41 Part. Marriage Day(Warning⚠)

3.9K 281 2
                                    

Unicode

ညကတစ်ယောက်တည်းအိပ်စက်ခဲ့ရလို့လားမသိ။အိပ်ပျော်တစ်ဝက် မပျော်တစ်ဝက်နဲ့ ဟိုလှည့် ဒီလှည့်ပါပဲ။အဲ့လို အချိန်မှာ ကြားရတဲ့ အသံကတော့ ထန်ကုန်းကုန်းရဲ့ ခေါ်သံပါပဲ။

"ဒေါက်.....ဒေါက်.....ရှောင်းသခင်လေး။နိုးပြီလားမသိဘူး။"

"အင်းထန်ကုန်းကုန်းဝင်ခဲ့လေ။"

"ဒီနေ့မှာဝမ်ဘုရင်မင်းမြတ်ကကြင်ယာတော်နဲ့လက်ဆက်မယ်နေ့ပါ။နေရာက ဒီနန်းတော်မှာလုပ်မှာမဟုတ်ပဲ သူသွားနေကျ ဂူပိတ်လေ့ကျင့်နေကျ နေရာမှာပဲ စီစဥ်ထားတာ။ သူက သွားနှင့်နေပါပြီ။ခုမနက်ထဲက တရားထိုင်နေမှာ။ ခုသခင်လေးကို အကူညီတောင်းရမှာက ဒီဆေးဗူးကျန်ခဲ့လို့ပါ။ နောက်ရက်တွေ ဆက်သောက်ရမှာကိုခုမပါသွားတော့ ရိုးရိုး​ မြင်းနဲ့ဆို ရက်က ကြာသွားမှာ။ဘုရင်မင်းမြတ်မြင်းဖြူနဲ့မှအမြန်ရောက်ပြီးအချိန်မှီရောက်အောင် သခင်လေးမြင်းဖြူနဲ့သွားပို့ပေးပါလား။ မြင်းဖြူက ဘုရင်မင်းမြတ်ကို ပို့ပြီးတာနဲ့ နန်းတော်ထဲ ပြန်ရောက်နေပါပြီ။သူ့နားကပ်ရဲတာဆိုလို့ သခင်လေးတစ်ယောက်တည်းရှိလို့။ ကူညီပါ သခင်လေးရယ်။"

"အော်သူရွေးထားပြီးပြီပေါ့။ကြင်ယာတော်နဲ့ နေမယ်ဆိုတာ။ ကောင်းပါတယ်။ ကောင်းပြီ။ခဏစောင့်။ကျွန်တော်အဲ့ကို သွား​ပြီးပေးပေးပါ့မယ်ဟုတ်ပြီလား"

"ကျေးဇူးတင်ပါတယ် သခင်လေး"

