31 Part. I am coming

3.4K 321 2
                                    

Unicode

ရိပေါ်ခုလောလောဆယ်ကိုစစ်ပွဲထဲမှာပဲ အာရုံအပြည့်ဝထားပေမယ့် သူစိတ်တွေက လေးလံနေခဲ့တယ်။ဘာကိုမှပဲ မဖမ်းဆုတ်မိခဲ့တဲ့သူက ဘာအတွက်နဲ့ စစ်တိုက်နေရမှန်းကို မသိတော့ဘူးဖြစ်နေတယ်။အဲ့တော့ ဒီစစ်ပွဲကို မြန်မြန်ပဲအဆုံးသတ်ချင်နေတယ်။လက်ရှိစစ်တပ်ရှိတဲ့ နေရာရဲ့အရှေ့တည့်တည့်မှာကမြေပြင်ကျယ်ပေမယ့်တစ်ဖက်မှာတောင်စွန်းအ​ဖြစ် တည်ရှိ​​နေကြ​​သလိုတစ်ဖက်​မှာကချောက်အစွန်းဖြစ်လို့နေတယ်လေ။အဲ့လိုနေရာလောက်မှာတော့ စခန်းသွားချလို့ မဖြစ်မှန်းသိပါတယ်။ ခုအဲ့လိုနေရာကိုမှ ဟိုဘက်တစ်ဖက် ဒီဘက်တစ်ဖက်နေရာယူထားခဲ့တဲ့ဝမ်စစ်တပ်နဲ့ရှောင်းစစ်တပ်မှာဘယ်သူစလှုပ်မလည်းဆိုတာ စောင့်ကြည့်ရမယ့်အချိန်။သူဘာဆက်လုပ်ကမယ်ဆိုတာ တွေးမရသေးဘူး ဖြစ်နေတယ်။ သူ့ဦးနှောက်တွေက သူ့အကြောင်းအရာတွေထက် ရှောင်းကျန့်အကြောင်းပဲ ပြည့်နေပြီလားတောင် ထင်ရတယ်။လက်ရှိ စစ်ဗျူဟာ အစည်းအဝေးမှာ စစ်သူကြီးတွေရဲ့ တစ်ယောက် တစ်ပေါက်နဲ့ပဲတင်ပြချက်တွေကို သူနားထောင်ပေးနေရ​ပြန်တယ်။အရင်လို သူကရှေ့ဆုံးကပဲအကြံညဏ်ထွက်ခဲ့တဲ့သူမဟုတ်တဲ့အတိုင်းပါပဲ။အဲ့အချိန် စစ်သားတစ်ယောက်ရဲ့ အော်သံကြောင့်သူတို့အားလုံးအာရုံ အဲ့စစ်သားဆီရောက်လို့ သွားခဲ့တယ်။

"သတင်းပို့ပါတယ်"

"ဟိုဘက်ရှောင်းနိုင်ငံမှ သံတမန်တစ်ယောက်က ဝင်ခွင့်တောင်း​နေပါတယ်"

""ကောင်းပြီ ဝင်ခွင့်ပေးလိုက်"
ဝမ်ဘုရင်ရဲ့ ခေါင်းညိတ်သဘောတူညီမူကိုရတဲ့ရှင်းချန်ကပဲကိုယ်စားဝင်ခွင့်​ပြုခိုင်းလိုက်ရတယ်။

"ဝမ်ဘုရင်နဲ့ ဝမ်စစ်သူကြီးတွေကို ကျွန်တော် ရှောင်းနိုင်ငံသံတမန်အဖြစ်ဂါရဝပြုပါတယ်။ ကျွန်တော်တို့ရဲ့ရှောင်းပြည်က စစ်သေနာပတိချုပ် မင်းသား၃က ဝမ်ဘုရင်ကို မနက်ဖြန်နေ့မွန်းမလွဲခင် အရှေ့ စစ်မျက်နှာပြင်ကြားနေရာမှာ  ဝမ်ဘုရင်တစ်ဦးတစ်ယောက်တည်းနဲ့ သူကိုယ်တိုင် စီးချင်းထိုးချင်ပါတယ်။ဘယ်လူမှ ဝင်မပါရစေပဲ ယှဥ်တိုက်ချင်ပါတယ်တဲ့လေ။ဝမ်ဘုရင်ရှုံးခဲ့ရင်ရှောင်းနိုင်ငံကို လိုက်ပြီးအမိန့်နာခံရမှာ ဖြစ်သလို ဝမ်တိုင်း​ပြည်ကို ရှောင်းတိုင်းပြည် လက်အောက်ခွဲနိုင်ငံ​အ​ဖြစ်​ နေပေးရမှာဖြစ်ပြီး။​​​ ရှောင်းတိုင်းပြည်ကနေ ဝမ်နိုင်ငံကို ရှုံးခဲ့ရင် ရှောင်းတိုင်း​​ပြည် လက်အောက်ခံ နိုင်ငံတိုင်းကိုဝမ်ဘုရင်ကို ပေးအပ်ပေးမယ်ဆိုတဲ့အချက်နဲ့ရယ် ဝမ်တိုင်းပြည်ကို ဘယ်တော့မှ နောက်ထပ်မကျုးကျော်ဘူးဆိုတဲ့ နှစ်ဦးနှစ်ဖက်ရဲ့သဘောတူညီချက်လက်ခံပေးမပေးကို စာလွှာမှာ စည်းထုပေးရမှာဖြစ်ပါတယ်။"

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Onde histórias criam vida. Descubra agora