53 Part. He Return

2.9K 259 13
                                    

Unicode

ဝမ်ဘုရင်ကို ပြန်ခေါ်လာသူကတော့ ပိုင်ဖုန်းပင်။
အဘိုးအိုကဝမ်ဘုရင်ကိုလေမှာမြှောင့်လို့ ပိုင်ဖုန်းရှေ့ကို ချလို့ပေး​ပြီးတာနှင့်အဘိုးအိုကော တောကြီးတစ်ခုလုံးပါ ပျောက်ကွယ်သွား​လေတော့သည်။
ပိုင်ဖုန်းမှာ သူ့သခင်ကိုမြင်းဖြူပေါ်ကို တင်၍ နန်းတော်ပြန်ဖို့လုပ်ရသည်။ နန်းတွင်း ရောက်တာနှင့်ကိုယ်ရောင်ဖျောက်လို့ မြင်းဖြူနှင့် ဝမ်ဘုရင်ကိုဘုရင့်ရဲ့နန်းဆောင်ရှေ့ချပေးခဲ့လိုက်သည်။နန်းတွင်းဆောင်ကအစောင့်များလည်း ဘုရင့်မြင်းဖြူနှင့် ဝမ်ဘုရင်ကို တွေ့တာနဲ့ ပြာပြာသလဲ အလုပ်ရှုပ်ကုန်ကြတော့သည်။

1 S:"ဟေ့ကောင်တွေ ထန်ကုန်းကုန်းကို သွားအကြောင်းကြား မြန်မြန်!!!"

2 S:"ဘုရင်မင်းမြတ်ကို ငါတို့ ထိလို့ရပါ့မလား?"

1 S:"သေရေးရှင်ရေးဖြစ်နေပါတယ်ဆို အဲ့ဒါအရေးကြီးလားကွ လာမြန်မြန်ရွေ့ရအောင်"

သူတို့အငြင်းပွားနေ​ကြချိန်မှာပဲထန်ကုန်းကုန်းမှာ မျက်နှာမသာမယာနှင့် တစ်နေရာရာမှ ဘုရင့်နန်းဆောင်ကိုအလာမှာပဲ မြင်တွေ့လိုက်ရတဲ့မြင်းကွင်းအစုံကြောင့်မျက်လုံးများပင်ပြူးကျယ်သွားရသည်။အော်သံပင်ဟိန်းလို့ထွက်လာသည်။
"မထိနဲ့!!! မင်းတို့ မထိနဲ့ ငါ့ဘာသာ ငါသယ်မယ်"
အပြေးအလွှားရောက်လာတဲ့ ထန်ကုန်းကုန်းမှာ မျက်ရည်တွေပင် တသွင်သွင်ကျလို့လာလေပြီ။မင်းကြီးကို ကြည့်ရသည်မှာ သူစိတ်တွေနာကျင်လှပေသည်။တစ်ကိုယ်လုံးမှာမှသွေးသံရဲရဲနှင့် သတိမေ့နေတဲ့ မင်းကြီးများတစ်ခုခုဖြစ်ရင် သူရင်ကျိုးရချည်ရဲ့။

"မင်းကြီးခဏလေး စောင့်အုံး။အားတင်းထားနော်။မကြာခင်အားလုံးပြန်​ပြီးကောင်းသွားမှာ ကျွန်တော်မျိုးကြီးရအောင်ကုမယ်။
ဟေ့ကောင်တွေ!!အဲ့နားမှာဘာရပ်လုပ်နေတာလည်းသမားတော်သွားပင့်​လေကွာ။မိဖုရားနဲ့ စစ်သူကြီးတွေကိုပါအကြောင်းကြား။တယ်ငါလုပ်လိုက်ရ သေတော့မှာပဲ"

"ဟုတ်...ဟုတ်ကဲ့ ထန်ကုန်းကုန်း....."

ဝမ်ဘုရင်ကို ချီထားလျက်နဲ့ နန်းဆောင်ဘက်ကို သွားနေရင်းက ကြောင်လို့ကြည့်နေတဲ့ အစောင့်တွေကို လှမ်းအော်ရသေးသည်။
...........
ဘုရင့်အိပ်ဆောင်မှာ အားလုံးစုလို့နေကြပြီ။တစ်ယောက်သောသူကတော့​ဖြင့်ပါမလာနိုင်သလို ပြန်မလာနိုင်တော့မှန်းရှိတဲ့သူတိုင်းသိကြသည်။ခုလို ဘုရင်တစ်ခုခုဖြစ်တိုင်း ကယ်ပေးမယ့်သူက အခုတော့ လာမကယ်ပေးနိုင်တော့ဘူးထင်ပ။

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Où les histoires vivent. Découvrez maintenant