ငါမင်း သူများနဲ့မနေခင် တစ်ခါလောက်တော့တွေ့ချင်ပါသေးတယ်။ငါမင်းဆီလာခဲ့မယ်ရိပေါ်။
.............
တောတောင်ထဲရောက်ချိန်မှာတော့ ည​နေခင်းအချိန်လောက်ကို ဖြစ်သွား​မိတယ်။ ဒါတောင် မြင်းပျံနဲ့လာတာမို့လို့။အရင်တစ်ခေါက် သူတို့နန်းတော်ပြန်တုန်းကတောင်မှ၂ရက် ၃ရက်ကို ဒုန်းစိုင်းပြေးကြရတာလေ။ ခုတော့နည်းနည်းတော့မြန်သွားတာပေါ့။တမင်သက်သက်ကိုဒီလိုချိန်ရောက်အောင်လာသလားတော့ ထင်ရတယ်။သူရောက်သွားချိန်မြင်ရတဲ့ မြင်ကွင်းတွေက ရှင်းလင်းလို့နေတယ်။ ထန်ကုန်းကုန်းက ပြောပါတယ်။မင်းကြီးက ကြင်ယာတော်နဲ့ လွတ်လွတ် လပ်လပ်နေချင်လို့ ဘယ်သူမှကို မလာခိုင်းရဘူးလို့ ပြောထားတယ်တဲ့။ ရှောင်းသခင်လေးတောင်ဆေး​​မေ့ကျန်ခဲ့မိလို့ လိုက်ပေးခိုင်းမိတာကို သိများသိရင်အဆူခံရအုံးမလားမသိဘူးတဲ့။ဆူကြည့်ပါလား ဟွန့်။ဘာပဲဖြစ်ဖြစ်အရင် ဘေးပတ်ဝန်းကျင်ကို လိုက်ရှာမိတယ်။အခိုင်းအစေတို့ တပည့်တလေမှ မရှိဘူးဆိုရင်တောင်မှ သူ့ရွေးထားခဲ့တဲ့ကြင်ယာတော်ချောချောတော့ရှိမှာပေါ့နော်။ဟေ့ တစ်မျိုးမတွေးကြနဲ့နော်။ငါကြင်ယာတော်ကိုတွေ့ချင်လို့မဟုတ်ဘူး။ဝမ်ရိပေါ်ကို သွားပေးရမှာ မျက်နှာပူလို့။ဘေးပတ်ပတ်လည် လိုက်ရှာပေမယ့် လူရိပ် တစ်ရိပ်တောင်ကိုမှ မတွေ့မိသလို အသံတစ်သံမှ မကြားရပေ။ ဒီလိုဆို အထဲဝင်​ပေးရမှာလား။ဒီလိုကျတော့လည်း နည်းနည်းလေးတော့တွေဝေမိ​ပြန်​နေတယ်။အခပ်မသင့်ရင်သူများသာယာနေချိန်မှာ ဝင်နှောင့်ယှက်မိမှာလည်း ဆိုးမိတယ်လေ။ အဲ့လိုမှ မဟုတ်လို့အော်ခေါ်ဝင်ဖို့ကြတော့လည်းအကယ်၍ရိပေါ် ကအတွင်းအားကျင့်နေတယ်ဆို သူက အနှောင့်ယှက်တစ်ခု ဖြစ်သွားမှာပေါ့လို့။မထူးပါဘူး ​လေတိတ်တိတ်လေးဝင်ထားပြီးပြန်ထွက်တာပေါ့။
ဂူနားကပ်လာပြီးလို့ အပေါက်ဝ ရောက်တဲ့ ထိ အင်း...ဘာသံမှ မကြားရသေးဘူး။ဒီထိတော့ အခြေအနေကောင်းသေးတယ်။နောက်တဆင့်တက်ပြီး အထဲဝင်မိတော့ လူအရိပ်ရောင်ကို အပြေးရှာမိတယ်။အခန်းရဲ့ ထောင့်စွန်းနားက ပုလ္လင်ပေါ်မှာအကျအနထိုင်ပြီးအတွင်းအားနဲ့ ဆေးလည်ပတ်နေအောင်လုပ်နေတဲ့ ရိပေါ်ကိုပဲတွေ့ရတယ်။ ရိပေါ်ကို သူနောက်ဆုံးအနေနဲ့ လှန်းကြည့်မိလိုက်တယ်။​တော်​တော်​လေးကို မှပဲကြည့်လို့ ကောင်းပါတယ် ရိပေါ်။ငါမင်းကိုနှုတ်ဆက်ခဲ့ပါတယ်​။ငါ အရာရာ​တွေအတွက်ကျေးဇူးပါ။ ရိပေါ်အပြင် အခန်းထဲ ဝေ့ကြည့်တော့ သက်ရှိဆိုလို့ ဘာအကောင် ဘာတစ်မြှီးမှမတွေ့မိရ​ပေ။ ဒါသူအတွက် အရေးမကြီးပါဘူး။ရိပေါ်က ဒီမနက်မှ ဆေးသောက်ထားရင် နောက်မနက်လောက်မှပဲ ဆေးအစွမ်းပြမှာဆိုတော့ခုရိပေါ်မနိုးလာခင်ကိုသူနည်းနည်းလှည့်ပတ်ကြည့်ဖို့ကိုအချိန်ရပါသေးတယ်။ဟိုကြင်ယာဆိုတဲ့သူ​ရောက်မလာခင်မြန်မြန်ကြည့်မှ။အခန်းတွင်းလှည့်ပတ်ကြည့်တော့အရင်အခါနဲ့မတူစွာပဲ အလွန်လှတဲ့ အပြင်အဆင်တွေကို တွေ့လိုက်ရတယ်။အေးလေ သူများမဂ်လာဦးဆိုတော့အဲ့လောက်ရှိမှာပေါ့အတွေးဝင်လာတဲ့အမျှ မျက်ရည်လေးက ကျလို့ကျချင်ဖြစ်လာတယ်။အခန်းတွင်းအနီရောင်တွေဆင်မြန်းလို့သာထားတဲ့အပြင်မှ  ကုတင် ပန်းတွေနဲ့ ရိပေါ်ကအစအကုန်ကုန်အနီနီတွေပဲ။နောက်ရေချိုးစည်တောင် အနီရောင်  ဖဲကြိုးတွေ ပတ်ထားတယ်။ထူးဆန်းတာက ဘာလို့ ရေစည် ၃စည်ဖြစ်ပြီး အခြားအချို့ အသုံးအဆောင်တွေက အစ၃မျိုး၃စုံမျိုးနဲ့ပြင်ဆင်ထားပုံက ထူးဆန်းနေပြန်တယ်။ကဲပါ ရှောင်းကျန့် မတွေးချင်လို့ ခေါင်းခါရမ်းကာ ကုတင်ဘေးက စားပွဲပေါ်မှာ ဆေးပုလင်းကို ထားပြီး ပြန်ထွက်တော့မယ်ရှိသေး ဂျိမ်းဆိုတဲ့ အသံနဲ့အတူ အနောက်ကနေ ထွက်ပေါ်လာတဲ့အသံက​တော့သူ့ရဲ့အသက်ရှူသံတွေကိုပင်ရပ်တန့်သွား​စေသလိုခံစားလိုက်ရတယ်။
"ဂျိမ်း ..... ဒုန်း..."

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Donde viven las historias. Descúbrelo ahora