26 Part. Let go to the party

3.6K 357 5
                                    

Unicode

ထွက်သွားဆိုတဲ့စကားနဲ့အတူအအော်အပြောခံရတာက သူ့အတွက် ဒါပထမဆုံးပဲ။တခြားသူဆိုအဲ့လိုပြောကြည့်ပါလား။အဲ့နားတင် ပစ်လဲသွားအောင်လုပ်ပလိုက်မှာ။တစ်ခါက နန်းတွင်းမှာအစ်ကိုတော်တို့နဲ့အတူ ဆော့နေတုန်း သူကိုအစ်ကိုသုံးကတွန်းတိုက်ကာ အော်ထုတ်လို့သူ့ကိုအော်ရမလားဆိုပြီးအစ်ကိုသုံးလက်ကို ဘေးမှာရှိ​နေတဲ့ အချွန်နဲ့ လှမ်းထိုးလိုက်လို့ သူနဲ့ဆိုဆော့မဲ့သူမရှိဖြစ်ခဲ့ရတာ။အာ့ကောကလွဲလို့ရယ်ပေါ့။ခုဝမ်ရိပေါ်ကအော်ထုတ်တယ် ဒေါသတကြီးနဲ့လေ။ သူဘာမှားလို့လည်း အရင်စိတ်နဲ့ဆို ဒေါသအလိပ်လိုက်ထွက်ရမယ့်အစား ဝမ်းနည်းမူက တရိပ်ရိပ်တက်လာကာမျက်ဝန်းထဲမှာ မျက်ရည်ကြည်လေးတောင်ဝဲလို့။ ဝဲလာတဲ့မျက်ရည်ကို ဦးမော့သိမ်းလို့ ဝမ်ရိပေါ်ကို စေ့စေ့ကြည့်လိုက်တယ်။

"မင်း...မင်း.... ငါ့..... ငါကို တွန်းထုတ်တယ်..."

ဆိုတဲ့စကားကို အထစ်ထစ် အငေါ့ငေါ့ ပြောရင်းလှည့်ထွက်ဖို့ ပြင်တယ်။ လှည့်မထွက်​ပြီး​ခင်စကားတစ်ခွန်းကိုတော့ ရအောင်ထပ်ပြောခဲ့တယ်။

"ငါကိုမလိုအပ်တဲ့နေရာ၊မနေစေချင်​နေတဲ့သူတွေအနားမှာ ငါကဘယ်တော့မှ နေဖို့ စဥ်းစားမှာမဟုတ်သလို ဘယ်သူကမှ တားမြစ်ပိုင်ခွင့်မရှိဘူး"

.......................

"သခင်လေး!"

"အင်း...."

ပြန်ဖြေသံက အားမပါ။

"ဟို သူတိုရဲ့ မိဖုရားရောက်တော့မယ်။သွားမကြိုတော့ဘူးလား?အကုန်လုံးကတောင်ထွက်ကြိုနေကြပြီ။ အိမ်ရှေ့စံတောင်ပါတယ်"

ဘာလိုလိုနဲ့ သူအိမ်ရှေ့စံနဲ့ မျက်နှာချင်းမဆိုင်တာ သုံး​၊လေးရက်ရှိပြီ။ သူ့အိပ်ဆောင် ပြန်မအိပ်သလိုအတွေ့လည်းမခံမိခဲ့ပေ။သူ့အတွက်ကိုအဆင်ပြေနေဖို့လျန်ယဲ့ကပဲဖန်ဆင်းပေးခဲ့သည်။
သူ့ကိုလိုက်မရှာတဲ့ဝမ်ရိပေါ်ကသူပျောက်ရှသွားမှာကိုမစိုးရိမ်တော့သလို သံသယရှိသူအဖြစ် မသက်မှတ် တော့တာလည်း ဖြစ်ပေလိမ့်မည်။အင်း​ပေါ့ သူ့ရဲ့ပယောဂမကင်းတဲ့ ကူညီမူကြောင့်ရှောင်းစစ်တပ်ကြီးကျရှုံးသွားခဲ့ရပြီးပြီပဲ။အဲ့တော့အာ့ကောကရှောင်းပြည်ကို ပြန်မလာနဲ့ပြောခဲ့တာသူဆီမလာပါနဲ့ လို့ပြောတာမဟုတ်ခဲ့တာ။သူအာ့ကောဆီ ရှာပြီးပဲ သွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ။

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Onde histórias criam vida. Descubra agora