45 Part. Way back time

3.4K 268 3
                                    

Unicode

အချိန်တွေကုန်လာတာနဲ့ အမျှ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဆိုတာတစ်စိတ်တစ်ပိုင်းထဲ ဖြစ်လာတယ်။ဝမ်ရိပေါ်အင်းတစ်လုံးသာ တတ်တော့တာလား အထိ ရှောင်းကျန့် စကားနားထောင်တတ်လာတယ်။
မြင်းဖြူနဲ့ပြန်လာတဲ့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ကို ကြိုဆိုတာကတော့ စစ်သူကြီး ၅ ယောက်ပဲရှိတယ်။ဒီအရာကို ကြည့်ချင်းအားဖြင့် ပုံမှန်အတိုင်းကြို​ရမယ့်အမတ်တွေနဲ့ မိဖုရားတွေ မပါလာခြင်းအားဖြင့် ရှောင်းကျန့်ရဲ့  ကြင်ယာတော်ဖြစ်လာခြင်းမှာ သဘောမတူညီမူတွေနဲ့မနာလိုမူတွေရှိနေတယ်ဆိုတဲ့အဖြေက ထွက်လာပါတယ်။ရိပေါ်က အားပေးတဲ့ အနေနဲ့ သူ့လက်ကလေးကို ဆုပ်လို့ကိုင်ထားတယ်။

"ရိပေါ် ငါဘာမှမဖြစ်ပါဘူး။မစိုးရိမ်နဲ့ ဟုတ်ပြီးလား။"

"အင်း။ မင်းဘယ်သူ့မှ ဂရုစိုက်​စရာမလိုသလို မင်းကိုလာ​ပြီးထိသူမှန်သမျှကိုငါ့ဓါးအောက် အသက်ပေးရမယ်။"

"ငါ့ကို မလိုလားသူတိုင်းသာ မင်းလိုက်သက်မယ်ဆိုရင် မင်းနန်းတွင်းတစ်ခုလုံးပြောင်သွားမယ်။ထားပါ။ဒါတွေက ငါအတွက်အရေးမှ မကြီးတာ။ခုလောလောဆယ် ငါနားချင်နေပြီ။"

"ရှင်းချန် သူ့ကို အဆောင်​တော်ဘက် လိုက်ပို့ပေးလိုက်ပါ။ ငါညီလာခံ တတ်လိုက်အုံးမယ်။ မင်းတို့စစ်သူကြီးတွေလည်း မှတ်ထားရမှာကရှောင်းကျန့်ကငါကိုယ်တော်နဲ့တစ်ထပ်တည်းလို့သက်မှတ်ထားရမယ်။ကြား​ကြတယ်နော်။ရှောင်းကျန့်ကဒါဆိုငါရဲ့ အမိန့်တော်ကလည်း အဲ့ဒါပဲ။ကဲငါသွားတော့မယ်။ဂရုတစိုက်လိုက်သွားနော်။"

ချိုချိုသာသာပြောအပြီး အနမ်းတစ်ချက်ပေးကာ လှည့်ထွက်သွားတဲ့ ဝမ်ဘုရင်ကို အားလုံးနှုတ်ဆက်လိုက်ကြတယ်။

"ရှောင်းကြင်ယာတော် ကြွပါ"

"အာ...အဲ့လောက်ကြီးမလိုပါဘူး။ရှောင်းကျန့်လို့ပဲခေါ်ပါ ရှင်းချန်ရာ။"

"မခံယူရဲပါဘူးကွာ။ဘာပဲ ​ဖြစ်ဖြစ် မင်းက ဝမ်ဘုရင်ရဲ့ ကြင်ယာတော် ဖြစ်လာပြီလေ။အနည်းဆုံးတော့ငါတို့ကလေးစားသမူပြုရမှာပေါ့"

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Onde histórias criam vida. Descubra agora