Unicode
တောအုပ်ထဲ ဝင်ဖို့ သစ်ပင်ကြီးတွေနဲ့ ဆူးပင်တွေက ကာယံလို့ထားသည်။လူတစ်ယောက်ဝင်နိုင်ဖို့ဆိုတာတောင်မဖြစ်နိုင်။အရင်ဆုံးဟို အပင်ကြီးနှစ်ပင်နားသွားလိုက်သည်။မှီနေတဲ့သစ်ပင်ကြီးပေါ်က ဖြတ်တက်လို့ရမရကြည့်နေတုန်း အသံတစ်သံကို ကြားလိုက်ရသည်။
"ဘာကိစ္စဒီကို လာပါသလဲကျွန်ပ်တို့လိုချင်တဲ့ အဖြေမှန်ရင် ဝင်ခွင့်ပြုပေးမှာဖြစ်ပါတယ်"
ထိုအသံကတော့ မှီပြီး နေတဲ့သစ်ပင်ဆီကနေ ထွက်လာတဲ့ အသံပင်ဖြစ်သည်။အပင်ကြီးကမှီနေရာကနေ မတ်တက်အနေအထားပြောင်းသွားချိန်မှာတော့သူဘက်ကိုတည့်တည်ကြည့်လို့ လာလေသည်။ အပင် အလယ်လောက်မှာတော့ အခေါင်းပေါက်တစ်ခုနဲ့ အချွန်အတက်တစ်ခုမှာနှာနှင့်ပါးစပ်တို့ကိုရည်ညွှန်းနေသလို သစ်သားခေါက်အတွန့်အတက်တွေကပါးရေတွေမျက်လုံးမှေးထားသလို မျက်နှာပြင်တစ်ခုနယ် ပုံစံကျလို့နေပေသည်။သူအမေးစကားကိုဖြေမှဝင်လို့ရမယ့် ပုံစံရှိနေတော့လည်း ဖြေပေးရမည်ပေါ့။မရရင်တော့တိုက်ပြီးဝင်ရမည်သာ။
"ဘာလို့ဒီကိုလာရတာလည်းဆိုတဲ့အကြောင်းအရင်းကတော့ ကျွန်တော်နဲ့ကျွန်တော့်ချစ်သူအတွက်ပဲ။"
"ဝုန်း...ဝုန်း...ဂျွတ်...ဂျွတ်...ဖလပ်...ဖလပ်..."
ဆူညံံတွေအစီအရီထွက်ပေါ်လာပြီး သစ်ပင်ကြီးတွေကော သစ်ပင်ငယ်တွေပါမကျန် ဆူးပင်တွေကပါ တစ်ရွေ့ရွေ့နဲ့ကိုလှုပ်ရှားလာပြီး တစ်ဖြည်းဖြည်းတစ်ဖက်တစ်ချက်ဆီကို ကပ်လို့တိုးသွားကာခလယ်တည့်တည့်၌ဝင်ပေါက်ပုံသဏ္ဍန်လမ်းပေါက်ဖြစ်လို့သွားတော့သည်။ အခြေအနေကမူလအတိုင်း ပြန်တိတ်ဆိတ်လို့သွားပြန်သည်လေ။ထိုအချိန်ထွက်ပေါ်လာတဲ့ အသံကတော့
"ဖြေဆိုတာမုန်သွားလို့ ဂုဏ်ယူပါတယ်။ဒီထဲကိုမောင်နှမအကြောင်းရင်းနဲ့ပဲဖြစ်ဖြစ်၊ မိဘသားသမီးကြောင့်နဲ့ပဲ ဖြစ်ဖြစ်၊ မိတ်ဆွေတွေကြောင့်ပဲဖြစ်စေဖြစ်စေ၊ချစ်သူနှစ်ဦးအတွက်က လွဲလို့ ဘယ်အကြောင်းအရာနဲ့မှ ဝင်လို့မရပါဘူး။နောက်ထပ်သတိပေးလိုက်ပါတယ်။ ဒီထဲကိုဝင်သွားမိတာနဲ့ကိုမှ စမ်းသပ်ချက်သုံးခုကို ကျော်ဖြတ်ရပါမယ်။အဲ့စမ်းသပ်ချက်တွေအောင်မြင်ရင်တော့ သင်ဟာ ပစ္စည်းကို လက်ဝယ်ရယူပိုင်ဆိုင်နိုင်သူဖြစ်ပြီးပြန်ထွက်ခွာခွင့်ရမှာဖြစ်ပါတယ်။အကယ်၍သာလို့ စမ်းသပ်ချက်တစ်ခုခုမှာကျရှုံးသွားခဲ့ရင်တော့သင်ဟာ ဘယ်လိုအခြေအနေနဲ့မှပြန်လည် ထွက်ခွာခွင့်ရနိုင်မှာ မဟုတ်ပါဘူး။ သင်တကယ်ဆုံးဖြတ်ပြီးရင်တော့ စတင်ဝင်ရောက်သွားလို့ရပါပြီ။ကံကောင်းပါစေ။"

ESTÁS LEYENDO
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Fanficမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode