40 Part. My choice

3.2K 298 6
                                    

Unicode

မနက်မိုးသောက်ယံထိမနိုး နိုင်တဲ့သူရဲ့အဖြစ်က ဒါဟာ အဆိပ်ကြောင့်ဆိုတာ သတိထားမိလိုက်မိတယ်။ မဖွင့်သေးနိုင်တဲ့ မျက်လုံးတွေအစား လက်ကိုအသုံးပြုလို့ ရင်ခွင်ထဲက လစ်ဟာနေတဲ့ တံရားခံကို လိုက်စမ်းပေမယ့် သူရလိုက်တဲ့ လေဟာနယ်နဲ့ လွတ်လပ်နေတဲ့ အိပ်ယာခင်းမှာရှောင်းကျန့်မရှိတော့တဲ့အကြောင်း သက်သေခံတယ်။ရှောင်းကျန့်... ရှောင်းကျန့်ဘယ်ရောက်သွားပြန်တာလည်း။ပုံမှန်ဆို သူနိုးပြီးမှ နိုးနေကြရှောင်းကျန့်တစ်ယောက်ကခုဘာလို့ ရှိမနေရတာလည်း။အချိန်ကသူထနေကြ အချိန်ထက် နောက်ကိုမှ ကျသွားပေမယ့် ရှောင်းကျန့်နိုးနေကြအချိန်ထက်တော့စောနေပါသေးတယ်။ရှောင်းကျန့်.....ရှောင်းကျန့် မင်းဘယ်ရောက်သွားပြန်တာလည်းကွာ။

"ထန်ကုန်းကုန်း.....ထန်ကုန်းကုန်း!!!"

"လာ......လာပါပြီ...မင်းကြီး!!"

ဝမ်ဘုရင်မင်း​ကြီးရဲ့ခေါ်သံကြောင့် အခန်းထဲကိုအပြေးအလွှားဝင်လာတဲ့ ထန်ကုန်းကုန်းမှာ အမောတောင်မဖြေနိုင်ပဲ အသည်းအသန်မေးနေတဲ့ မေးခွန်းတွေကို တရက်စက်ရွတ်ပြနေရတယ်။

"ရှောင်းကျန့် ဘယ်ရောက်သွားပြန်တာလဲ။ငါညကပဲ မင်းကို အနှောင့်အယှက်မပေးအောင် အဆောင်နားမနေခိုင်းမိတာပဲရှိတာလေကွာ။ရှောင်းကျန့်ကိုတော့ အသေချာစောင့်ကြည့်ဖို့ငါမှာထားသလား မမှာထားဘူးလား?။ဘာလို့ ထစ်ထစ်အအနဲ့ထူးနေတာလဲ။ဘယ်မှာလည်း မသိဘူးလို့ ငါကိုတော်ကို ဖြေလို့ကတော့ ထန်ကုန်းကုန်းဖြစ်နေပစေ​နော် ဇာတိကို ပြန်ပို့ခံရမယ်။ ပြောမြန်မြန်​​လေး ရှောင်းကျန့် ဘယ်မှာဆိုတာ?"

"ဟုတ်ကဲ့ မင်းကြီးမှာထားတဲ့အတိုင်းတသွေမတိမ်းစောင့်ကြည့်ထားပါတယ်။​ ယောင်လို့မှ ကျင်ငယ်​ရှောင် မပေါက်ရဲပါမင်းကြီး။ရှောင်းကျန့်ကိုတော့အသေအချာလိုက်ကြည့်ထားပါတယ်။မျက်နှာသစ်လို့ ရေအိမ်ဝင်တာကအစ မလပ်ရ​လေရအောင် အကုန်လိုက်ကြည့်ထားပါတယ်။ခုလည်းပဲ လေ့ကျင့်ရေးကွင်းဘက်ရောက်နေပြီအကြောင်း အထောက်တော်တွေက အလျင်မပြတ်အောင် သတင်းပို့ပို့ ပေးနေပါတယ်။ခုလည်းမင်းကြီးအိပ်ပျော်နေတာကို အနှောင့်အယှက်ဖြစ်မှာဆိုးလို့သာ ဝင်​ပြီးလာမလျှောက်ရဲသေးတာပါ။နိုးတာနဲ့ သတင်းပို့ဖို့ အခန်းပေါက်နားမှာ စောင့်နေတာပါ အရှင်မင်ကြီး။"

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Donde viven las historias. Descúbrelo ahora