ ၊မင်းက ဒီလို ဟင်းမျိုးနဲ့ ရှီနယ်က လမ်းမှာတွေ့တဲ့ဆိုင်မှာရှိတဲ့ ဟင်းမျိုးပဲ စားဖူးတဲ့မင်းကစားနိုင်တာပေါ့၊ငါကတော့ ငါ့အိမ်ကစားဖိုမူးနဲ့ငါကိုယ်တိုင်ချက်တဲ့ ဟင်းကလွဲလို့မစားဖူးဘူး။ဒါကြောင့် ဒီအစားအစာတွေ မစားနိုင်ဘူး"
"ဟေ့ကောင်ငါကစစ်သူကြီးကွ ဘုရင့်အခမ်း အနားပွဲတော်အစားစာကိုတောင်စားဖူးတယ် အိမ်ရှေ့စံတောင် ဘာမှမပြောတာ မင်းကိုက ဂျီးများတာက ဂျီးများတာပဲ"
"အဲ့တာတွေလည်းငါချက်သလောက်ကောင်းချင်မှ ကောင်းမှာ"
"မင်းက ဟင်းချက်တတ်တယ် ဟုတ်လား ဟုတ်မှလည်းလုပ်ပါကွာ မင်းပုံနဲ့"
"ရှင်းချန်မင်းကပါ ငါ့ကို မယုံဘူးပေါ့ ကောင်းပြီငါဒီမှာရှိတဲ့အရာတွေနဲ့ပဲသူ့တို့ထက်ကောင်းအောင်ချက်ပြမယ်။ခဏစောင့်"
VOCÊ ESTÁ LENDO
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Fanficမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode