52 Part. The Rings

2.8K 260 7
                                    

Unicode

"ဝုန်း!!"

"အူ.....အူ......အူး......"

ရေကန်နက်ထဲကျသွားတာနဲ့ တပြိုင်နက် ခွေးအူသံတွေက ကျယ်​​လောင်စွာပဲ ထွက်လာကြတော့သည်။ လမ်းပြခွေးနက်ကြီး​၏ စူးစူးဝါးဝါးး စအူလိုက်တာနှင့် တောနက်ထဲမှ ခွေး​တွေရဲ့အူသံတွေကအနောက်ကနေ လိုက်လို့ ထွက်လာ​​ကြ​သည်။အပြိုင်အူသံတွေက တစ်တောလုံးမှာတော့အ​ပြိုင်အဆိုင်။
ဝမ်ဘုရင်ရေထဲကျသွားတာနှင့် ခံစားမိတာက ကန်ရေတွေဟာသူထင်နေသလို မဲညစ်နေတာမဟုတ်ပဲ အမှောင်ထုရဲ့ စွမ်းအားတွေကြောင့်
နက်နေခြင်းသာ။တဖြည်းဖြည်းနဲ့မြုပ်လို့သွားတဲ့သူဟာပြန်တက်ဖို့မကြိုးစားမိသလို အမြင်အာရုံတွေကပါတဖြည်းဖြည်းနဲ့ ဝေဝါး၍သာလာတော့သည်။
သူရဲ့ နောက်ဆုံးအသိတွေရဲ့ အာရုံတွေက​နေမှပေါ်လာခဲ့တဲ့ ပုံရိပ်လေးကတော့ ရှောင်းကျန့် ဟုတ်တယ် ရှောင်းကျန့်ဆိုတဲ့ လူသားလေးရဲ့ အပြုံးချိုချိုလေးတစ်ခု။
ရေကန်ထဲမှာရှိသမျှ အမှောင်ထုစွမ်းအားစုနဲ့ အင်းအားစုတစ်ခုက အသိပျောက်သွားပြီဖြစ်တဲ့ ဝမ်ဘုရင်ခန္ဓာကိုယ်ကို ရစ်ပတ်လို့သာပင် သွားတော့သည်။တရစ်ရစ်ပတ်ရစ်လာတဲ့ အမှောင်စွမ်းအားတွေက ဝမ်ဘုရင်ရဲ့ ခန္ဓာကိုယ်ကို ရေကန်ထဲမှ တဖြည်းဖြည်းနဲ့မချီလာရင်း ရေကန်နက်ကြီးရဲ့ ရေတွေကလည်း ရေပန်းတစ်ခုလိုပင် ဝမ်ဘုရင်ကိုယ်ကို အပေါ်ရောက်တဲ့အထိ ပင့်မြှောက်လို့ကာ ထားတော့သည်။ လက်ရှိဝမ်ဘုရင်မှာက ရေကန်အလယ်တည့်တည်နေရာကနေပြီး ရေပန်းတစ်ခုပေါ်မှာ ပင့်မြှောင်ခံထားရသည်။အမှောင်စွမ်းအားတွေရဲ့ရစ်သိုင်းထားခံနေရသည်။ အမှောင်စွမ်းအားတွေရဲ့ ခလယ်ထဲမှာ ပတ်လက်အနေထားနဲ့မှလဲလျောင်းနေတဲ့ ဝမ်ဘုရင်ကတော့ အမှောင်စွမ်းတွေရဲ့ အစမ်းသက်ခံနယ်ပယ်ထဲမှာတော့ နာကျင်မူတွေ ဝမ်းနည်းမူတွေ ကြေကွဲမူတွေကို အလူးအလဲခံနေရပေသည်။ထိုရဲ့ အ​ချင်းအရာကို ပုံဖေါ်ပြနေတာကတော့ ဝမ်ဘုရင်ရဲ့ မျက်နှာတော်ပင်ဖြစ်သည်။ နောက်ဆုံးအနေနဲ့ သူ့ရဲ့ မျက်လွှာတော်မှ မျက်ရည်ကြည်တွေဟာတလိမ့်လိမ့်နဲ့ကျဆင်းလာ​ကြတော့သည်။ အဲ့အချိန်ဟာ ဘယ်လောက်တောင်ကြာသွားလည်းမသိ။ မနက်လင်းလို့ မိုးသောက်ခဲ့လေသည်။ဝမ်ဘုရင်ရဲ့ မျက်ရည်တွေကျလာချိန်မှာပဲ အမှောင်စွမ်းအားတွေဟာပိုပြီး တိုးများလာသလို မျက်ရည်တွေက ပင့်မြှောက်ထားတဲ့ ရေလွှာပြင်နဲ့ ထိတွေ့မိလိုက်ချိန်မှာတော့ ရေအရောင်တွေဟာ တစစနဲ့ နဂိုအရောင်ရေအကြည်တွေအဖြစ်ပြောင်းလဲသွားကြသည်။ခုတော့ ကန်ရေပြင်တစ်ခုလုံးဟာ ကြည်လင်မူအတိ။ညတုန်းကတွေ့ရတဲ့ အနက်ရောင်ကန်ရေပြင်နှင့်လုံးဝကို ဆန့်ကျင်ဘက်ဖြစ်လို့သွားတော့သည်။
ပင့်မြှောက့်ထားတဲ့ရေတွေဟာ အောက်ကိုပြန်ပြီးတဖြည်း​​ဖြည်းဆင်းသွားကြသလိုသူကိုယ်ကို ရစ်ပတ်ထားတဲ့အမှောင်စွမ်းအားတွေဟာ အဝေးတစ်နေရာမှာရှိတဲ့ ဂူတစ်ဂူရဲ့ရှေ့ကို ဝမ်ဘုရင်ခန္ဓာကိုယ်ကို ရပ်လို့အနေအထားနဲ့  ချလို့ပေးရင်း အမှောင်ထုကတဖြည်းဖြည်းပယ်လို့ သွားတော့သည်။ထိုအချိန်မှာပဲဂူထဲကနေ ထွက်လာတဲ့ဝတ်ဖြူစင်​ကြယ်နဲ့ အဖိုးအို တစ်ယောက်ဂူပေါက်ကနေထွက်လို့လာသည်။ သူဟာဝမ်ဘုရင်ရပ်နေတဲ့နေရာနားကပ်လာခဲ့ပြီး မျက်လုံးမှိတ်လို့ထားဆဲဖြစ်​နေတဲ့ဝမ်ဘုရင်ရဲ့ မျက်နှာရှေ့ကနေပြီးလက်တစ်ဖက်နဲ့ ဝှေ့ယမ်းမန်းမှုတ်လိုက်တာနဲ့ဝမ်ဘုရင်မျက်လုံးတွေက ပွင့်လို့ လာခဲ့သည်။ပွင့်ပွင့်လာခြင်းမှာအသက်ကိုမနည်းလုရှူနေရတဲ့ အခြေအနေနဲ့ ပြန်နိုးထလာခဲ့သည်။ အင်းအားချိနဲ့နေသလိုဖြစ်နေတဲ့ ဝမ်ဘုရင်ဟာ အသက်ရှင်ခြင်းတွေကိုတောင် မခံစားချင်တော့​​လောက်သလိုသူရဲ့နာကျင်မူ​တွေနဲ့ ဝမ်းနည်းမူတွေဟာ မျက်နှာမှာကို အပီအပြင်ပေါ်နေသလို ဒူးတောင်မခိုင်တော့လို့ ဒူးထောက်မိတဲ့အထိကို ခံစားနေရတယ်။အဲ့စမ်းစစ်မူထဲမှာ ဘာတွေကို မြင်တွေ့ခံစားခဲ့ရလို့ ဒီလိုတွေတောင် ဖြစ်ခဲ့လည်းဆိုတာ သက်ဆိုင်သူနဲ့အဖိုးအိုကတော့ သိလောက်ပေလိမ့်မည်။
အဖိုအိုကတော့......
"ဂုဏ်ယူပါတယ်။မင်းဒုတိယအဆင့်စမ်းသပ်ချက်ကိုအောင်မြင်ခဲ့ပါပြီ။နောက်ဆုံးစမ်းသပ်ချက်ကိုစမ်းသပ်ခံရမှာပါ။အခု မစမ်းသပ်ခင်  ဒီပစ္စည်းရဲ့ ဖြစ်တည်မူကို​ပြောပြသွားပါ့မယ်။ အကျိုးအာနိသင်ကတော့သင်လည်းသိပြီး​နေလောက်ပါပြီ။ကျွန်ပ်ကတော့ ဒီပစ္စည်းကိုစောင့်ရှောက်နေရတဲ့အစောင့်​ရှောက်ဖြစ်ပါတယ်။ဒီပစ္စည်းကတစ်စုံတစ်ယောက်လက်ထဲကိုသာ ရောက်သွားခဲ့ပြီးရင်တော့တာဝန်ပြီးဆုံးပါပြီ။
