7 Part. Good bye my brother

5.2K 491 1
                                    

Unicode

နှစ်ရက်နဲ့ နန်းတော်ကို  ခရီးနှင်လာခဲ့ပေမယ့် သူတို့က နန်းတွင်းထဲကို အတိအလင်းဝင်မှာ မဟုတ်ဘူး။ခိုးပြီး ဘုရင်ကို ဝင်တွေ့ကြမှာ

"ကဲအားလုံးသတိနဲ့နေ စောင့်ကြည့်နေတဲ့ သူတွေမရိပ်မိအောင် ဝင်ရမှာဆိုတော် လူအများကြီးသွားလို့မရဘူး။ ရှီးချန်၊ ရွှယ်ယမ် မင်းတို့ နှစ်ယောက်လိုက်ခဲ့ ရှောင်းကျန့်ကော"

"ကျွန်တော်ကဘာလို့လိုက်ရမှာလည်းမလိုက်ချင်ဘူး။  မိုင်ထောင်ချီဝေးတဲ့ခရီးကို နှစ်ရက်တည်းနဲ့ လာရသေးတယ်ခုလည်းအပြင်လိုက် ရအုံးမယ်။မရဘူးပင်ပန်းတယ်။ နားချင်သေးတယ်။ဒီမှာပဲ ဝမ့်နင်တို့နဲ့နေခဲ့မယ်လေ"

"မရဘူးလိုက်ဆိုလိုက်ရမယ်။မင်းကိုစိတ်မချရဘူး"

"ထွက်မပြေးပါဘူး ဒီမှာပဲနေခဲ့မယ်နော်..... နော်လို့ နော်...နော်"

ဟုတ်တယ်မင်းငါ့ဆီကနေအပြီးထွက်ပြေးမှာကြောက်နေခဲ့လို့ပဲ။ ခုလိုကလေးတစ်ယောက်လို့  နှုတ်ခမ်းလေးထော် အိမ်​​ရှေ့စံလက်လေးဆွဲလှုပ်ကာ  မလိုက်ချင်ဘူးလို့  တီတီတာတာပြောနေတဲ့ ရှောင်းကျန့်က  ကလေးလိုလည်း ပြုမူတတ်သေးတာတယ်။ ငါကခေါင်းတောင်ယောင်​ပြီးညိတ်မိတော့မလို့ကွ၊မင်းအပြုအမူတွေမှာကျရှုံးမိတော့မလို့ မဖြစ်ပါဘူး။ဒီအပြု အမူတခုလေးကိုညွှန့်ပြီးခွင့်ပြုလိုက်ရင် ထွက် ပြေးသွားကာမှ ရှောင်းကျန့်ရဲ့နောက်ထပ်ဒီလို ချစ်ဖို့ကောင်းတဲ့အပြုအမူတွေကိုမမြင်ရပဲ​နေ နေရအုံးမယ် စိတ်ထိန်း စိတ်ထိန်း

"အာ့ကောဆိုဒီလိုလေးသာပြောလိုက်  အကုန်သဘောတူတယ်။ ဝမ်ရိပေါ်  မင်းကို ငါအရမ်းမုန်းတယ်"

"ရှောင်းကျန့်  မင်းအိမ်ရှေ့စံကို ဘယ်လိုခေါ်လိုက်တာလည်း မင်းတော့လား အိမ်ရှေ့စံက အခွင့်ရေးပေးတိုင်း..."

"ရတယ်ထားလိုက်သူခေါ်ချင်သလိုခေါ်ပလိမ့်စေ ခေါ်ခွင့်ပြုတယ် စိတ်မကောက်နဲ့တော့လာ သွားမယ် ငါ့အနားမှာပဲနေ မင်းနန်းတွင်းထဲမှာ တခုခုဖြစ်လို့ဆိုရင် ငါကယ်နိုင်မှာ မဟုတ်ဘူးကြားလား "

မျက်နှာ စူပုတ်ပုတ်လေးနဲ့ ရှောင်းကျန့်ကို တလှည့် အိမ်ရှေ့စံကို တလှည့်  ကြည့်နေကြတဲ့ စစ်သူကြီးတွေရဲ့မှတ်ချက်ကသူ့တို့ရဲ့အိမ်ရှေ့စံကရှောင်းကျန့်ကိုဆိုအထိမခံအပျောက်မခံသလိုအလိုပါလိုက်လာတယ်ဆိုတာရိပ်မိလာကြလို့ ပြုံးပြုံးပြုံးပြုံးနဲ့ ကြည့်ပဲ နေလိုက်ကြ​ တော့တယ်

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Donde viven las historias. Descúbrelo ahora