48 Part. Are you love me?

3.4K 283 7
                                    

Unicode

ဘာလိုလိုနဲ့ သူဒီလိုနေနေရင်းနဲ့ကိုမှပဲ နှစ်ပတ်မြောက်လာပြီ။တစ်လပြည့်ဖို့ ဘယ်လောက်မှ မလိုတော့တာပဲ​ဖြစ်​ပေသည်။ခုထိလည်း ဘာမှကိုထိထိရောက်ရောက်လုပ်နိုင်တာမရှိ။ လင်တစ်ယောက်ပဲ အဖက်တင်နေသည်။ အဲ့လင်ကလည်း သူ့အားမျက်စိအောက်ကနေကို အပျောက်မခံနိုင်လို့ကိုမှသူ့မှာ ပြသနာဖြစ်နေခြင်းပင်မဟုတ်ပါလား။သူလည်းဝမ်ရိပေါ်ဆိုတဲ့ လင်တော်​မောင်ကို ချစ်လွန်းလို့ကို အခုလို သူ့ဘဝတွေကို ပေးထားခဲ့သည်ပင်ဖြစ်သည်။အချိန်တန်ရင် သူ့များမိဖုရားသွားလုပ်ရမယ့်အကြောင်းရိပေါ်များပြောကြည့် ကောင်းကင်သွားပြီးမီးတက်ရှို့လို့ရရင်ရှို့မယ့်ပုံရှိလောက်သည်။မဖြစ်သေးပါ။အဲ့လိုပေးသိလို့ကို မဖြစ်ဘူး။
ခေါင်းတခါခါနဲ့ကိုရှောင်းကျန့်တစ်ယောက်မှာ ဘုရင့်အဆောင်တော်ရှေ့ငူငူငိုင်ငိုင်။သူ့အရှေ့ကဖြတ်သွားတဲ့ ထန်ကုန်းကုန်းကို တွေ့တော့မှ အသိဝင်​ပြီး အလန့်တကြားလှမ်းမေးရသည်။ဟုတ်တယ်။ မနက်တည်းက ရိပေါ်သူ့ကို လုပ်ပေးစရာရှိတာတွေသာလုပ်ပေးပြီးသွားစရာရှိသည်​ဟု​ ပြောကာ ထွက်သွားပြီးတည်းက ခုထိ သူ့ဆီပြန်မရောက်လာသေး ဘယ်ရောက်လို့ သွားမှန်းမသိ အရင်က ရိပေါ်က။ အဲ့လိုမှ မဟုတ်တာ။

"ထန်ကုန်းကုန်း...ထန်ကုန်းကုန်း!!!ရပ်အုံး... အဲ့မှာ... ခဏနေအုံးလို့...."

"ဟုတ်ကဲ့ မိဖုရားအမိန့်ရှိပါ"

ခေါင်းညွှတ်​ပြီးအရိုအသေပေးနေတဲ့ထန်ကုန်းကုန်းကို ရတယ် မလိုဘူးဆိုတဲ့ အဓိပ္ပါယ်ပြသလိုနဲ့သူလက်ခါပြကာမေးစရာရှိတာမေးလိုက်သည်။

"ဝမ်မင်းကြီး ဘယ်မှာလည်း? ငါကို မနက်ထဲတည်းကနေပစ်ထားပြီး ခုထိလည်း မပေါ်လာသေးဘူး။မင်းသိလား?သူဘယ်နားမှာရှိတယ် ဆိုတာ။ခုမိုးတောင် ချုပ်တော့မယ်လေ"

"မိဖုရားပဲအမျိုးမျိုးအရင်နေ့တုန်းကတော့ မတွေ့ချင်သလိုလိုနဲ့။ခုကဘာလို့ မေးနေရပြန်တာတုန်း?"

အေးဟေ။မင်းဘုရင်ငါ့စိတ်ပျက်လာအောင် လိုက်နှောင့်ယှက်ဖို့လို့ကိုအော်ပြောလိုက်ရင်ဖြင့် ဟွန်း....ဟွန်း..... စိတ်ထဲသာကြိမ်းရဲတာ အပြင်မှာတော့ ပြောမထွက်ဖြစ်။

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Where stories live. Discover now