50 Part. Black forest

2.8K 270 8
                                    

Unicode

သူစီစဥ်စရာရှိတာစီစဥ်ရသည်။ တိုင်းပြည်ရဲ့အစီရင်ခံစာတွေ အပြီးသက်ဆုံးဖြတ်ပေးနေရသလို နောက်အတွက်ကို အသစ်ချမှတ်စရာလိုတာတွေကော အဟောင်း​ပြင်ဆင်စရာတွေရှိတာကို သတ်မှတ်ချမှတ်ပေးရသည်။ဘယ်အလုပ်မဆို မိသားစု၊အလုပ်၊နိုင်ငံရေးတွေပါမကျန် အရာရာတိုင်းမှာ တသတ်မှတ်ထဲသွားဖို့မသင့်ခြင်းအကြောင်းကိုကောင်းကောင်းသိသည့်သူကတော့ နိုင်ငံတွက် လိုအပ်တဲ့ နည်းလမ်းသစ်တွေနဲ့ ပြင်ဆင်ဖို့လိုအပ်နေတဲ့ နည်းဟောင်းတွေကိုခွဲခြမ်းစိတ်ဖြာပေးရသည်။ ဒါနိုင်ငံရဲ့ဘုရင်တစ်ပါး၏အဓိကအလုပ်တစ်ခုပင် မဟုတ်ပါလား။
အကုန် ပြီးသွားချိန်မှာတော့ ညနေပင်စောင်းလို့ ညရောက်တော့မည်ဖြစ်ပေသည်။သူခတ္တနားရန်အတွက် မျက်လုံးမှိတ်၍ နားစက်လိုက်သည်။

...............
ရှောင်းကျန့်နိုးလာချိန်မှာတော့ နေခင်းကျော်
လို့ နေတောင်စောင်းတော့မည်။ သူနိုးနိုးချင်းဘေးနားက တွေ့ရတဲ့အစားအစာကိုတွေ့ရသဖြင့် ရေအရင်ချိုးပြီးတာနှင့် စားလိုက်သည်။ရိပေါ်ကိုတွေးမိတော့ စားပွဲပေါ်မှာ အဆင်သင့်တင်ထားတဲ့စာက ပြောပြသည်။

"အစည်းအဝေး​တွေတန်းစီး​ပြီးလုပ်ပြီးတာနဲ့ အစီရင်ခံစာတွေလုပ်ဖို့ကို နန်းတွင်းစာကြည့်ဆောင်မှာရှိတယ်။နားစရာရှိတာနား ဒါမှဘာမှ လုပ်စရာမရှိရင် ငါ့ဆီလိုက်လာခဲ့ပေါ့" တဲ့
သူအသည်းလေးက သူလိုက်ရှာနေမှာဆိုးလို့ဖြစ်မယ်။အဲ့လိုအလိုက်သိသည်။သူကလည်းအလိုက်သိလို့ခုချက်ချင်းလိုက်သွားလို့မဖြစ်။
အစည်းအဝေး​တွေ အနှောင့်အယှက်ပေးလိုမှ မဖြစ်တာ။သူနည်းနည်းနောက်ကျမှလိုက်လို့ သွား​တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ယောကျာ်းတစ်ယောက်ကိုမှ ဘယ်လောက်ပဲ ပိုင်ဆိုင်တယ်ပဲ ပြောပြော နေရာတကာတော့ လိုက်မနေသင့်​ပေ။ချစ်လို့အပျောက်မခံစိုးရိမ်နေတယ်ဆိုရင်တောင်မှ နားလည်မူလွဲလာရင်အူတိုလို့ချုပ်​ခြယ်​လာတယ်လို့ သူတို့​မြင်လာမှာနှင့် သူတို့ရဲ့လွတ်လပ်ခွင့်ဆုံးရှုံးလာခဲ့ခြင်းတွေရဲ့ အပေါ်မှာမှ အဲ့အချစ်ဆိုတာ​က အဆိပ်တောက်ဖြစ်လာလိမ့်မည်။ ဒါကြောင့်မို့ တင်းသင့်တာကို တင်းပြီး အလျော့ပေးသင့်တာကို ပေးပေးရမည်။ယုံကြည်ပေးရမည်။နားလည်​ပေးရမည်။ယုယမူနဲ့ပြုစုပေးတတ်ရမည်။​တခါတ​လေ ကိုယ်က သူကို တမြတ်တနိုးတန်ဖိုးထားကြောင်း သတိရကြောင်း ကိုယ်ကိုလည်းသတိတရ အမြဲရှိနေအောင် အမှတ်တရလေးတွေ ပြုလုပ်ပေးတတ်ကြသည်။ လက်ဆောင်လေးတွေပေးတတ်ကြ​လေသည်။အနည်းဆုံး​အနမ်းပေးခြင်းနှင့် ပွေ့ဖက်​ပေးခြင်းတော့လုပ်ပေးရမည်လေ။ ဟုတ်တယ်။ ရိပေါ်ကိုသူဘာမှအမှတ်တရမပေးရသေးဘူး။ ရိပေါ်အတွက်ဆိုရင်တော့သူမှာပေးစရာကလောလောဆယ်ဘာမှမရှိ။လက်ရှိက အဆောင်အယောင်တွေတောင် ရိပေါ်ပေးထားခြင်းသာ။သူ့နှလုံးသားလေး အထုတ်ကလေးထုပ်ပြီး ရိပေါ်သွားရာဆွဲသွားနိုင်တဲ့ အိတ်ကလေးအဖြစ်ပေးချင်ပေမယ့်သူ့နှလုံးသားကလုပ်ခွင့်ပေးမည်မဟုတ်။ သူ့ရိပေါ်လေး အသက်ကယ်ထားခြင်း ကတိသစ္စာနဲ့နောင်ဖြစ်လာမယ့်ပြသနာတွေအတွက် သူ့နှလုံးသားကိုစတေးထားရသည်။အင်းတစ်ခုတော့ရှိသည်။သွားပြီးပေးရမည်။
ရှောင်းမိဖုရားယောကျာ်းချစ်နည်း​ဖြစ်သည်❤❤❤❤❤

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Hikayelerin yaşadığı yer. Şimdi keşfedin