Unicode
"အာ့ကော အကုန်သိတယ်။လျန်ယဲ့နဲ့ တွေ့လို့ လျန်ယဲ့ အကုန်ပြောပြထားပါတယ်။ အစ်ကို ၃ဟာ သူ့ရဲ့ မာန်မာနကြောင့်ဒီလိုပဲဖြစ်သွားရတာမို့လို့ ကျိုတိ ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာမလိုပါဘူး။ဟုတ်ပြီလား။"
"အင်း...အာ့ကောက အကောင်းဆုံးပဲ"
"ဒါဆို ဘယ်တော့လောက် ပြန်လာမှာလည်း။ဒါမှမဟုတ် ခုတည်းက လိုက်ခဲ့ပါလား။ ဟိုမှာ အာ့ကောနန်းတောင် တက်ပြီးသွားပြီ။ ကျိုတိကိုစောင့်နေတာ။ဖြစ်နိုင်ရင်လေ တစ်ခါတည်း ခေါ်သွားချင်တာ။"
တစ်ခါတည်းလိုက်ဖို့ပြောသံကြားမိတော့မှပဲပျက်သွားမိတဲ့ မျက်နှာကို အမြန်ထိန်းလို့ ပြန်ပြုံးပြမိခဲ့တယ်။ ဒီတစ်ခါတော့ငြင်းခွင့်ပြုပါ။ ခုချိိန်မှာ အာ့ကောနားမပြန်လာနိုင်သေးလို့။
"ဟို ခုတော့မလိုက်နိုင်သေးဘူး။ နောက်တစ်လ။တစ်လပဲလေ။။နော်လို့ အာ့ကော။အဲ့ကျ အာ့ကော ကိုယ်တိုင် လာခေါ်လေ။ ပြီးတာနဲ့ လက်ထပ်ကြမယ်လေနော်။ နော်လို့"
"အင်းပါ ကျိုတိ သဘောပါ။အာ့ကောက မေးရုံ မေးကြည့်တာ။ မလိုက်နိုင်သေးလည်း ဘာမှ မဖြစ်ပါဘူး။ အာ့ကော ဒီလို ခဏ ခဏ လာတွေ့လို့ရတာပဲ။ဒါပေမယ့်လို့တစ်ခုပဲ။တစ်ခုပဲ ကတိပေး။ကျိုတိက ကိုယ်ကိုယ်ကိုဂရုစိုက်ပါ့မယ်လို့။ ဘယ်အချိန်၊ ဘယ်လို အခြေအနေပဲ ရောက်ရောက်အာ့ကောဆီကိုပြန်ကိုပြန်လာရမယ်လို့ ကတိပေးမှ။"
"အင်း။ပေးတယ်နော်။ဟီး...ဟီး..... မုန့်တွေက လည်းစားလို့ ကောင်းလိုက်တာ.. ဟား...ဟား"
ရှောင်းကျန့်က ဝမ်းနည်းလာမူကို အံတင်းရင်း အစားတွေကို အတင်းထိုးသွင်းလိုက်ရတယ်။ ကျတော့မယ့် မျက်ရည်ကို အားတင်းဖုံးကွယ်ရင်းဟန်ဆောင်ပြုံးနဲ့ရယ်ပြနေရတယ်။ရင်ထဲမှာတော့ ရိပေါ်ကို တလို့ပေါ့။ငါခုတောင် မင်းကို လွမ်းနေမိပြီ။နောင်ဝေးများဝေးသွားရရင် ဘယ်လိုလုပ်ရမလည်းရိပေါ်။
ညီငယ်ရဲ့ ဟန်ဆောင်ရယ်မောနေခြင်းတွေကိုသိတဲ့ ချစ်ရနေရသူအစ်ကိုရဲ့ရင်ထဲဟာလည်း ထိုလူထက် မပိုရင်တောင် မလျော့လောက်ပါဘူး။ လက်ထပ်ခြင်းအကြောင်းတွေကမှ မင်းအတွက်နာကျင်ဝမ်းနည်းစေခဲ့မိရင် ငါအခြားအကြောင်းတွေကို ပြောင်းပြောပေးမယ်။မင်းကို ဘာအကြောင်းကြောင့်နဲ့မှ ဝမ်းမနည်းစေချင်ဘူး။မင်းကိုဝမ်းနည်းစရာတွေကနေဖယ်ပေးလို့ ပျော်ရွှင်မူကိုတွေပဲ သယ်လာပေးချင်သူပါ။
ESTÁS LEYENDO
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Fanficမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode