Unicode
သတ်မှတ်နေရာအရောက်မှာဆင်းသက်လိုက်တာနဲ့သူ့အရှေ့မှာ စောင့်နေတဲ့ရှောင်းမင်းသားက မထင်မဲ့မြင်နဲ့ စကားစလို့လာပါတယ်။
"အော်... ရောက်လာသားပဲ။မလာတော့ဘူးလို့တောင် ထင်မိတာ။ အင်းကြည့်ရတာ တကယ်ပဲ တစ်ယောက်တည်း လာတာပဲ။တော်တယ်။တကယ်လာရဲတဲ့အတွက်ကို ချီးကျူးပါတယ်ဗျာ။"မဲ့ရွဲ့ပြောနေတဲ့ ရှောင်းမင်းသား၃ကလက်ခုပ်တီးပြီးဟိုလျှောက်ဒီလျှောက်လုပ်ပြလို့ပင်နေသေးတယ်။
(ချိန်းဆိုတဲ့နေရာကို ရောက်လာတဲ့ ဝမ်ဘုရင်)
"မင်းစကားရှည်မနေပဲ တိုက်စရာရှိတာတိုက်ရအောင်။"
"ခဏလေးပါဗျာ။ကျွန်တော့်မိတ်ဆွေတွေလာတော့မယ်လေ။သူတို့နဲ့ပါတိုက်ရမယ်ဆိုတော့ တစ်ပျော်တစ်ပါးရှိတာပေါ့...ဟား...ဟား...."
"ဘာ!!!" ဝမ်ဘုရင်ရဲ့အံသြသံတွေမဆုံးခင်မှာပဲ မိုးတွေတိမ်တွေအုပ်မဲလာပြီး လေပြင်းတွေပါတိုက်လို့လာတယ်။မြင်းရဲ့မတရားကိုဟီသံအဆုံးမှာတော့ထပျံမရတော့တဲ့ မြင်းဖြူလေးရဲ့ ခြေကျင်းဝတ်မှာ စွပ်မိသွားတဲ့ ရောင်စဥ်ခုနှစ်သွယ်ကြိုးပြာပြာလေးကမြေကြီးထဲမှ ထိုးထွက်လာပြီး ချုပ်နှောင်ထားလို့ နေနေတယ်။သတိကြီးလွန်းတဲ့မြင်းကို အမိအရဖမ်းနိုင်ဖို့နဲ့ ဒီလိုပုန်းလျိုးဝှက်လျိုးဖမ်းနိုင်ပုံတော်ရုံတန်ရုံလူဖြစ်ဖို့ နေနေသာသာ ဒီကြိုးဟာ ဘယ်လိုမှ သာမာန်ကြိုးမဖြစ်နိုင်ဘူးဆိုတဲ့ အဖြေကို ပြန်ဖြေလိုက်သူကတော့ မင်းသားရှောင်းမဟုတ်တာအသေအချာပါပဲ။မြင်းဟာ တုတ်နှောင်ခံရခြင်းကို မနှစ်မြို့စွာနဲ့ပဲ ကျယ်ကျယ် လောင်လောင် အော်ဟီးလို့နေတယ်။ မဲမှောင်ကျလာတဲံအမှောင်ထုနဲ့အညီ ရှောင်းမင်းသားရဲ့ဘေးမှာ အငွေ့မဲမဲတွေက တစစပေါ်လာတဲ့ သူတွေဟာ သူ့ရဲ့ စိတ်လေးနေမူရဲ့ တံရားခံတွေပါပဲ။
BẠN ĐANG ĐỌC
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Fanfictionမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode