12 Part. He is coming

4.5K 460 4
                                    

Unicode

သူတို့နှစ်ယောက်က တွန့်ဆုတ် တွန့်ဆုတ်လာနေတာမို့လို့စစ်သူကြီးတွေကအရင်ရောက်နှင့်တယ်။အဲ့ဒါကိုများ မြင်းပျံတဲ့ လေအဟုန်ခွင်းတယ်တဲ့လေ  သူ့အမေကိုပဲ တင်စီးလိုက်။ စီး​နေရင်းနဲ့ အသက်ကြီးလာပြီး အသက်ပါ ထပ်ထွက်သွားနိုင်တယ်။ ​​နှေးလိုက်ကွေးလိုက်တာချာတူးလန်ပြီး နွားလှည်းကတောင် အဖေခေါ်ရမယ်။တပ်ထဲဝင်တဲ့ မြင်းတစ်ကောင်က ဆင်မယဥ်သာလမ်းလျှောက်နည်းနဲ့ဝင်နေတာဟာတမင်သက်သက်ကို အလှလိုက်ပြနေသလားထင်ရတယ်၊သူစိတ်မရှည်စွာအော်လိုက်တော့မြင်းကတောင်လည်ပြန်လှည့်ကြည့်တယ်၊ သူ့အလှလျှောက်တာအရှိန်ပျက်သွားတယ်ဆိုတဲ့ အမူအရာနဲ့၊ငါလေအဲ့မြင်းကိုပါရိုက်ချင်တယ်

"ရပ်...ရပ်....ရပ်"

"အင်း.,.... "

သူအော်တာနဲ့ရပ်​လို့ပေးတဲ့ ဝမ်ရိပေါ်က သူ့ကို ထိန်းဆင်းခိုင်းတယ်။သူက ကလေးမှ မဟုတ်တာ

မြင်းကသူတို့ဆင်းပြီးတာနဲ့ဝမ်ရိပေါ်ကို လှည့်​ကြည့်တယ်။မျက်လုံးချင်းဆုံလို့ တစ်ချက်ဟီ ပြီး ခေါင်းတစ်ချက်ညိတ်လို့ အမြင့်ကို ပျံသွားတယ်။

"သူမင်းကို ဘာပြောသွားတာလည်း"

"မင်းကသူငါ့ဘာပြောတယ်ဆိုတယ်ဆိုတာ ဘယ်လိုသိလည်း"

ဝမ်ရိပေါ်ရဲ့ အမေး စကားကို သူဘယ်လို ပြန်ဖြေရမှန်း မသိ ဖြစ်သွားတယ်။မြင်းက စကား ပြောသွားတယ်၊ဆိုတာသူအာရုံထဲမှာကိုခံစား ရတာ ဖြစ်တယ်။ ဘယ်လိုပြောရမလည်း သူ့တပည့်နဲ့သူလည်းအဲ့လိုမျိုး ပြောတတ်တယ်။မဟုတ်ဘူး ရန်ဖြစ်နေကြဆိုတာပိုမှန်မယ်။သူ့အကောင်နဲ့ သူကတော့ အမြဲတကြပ်ကြပ်ပဲ။
ငါလည်းအဲလိုပြောတတ်တယ်လို့ ပြန်ပြောလို့မှမရတာ၊သူတို့ဘာစကားပြောလည်းမသိဘူးဆိုတာကသခင်နဲ့တပည့်ကြားပဲနားလည် စွမ်းရှိတဲ့စိတ်စကားကို သူဖတ်လို့မရတာလည်းပါတယ်။ငါကိုက ရှည်ပြီးမေးမိတာ

"မဟုတ်ပါဘူး ဒီလိုပဲ မေးမိတာ"

"မသိရင် မင်းကပဲ သိနေတယ်ဆိုတဲ့ ပုံနဲ့ ငါတို့အချင်းချင်းစကားပြောနိုင်တယ်ဆိုတာ တော်ရုံ မသိကြဘူးလေ။ ထားပါ။ သူပြောသွားတာက ငါသူ့ကို တောင်းတလိုက်တာနဲ့ပဲ အမြန် အရောက်လာမယ်တဲ့၊သူဒီအနီးအနားမှာပဲရှိမယ်တဲ့​​လေ။ အဲ့ဒါပြောပြီး သူအခု ထွက်သွားတာ၊ သူကလူအများနဲ့ မနေချင်တာလည်းပါတယ်"

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