Unicode
ဝမ်တိုင်းပြည်မှာကြော်ငြာချက်ကစာရင်းပေးသူများဖြင့် ခွက်ခွက်လန်အောင် တိုးမပေါက်အောင်စည်ကားသွားကြရတယ်။မိန်းမရှိသမျှအိမ်တိုင်းကြွက်အိမ်မကျ ကြွပ်ကြွပ်ညံအောင်ဆူညံနေကြပြီး ဘယ်လိုဝင်ပြိုင်ရမလည်း ဆိုတဲ့အကြံတွေအပြိုင်အဆိုင်တိုင်ပင်နေကြလေပေပြီ။တချို့အိမ်မှမိန်းမမဟုတ်ပေမယ့်ကော (ကလေးပင်မွေးနိုင်သလိုမိန်းမဆန်စွာလှရက်သောယောကျာ်းပျို)များကလည်း ဝင်လို့ပြိုင်ကြလိမ့်မည် မလွဲပင် ။အဲ့လိုမှ မဟုတ်ပဲ သမီးလည်းမရှိရုံမက ကောလည်းပါမရှိတဲ့အိမ်မျိုးတွေကတော့ အသံကုန် ဟစ်လို့ ငိုကြလေပြီ။ ဝမ်တိုင်းပြည်ကြီးကမ္ဘာ ပျက်နေတဲ့ ညပါပင်။
................
အဲ့လိုကမ္ဘာပျက်နေတဲ့ထဲမှာ မပါနိုင်တဲ့သူတွေထဲမှာ အဓိက တရားခံဝမ်ဘုရင်ပဲ။ အေးဆေးလွန်းလို့ဘေးနားရှိတဲ့ရှောင်းကျန်တစ်ယောက်တောင်ပြောယူနေရတဲ့အထိပင်။အဆိပ်တွက် မပူပင်နေတဲ့ဝမ်ရိပေါ်က အဆိပ်မိတဲ့သူလား။စိတ်ပူနေရတဲ့သူက အဆိပ်မိနေတဲ့သူလားဆိုတာ မသည်းကွဲသလို ခုသူက ဝမ်ရိပေါ်ရဲ့ ဝါးစားမတက်အကြည့်ကိုလည်းခံနေရသည်လေအဲ့ဝမ်ရိပေါ်ကအဆိပ်မိပြီးပဲဦးနှောင့်ချို့ယွင်းသွားတာလား။"ဝမ်ရိပေါ် ဘာဖြစ်လို့ငါ့ကိုအဲ့လိုမျိုးကြည့်နေတာလည်း။ ငါမနေတတ်တော့ဘူး။ မင်းအဲ့လိုလုပ်နေမယ်ဆိုငါထသွားတော့မှာနော်။မင်းအကြည့်တွေကိုပြင်အုံး။ အဆိပ်မိနေသူလား။ငါ့ကိုများစားမယ်ကြံနေတဲ့ ကျားလားမသိတော့ဘူး။ခုလွှတ်တော့ ငါ့လက်တွေကို"
ကုတင်ပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ သူ့ရဲ့လက်ကိုကိုင်ပြီးဝမ်ရိပေါ်ကတည့်တည့်စိုက်ကြည့်နေတာခုဆိုစစ်သူကြီးတွေထွက်သွားလို့ နှစ်နာရီလောက်ရှိနေတော့မယ်လေ။သူစိတ်မရှည်လာသလို နေလည်း မနေတက်တော့ဘူး။ဝမ်ရိပေါ် မျက်လုံးတွေထဲ သူနားမလည်သေးတဲ့အကြောင်းအရာတွေ မြင်နေရသလို။
"ရှောင်းကျန့်...မဟုတ်ဘူး...ကောကောလို့ခေါ်ပေးရမှာလား? တစ်သက်လုံး အဲ့လိုဆိုကော ကျွန်တော်ပြောတာကို လက်ခံပေးမှာလား?"
![](https://img.wattpad.com/cover/230134454-288-k313316.jpg)
ESTÁS LEYENDO
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Fanficမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode