Unicode
"ဒီလောက်ဆိုးတဲ့ ကောင်ကလေးကို အပစ်ပေးမှ ရတော့မယ်"
"ကျွန်တော်က.......ကောင်ကလေးမဟုတ်ဘူးနာမည်ရှိတယ်။ ရှောင်းကျန့် တစ်ကျန့်တည်းရှိတယ်။ နှစ်ကျန့်ရှိလို့ကတော့ ဖြတ်ပစ်မယ်"
"လောလောဆယ်မင်းကို..... ငါအရင်ဖြတ်ပစ်မယ်"✂✂✂✂✂
"ဘာဖြတ်မှာလည်း? လွှတ် အောက်ချပေး ခင်ဗျားအကျင့်မယုတ်နဲ့နော် လွှတ်အောက်..."
အဲ့စကားများတဲ့ ကောင်ကလေးရဲ့ လေကြောကိုဖြတ်ပစ်ဖို့ဆို မေ့သွားအောင် လုပ်မှရမယ်။ ဒါကြောင့်သူသုံးနေကျအိပ်ငွေ့ချနည်းအတိုင်းကောင်လေးနှာခေါင်းနား လေမှုတ်လိုက်တယ်
သူ့ဆီက လေငွေ့တစ်ခုရတာနဲ့ ကောင်လေးက မေ့မောသွားတယ်။သူချီမသွားတော့ ကျန်သူ့တပည့်တွေ့အကုန်ကြည့်နေကြတယ်ထူးဆန်းတယ်အရမ်းထူးဆန်တယ် အိမ်ရှေ့စံက ဘယ်သူ့ကိုမှ အထိခံချင်တာမဟုတ်ဘူးလေ...,.......
"ငါသူ့ကို ငါနဲ့အတူ ဂူထဲခေါ်သွားမယ် မေးစရာလေးတွေနဲ့ စစ်စရာလေးတွေရှိတော့ ၊မနက်ဖြန် ပြန်ကြမယ် အသင့်ပြင်ထားလိုက်"
"ကျွန်တော်တို့ပဲ စစ်မေးလိုက်ရမလား အိမ်ရှေ့စံ ။ ကျွန်တော်တို့လုပ်နေကြဆိုတော့"
စကားကြောရှည်တဲ့ ကျန်းချန်က အဲ့အတိုင်းပဲ အမြဲ အလိုက်ကမ်းဆိုး မသိတတ်လွန်းတယ်။ကျန်တဲ့သူတွေတတောင်နဲ့တွတ်မှ သတိထားမိပြီးမျက်နှာပျက်တယ် ဟုတ်တယ်၊အိမ်ရှေ့စံက မျက်ထောက်နီနဲ့ ကြည့်နေပြီလေ၊အဲ့တော့မှ ပြာပြာသလဲ ထပြီးပြောရှာတယ်
"ကျွန်တော်မျိုးမှားသွားပါတယ်"
အိမ်ရှေ့စံကပွေ့ရက်ကလေးပဲ သူ့ဂူထဲကို ခေါ်သွားတယ်
YOU ARE READING
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Fanfictionမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode