20 Part. Who is she?⚠

5.2K 398 1
                                    

Unicode

Warning နည်းနည်းပါမှာမို့လို့ အသည်းငယ်ရင် အောက်နား ❌ပြထားတာကနေမဖတ်ပါနဲ့ ဖတ်ရင်းနှလုံးခုန်ရပ်သွားမှာစိုးလို့ပါ😁😁)
ကြိုပြီးသတိပေးထားပါတယ်နော်

............

"မင်းက ဘယ်လိုသိရတာလည်း? ရှောင်းကျန့်"

အိမ်ရှေ့စံရဲ့အမေးစကားကိုအားလုံးကလည်းထောက်ခံတဲ့ပုံစံနဲ့ ရှောင်းကျန့်ကိုပဲ ဝိုင်းကြည့်တယ်။

"ငါပြောဖူးတယ်လေ။ငါသရဲတွေဘာတွေကို ဖမ်းဖူးပါတယ်လို့ မင်းတို့မှ မယုံခဲ့ကြတာ ၊ခုဖြစ်စဥ်ကလည်း အဲ့လို အကြောင်းအရာတွေ
ကဆင်းသက်လာတာပဲ ငါမသိပဲနေမလား"

"ငါတို့ကမယုံဘူးလို့တော့ မဟုတ်ပါဘူး။နည်းနည်း ထူးဆန်းခဲ့ရုံပါ။ အိမ်ရှေ့စံမှာတော့ နတ်ဆရာကြီးပီယဲ့ကအတတ်ပညာမှန်ဟူသမျှကို  သင်ပေးခဲ့တာဆိုတော့တတ်နေတာမဆန်းဘူးလေ။မင်းဆရာဆိုတာ မင်းပြောမှ သိရတာမို့လို့ငါတို့က တကယ် ဟုတ်မဟုတ် ရှိမရှိ ဘယ်သိမှာလည်း"

"ဟုတ်ပါတယ်။ ငါ့ဆရာက နည်းနည်းလေးပဲ သင်ပေးထားတာပါ။အတတ်ပညာလေးတစ်ခု၊နှစ်ခုလောက်​ပေါ့။အဲ့ထဲမှာမှ သရဲဖမ်းတာလည်းပါတယ်လေ"

"မင်းကတစ်ခုနှစ်ခုကော ဟုတ်ရဲ့လား ရှောင်းကျန့်?"

"ဟုတ်ပါတယ်ဝမ်ရိပေါ်ရာ။ မင်းကအမြဲငါ့ဆိုမယုံသလိုနဲ့ မေးပဲမေးနေတာပဲ။တော်တော့ ခုဘာဆက်​ပြီး လုပ်မှာလည်းဆက်ပြီး ဆွေးနွေးကြရအောင်"

"တကယ်လို သူက မကောင်းဆိုးဝါးအားကိုးနဲ့ တိုက်စစ်ဆင်ချင်ရင်တော့ ငါတို့ကိုတော်တော်အထင်သေးရာ  ရောက်တာပေါ့။ငါတို့မှာ အိမ်ရှေ့စံရဲ့ သွေးရှိတာပဲ"

""ဒါပေမယ့် သွေးကို စီရင်မူတွေလုပ်ရအုံးမှာလေ။ငါတို့ကမှမလုပ်တတ်တာအရင်ရွာမှာကသူတို့ဘာသာအစီအရင်တွေရေးဆွဲပြီးပဲ လုပ်သွား​ကြတာလေ။ငါတို့ကသူတို့ကို  ဝိုင်းကူညီခဲ့ကြရုံပဲ။သူတို့အင်းဆွဲနည်းတွေကိုမှငါတို့  မသုံးတတ်တာ။ အဲ့တော့ အိမ်ရှေ့စံသွေးက သန့်စင်လို့စွမ်းစွမ်း ငါတို့မှ အစီအရင် မဆွဲတတ်ရင်မကောင်းဆိုးဝါးမှာ သုံးလို့မရဘူးလေ။အဲ့ရွာသားတွေကိုသွား​ပြီး ရှာဆွဲခိုင်း​ကြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့လိုမျိုးနွယ်စုက သူတို့ကသာ ငါတို့ကို လာရှာနိုင်ပေမယ့် ငါတို့ကသွားရှာလို့မှ မရှာနိုင်တာ"

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Where stories live. Discover now