8 Part. Let go to the war

4.8K 469 1
                                    

Unicode

အိပ်ခန်းအတွင်းဆောင်အပြင်ဘက်မှာ ထွက်စောင့်နေတဲ့သုံးယောက်က သူတို့နှစ်ယောက်ထွက်လာတာကို လှည့်ကြည့်လာတယ်။ကျန်နှစ်ယောက်ကအရိုအသေပေးပေမယ့် မိဖုရားရဲ့ မျက်လုံးတွေက အိမ်ရှေ့စံ ဆွဲထားဆဲဖြစ်တဲ့ သူတို့နှစ်ယောက်လက်မှာ ဝေ့ဝဲနေတယ်။
အဲ့လို​ဆိုအလိုက်သိတတ်လွန်းတဲ့ ရှောင်းကျန့်က သူ့လက်ကို စောင့်ဖြုတ်လို့ စစ်သူကြီးတွေနားကပ်သွားတယ်။ ဟုတ်တယ် သူက ဘာလို့ အထင်လွဲခံနေရမှာလည်း။မဟုတ်သေးပါဘူး မိဖုရားကကော ဘာလို့များမျက်နှာပျက်သွားရတာလည်း။  တော်ပြီ သူမစဥ်းစားချင်တော့ဘူး ။ဒီဝမ်မျိုးနွယ်တွေရဲ့အစွဲအလမ်း အချစ်ရေးတွေကတော်တော်ရှုပ်တယ်။ သူ့စစ်​​ကောဆိုသူကြိုက်ရင်ယူပလိုက်မယ်မကြိုက်တော့လို့ကတော့ လှည့်ကို မကြည့်ဘူး နောက်ထပ်လည်း မပက်သက်တော့ဘူး။ အဲ့လို ရှင်းရှင်း လင်းလင်း၊ ခုကြည့်ပါအုံးဘုရင့်မိဖုရားရဲ့ အကြည့်တွေက အိမ်ရှေ့စံကိုနွယ်ချင်သလိုလိုနဲ့ အိမ်ရှေ့စံကျတော့ကောခုနကဘုရင့်ကို ပြောတဲ့ သူ့ရဲ့မပွင့်မလင်းခံစားချက်တွေက ဘယ်သူ့ကိုဆိုလိုချင်မှန်းမသိတော်တော်ခေါင်းရှုပ်စရာတွေပဲ။

"ကျွန်တော်တို့ကို သွားခွင့်ပြုပါအုံး မိဖုရားဟန်"

"နှစ်ပတ်လောက်လာရမယ် လမ်းခရီးကို နှစ်ရက်တည်းလောက်နဲ့ကို အမြန်ပြန်လာထားရတာဆို​တော့ဒီမှာခဏလောက်​ဖြစ် နားသွားပါအုံးလားစစ်တပ်နောက်လိုက်ရအုံးမှာဆိုတော့ ထပ်ပင်ပန်းရအုံးမယ်"

မိဖုရားရဲ့ မျှော်လင့်တဲ့ခံစားချက်ပါ  မျက်လုံး တွေရဲ့တောင်းဆိုချက်ကို ပယ်ချပစ်လိုက်တာတော့အိမ်ရှေ့စံ။နည်းနည်းလေးမှ အားနာမူမရှိ။

"မလိုပါဘူး။သွားရမယ့်ခရီးလမ်းကဝေးသေးတော့အမြန်လိုက်မှ ဖြစ်မယ်။ဝမ်စစ်သားတွေအားမလျော့အောင်ကျွန်တော်ရှိနေပေးမှ ဖြစ်မယ်ရှောင်းစစ်တပ်ကအရမ်းအင်းအားတောင့်တယ်လို့ သတင်းရထားတယ်"

ရှောင်းကျန့်ထိုစကားကိုကြားတော့ နည်းနည်းတော့ရိပ်မိလာ​တော့တယ်။ဘာလည်းခုကသူ့တိုင်းပြည်နဲ့  ဝမ်တိုင်းပြည်က စစ်တိုက်ကြမှာ မဟုတ်ဘူးမှတ်လား? မဟုတ်ဘူးဆိုပြီး  တစ်ယောက်တစ်လေများလာ​ပြီး ပြောပေးစေချင်လိုက်တာ၊ခုသူ့အခြေအနေကကိုယ့်တိုင်းပြည် ကိုတိုက်မယ့်စစ်ဘုရင်နဲ့အတူနေပြီး ပြန်တိုက်ပေးရမှာလား။  သေစမ်း! ရှောင်းကျန့်ရေ မင်းတော့သေပြီပဲ!လို့ စိတ်ထဲ ရွတ်နေတုန်းပဲ အိမ်ရှေ့စံထပ်ပြောလိုက်တဲ့ စကားက ပိုလို့တောင်သေချာသွားတယ်

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) حيث تعيش القصص. اكتشف الآن