34 Part. What's it?(small warning)

3.4K 305 3
                                    

Unicode

ကဲဆန်းဆန်းတင့်တို့နော်။မျက်နှာအပူမခံနိုင်ရင်creamလိမ်းပြီးမှဖတ်ပါ။ပြောပြီးပြီနော်။နောက်မှ ပူလိုက်တာလို့​ ပြော​ကြလို့ ကတော့ အမြင်ကတ်ပုဒ်မနဲ့ အုန်းသီး​တွေ၊ ဒူးရင်းသီးနဲ့ သရက်သီးတွေပဲ အကုန်ကျွေးပစ်မယ်။😁😁😁😁😁😁❌❌❌❌❌

....................

အခြေအနေကို မမှန်းစနိုင်သေးတဲ့ စစ်သူကြီးတွေကကြည့်နေတုန်းမှာပဲ ဝမ်ဘုရင်ရဲ့ ဆရာသမားမှ  တလေးတစားနဲ့ခေါ်သံကြီးကဟိန်းလို့ထွက်လာတယ်။
"ဆရာတူအစ်ကို​ကြီးက ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလည်း။ မဟုတ်မှ ဝမ်ဘုရင်နေမကောင်းတာများသိပြီး..."

"မင်းစကားတွေကို ဒီနေရာမှာပဲတင်ရပ်လိုက်တာကောင်းမယ်ထင်တယ်ကွာ။ ငါကမင်းလိုမဟုတ်သလို ငါ့အကျင့်ကို မင်းမသိရအောင် ဒီဆရာတူအစ်ကိုကြီးရဲ့အကြောင်းကိုမင်းကအသိဆုံးဖြစ်မှာပါ။ခုငါလာတာမင်းတို့ရဲ့ ဝမ်ဘုရင်ကြောင့် မဟုတ်တာ အသေအချာပဲ။ငါ့တပည့်အဆိုးလေးက သူ့ကိုမှမကယ်​ပေးရင်အသေ​ကြီးခံမယ်လုပ်နေလို့။ကဲပြောတာကြာတယ်ဖယ်ပေး ငါမင်းတို့ဘုရင်အခြေအနေကိုကြည့်မယ်။ ပြီးတော့ ငါ့တပည့်​လေးအတွက် အခန်း ကောင်းကောင်းမှာ အနားပေးလိုက်ပါအုံး။ငါ့တပည့်​လေးဆေးသောက်ထားချိန်မှာတော့ သူ့ကိုကောင်းကောင်းအနားယူစေချင်တယ်။"

ထိုသူရဲ့စကားအသွားအလွှာကြားရတဲ့သူအဖို့ကတော့ သူတို့အခြေအနေကို နည်းနည်းတော့သဘောပေါက်လို့ သွားခဲ့​ကြတယ်။ ဝမ်ဘုရင်ဆရာကတော့မျက်နှာပျက်လို့သွားခဲ့တာပေါ့။ဘယ်လိုပဲဖြစ်ဖြစ်ခုချိန်မှာ ဝမ်ဘုရင်ကို ကယ်နိုင်ဖို့ကပဲ အရေးကြီးတယ်လေ။ရှောင်းကျန့်ဖို့နားနေဆောင်ပြင်ပေးခိုင်ထားလို့ ဆရာသမားကြည့်ဖို့ လမ်းဖယ်ပေးကြကာဘေးကနေ စောင့်နေကြရတယ်။ ဆရာသမား စမ်းသပ်ဖို့ လုပ်နေပြီဖြစ်သလိုနားနေဖို့ ရှောင်းကျန့်ကို ဝမ်စွေ့ကလမ်းပြပေးမယ့်မောင်းမနောက် လိုက်မယ်ရှိသေး နိုးထလာတဲ့ ရှောင်းကျန့် တစ်ယောက်ကတော့လက်ကာလို့ပဲတားလိုက်တယ်။

"သခင် နိုးလာပြီလား"

"ဝမ်စွေ့ ငါရတယ်။ငါ့ကို ဝမ်ရိပေါ်အနားပဲခေါ်သွားလိုက် ငါအခြေအနေသိချင်တယ်။"

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Wo Geschichten leben. Entdecke jetzt