ဒီပစ္စည်းနာမည်က ထာဝရမကွဲ ဖြစ်ပါတယ်။လွန်ခဲ့သောနှစ်ပေါင်းနှစ်သောင်းနှစ်​​ထောင်က နတ်မင်းကြီးတစ်ပါးဟာသူအရမ်းကိုချစ်ရတဲ့ နတ်သမီးတစ်ပါးနဲ့ လက်ဆက်ခံနီးမှာပဲ သူ့ရဲ့ ချစ်သက်လက်ဆောင်ဖြင့် ဒီပစ္စည်းကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဂြိုလ်တွေက​​နေမှ ရှိသမျှ ဆွဲငင်အားတွေနဲ့သူ့ရှိတဲ့ နတ်အစွမ်းတစ်ဝက်ကျော်တိတိတောင် အကုန်ခံပြီးတော့   အချိန်နှစ်ငါးရာအကုန်ခံလို့သာ ဖန်တီးခဲ့တယ်။ သူနဲ့လက်ထပ်မယ့်နေ့မှာပဲအဲ့နတ်သမီးဟာတခြားနတ်တစ်ပါးနဲ့ လက်ဆက်သွားခဲ့တယ်။ ဒါဟာနတ်မင်းကြီးအတွက် အရမ်းကိုမှ နာကျင်စရာဖြစ်သလို သူဟာ ဘယ်အချစ်ကိုမှ မယုံကြည်မိတော့သလိုဖြစ်ပြီး အရမ်းဝမ်းနည်းခဲ့တယ်။ဒါပေမယ့်သူ့ဟာ လူ့လောကကို ကြည့်မိလိုက်တဲ့အချိန်မှာအချစ်အတွက်နဲ့ သက်သေကြတဲ့ ချစ်သူတွေကို တွေ့မြင်မိခဲ့ရသလို၊ ရိုးမြေကျသစ္စာရှိသွားတဲ့ စုံတွဲတွေကို သွားတွေ့မိချိန်မှာ လူသားတွေကို အားကျ​ကျေနပ်မိခဲ့လို့သာ ဒီပစ္စည်းကို  လည်းလူသားတစ်ဦးကပဲ လာယူနိုင်ရမယ်ဆိုတဲ့ အဓိဌာန်ကို ချပြီး ဒီအစီအရင်တွေကို ဖန်ဆင်းခဲ့တယ်။အဲ့ဒါကြောင့် ပထမဆုံ စမ်းသပ်မူကိုပြုလုပ်ခဲ့တယ်။ ဒီထဲဝင်လာသမျှနတ်တွေဟာ ​​မြူတောလမ်းထဲမှာ လမ်းပျောက်​ခဲ့ကြတာနဲ့ ပျက်စီးသွားခဲ့ကြတာနဲ့ကိုနတ်သက်တွေကြွေကုန်ကြတယ်။နတ်​​တွေကိုသာ ရန်မူခွင့်ပြုထားပြီး သ​​ဘောတူညီမူ​ရယူထားတဲ့ နတ်ဆိုးမိစ္ဆာ​​တွေနဲ့နတ်စားမိစ္ဆာလိုမျိုးအကောင်တွေကပါရှိနေခဲ့လို့ပဲ။ လူကောနတ်ကောသစ္စာရှိမူ​တွေကိုအထူးစမ်းသပ်ရအောင် ရမ္မက်သစ်ပင်ကိုပါထားရှိခဲ့တယ်။ သူ့ရဲ့ကျန်ရှိ​နေ​​သေးတဲ့အစွမ်းတွေကိုလည်း ဒီပစ္စည်းမှာပဲ အပြီးထပ်ထည့်ခဲ့တယ်။ သူ့ရဲ့ နတ်ဘဝကို ​တောင် အပျောက်ကွယ်ခံပြီးတော့ပေါ့။ ချစ်သူတစ်ဦးသစ္စာဖောက်​ခြင်းခံရတဲ့သူတစ်ဦးဟာဘယ်လောက်ထိကို နာကျင်ရလည်းဆိုတာ ခံစားဖူးမှပဲသိနိုင်ကြတယ်။ စကားနဲ့ပြောပြလို့နှစ်သိပ်​တဲ့စကားသာကြားကောင်း ကြားနိုင်ကြပေမယ့် ဝင်ပြီးဘယ်သူကမှမခံစားပေးနိုင်ကြပါဘူး။
ခံစားရသူရင်ကတော့အစိတ်စိတ်အမွှာမွှာ။

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Onde histórias criam vida. Descubra agora