43 Part. Explain the plan

3.7K 283 1
                                    

Unicode

(ညက သောင်းကျန်းထားသော အဝတ်များအား သိမ်းလို့နေတဲ့ ဝမ်ဘုရင်နဲ့ အပျင်းကြီးအိပ်နေတဲ့ တို့ကျိုကောလေး)

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

(ညက သောင်းကျန်းထားသော အဝတ်များအား သိမ်းလို့နေတဲ့ ဝမ်ဘုရင်နဲ့ အပျင်းကြီးအိပ်နေတဲ့ တို့ကျိုကောလေး)
..............

မနက် နိုးထလာချိန်မှာတော့ ရှောင်းကျန့်တစ်ယောက်ဗိုက်ကဟာပြီး ဆာလို့သာလာတယ်။ပုံမှန်မဟုတ်တဲ့ဒီဆက်ဆံချင်းတွေမှာကဆရာပြောခဲ့တာအမှန်ပါပဲ။အောက်ပိုင်းမှနာကျင်မူက အရမ်းကြီးမပြသလို သူတောင်ပိုလန်းနေသေးတယ်။ဒါဟို မိစ္ဆာမ စနက်။အဲ့ဒိမိစ္ဆာမကို သွားပြီးတော့သာ အမှုန့်ပဲကြိတ်ပစ်ချင်တော့တယ်။အဲ့ဒါမှန်းသိရင်သူလျန်ယဲ့ကိုအာ့ကောဆီမလွှတ်လိုက်ပါဘူး။ ဆေးဗူးကို လျန်ယဲ့ကို အမြန်လာပေးခိုင်းလို့ရတယ်။ ဝမ်စွေ့ကတော့ သွားမပို့မှာသေချာတယ်။ဒါလေးခိုင်းရမလားဆိုပြီး။ခုတော့ပဲကြည့် သူဘဝလေး ဝမ်ရိပေါ်လက်ထဲ စိစိညက်ညက်ကို ကြေလို့နေတာပဲ။တော်ရုံသာဆိုရင်ဒီပုံစံနဲ့ဆက်ဆံမိလို့ကတော့ တစ်ပတ်လောက်တောင် အိပ်ယာမထနိုင်ပဲရှိလိမ့်မယ်။ခုတော့က ဟိုမိစ္ဆာမရဲ့အနာပေးရင်း ဆေးပေးရင်းဆိုသလိုသူ့မှာနာဟန်ပြဖို့ နေနေ သာသာလျှက်လျှက်တောင်ထလို့ရနေတယ်။ဒါဖြေဆေးပေါင်းဆက်မူနေရလာတဲ့ အကျိုး အမြတ်ပဲ ဖြစ်မှာပေါ့။ ငါလေ မနာကျင်ပြနိုင်ပဲအားအပြည့်နေတာက ရလဒ်ကောင်းလားမကောင်းလားတော့ မသိဘူး လောလောဆယ် ပြသနာက သူဆေးသောက်ထားမှ ဖြစ်မယ်။ဆရာပေးထားခဲ့တဲ့တဲ့ဆေးကိုအ​မြန် သောက်ထားမှ နောက်ထပ်ပြသနာ ထပ်မပေါ်လာမှာ။
ဆရာ(shifu)ရယ် အဲ့လိုများကြို ​ပြီးသိ​​နေလဲတပည့်လေးကိုကြိုပြောပြခဲ့ရင်ဒီတပည့်လေး အဲ့လောက် အဖြစ်ဆိုးမှာ မဟုတ်ဘူး။ ဟို နန်းရင်မကို ဂုတ်ကိုင်ရိုက်ပြီးတော့ပဲ ဝမ်စွေ့ကို ဒီအရောက်ပို့ခိုင်းလိုက်ပါတယ်​လေ။ခုသူ့ခမျာအပျိုရည်ပျက်။ အာမဟုတ်ပါဘူး။လူပျိုရည်လေးတော့ပျက်သွားရ​လေပြီ။ ဘယ်လိုလုပ်မလည်း။အာ့ကောက ဘာပဲဖြစ်ဖြစ်လက်ခံမယ်လို့ ပြောပေမယ့် မတရားရာကျမယ်လေ။အာ့ကောကို အနာအဆာတွေနဲ့ မပေးအပ်ချင်ပါ။ သူ့အတွက်က လိပ်ပြာမလုံသလို ခံစားရမယ်လေ။သူ ခေါင်းကုတ်လိုက် စဉ်းစားလိုက်လုပ်နေရတယ်။အကြံ ထုတ်ရမှာပဲလေ ဒီထဲကနေ အရင်ထွက်ရအောင် လုပ်ရမှာပေါ့။ ရှပ်ရှပ်ဆိုတဲ့ခြေသံကြားတာနဲ့ သူမှာ အမြန်ပင် လှုပ်ရှားရတော့တယ်။

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Dove le storie prendono vita. Scoprilo ora