22 Part. Yes or No

4K 372 2
                                    

Unicode

"သခင်လေး"

"ဘာကြီး!!!"

မကောင်းဆိုးဝါးမကသခင်လေးလို့ခေါ်လိုက်သံကစစ်သူကြီးတွေကတောင်အလန့်တကြားဖြစ်ရတယ်။ပြိုင်တူ အော်သံတောင် ထွက်လို့ရယ်ပေါ့။

"လျန်ယဲ့... လျန်ယဲ့... ငါ့ကို သခင်လေးလို့ မခေါ်ပါနဲ့လို့ဘယ်လောက်ပြောထား ပြောထားနင်ကတော့ခေါ်နေတော့တာပဲ။ထားလိုက်ပါ။လောလောဒီပြသနာကိုအရင်ရှင်းပေးရမယ်။နို့မို့ဆိုသူတို့ကအထင်လွဲလို့ဆုံးမှာမဟုတ်ဘူး၊အဲ့တော့ ငါအရင်ရှင်းပြလိုက်အုံးမယ်။ နင်ကပါ လိုက်ရှင်းပြလိုက်ဟုတ်ပြီလား"

"ဟုတ်ကဲ့ သခင်လေး"

သခင်းလေးမခေါ်ဖို့ဘယ်လောက်ပြောပြောမရတဲ့အဆုံး ခေါင်းခါပြီးသာ လက်လျော့လိုက်တယ်။

"တကယ်တော့သူက ငါနဲ့ နည်းနည်းတော့ ပက်သက်ခဲ့တယ်ဆိုတာ မှန်တော့မှန်ပါတယ်"

"ဘာ"

ဝမ်ရိပေါ်ရဲ့ဘာဆိုတဲ့အသံနဲ့အတူ စစ်သူကြီးတွေရဲ့မျက်လုံးတွေကပါ ပြူးကျယ်ကုန်ကျတယ်။ကျန်းချန်ရဲ့အမှောင်စကားကြောင့်သူပါ မျက်နှာ ပူလာရတယ်။ အဲ့ကျန်းချန်ဆိုတဲ့ အကောင်ကအဲ့တောထဲကကိုထွက်ကိုမထွက်နိုင်ဘူး။တစ်ချိန်လုံးကိုမှောင်နေတာပဲ။(အဲ့ဒါကြောင့် အပျိုကြီးဖြစ်နေရတာပါရှင်😁😁😁)

"အေးလေ။ဒီလောက်လှတဲ့ မိန်းကလေးနဲ့မှ မပက်သက်ဘူးဆိုရင်သာထူးဆန်းသွားမှာ၊မင်း သူ့နဲ့ ဘယ်နှစ်ခါတောင်မှားခဲ့ပြီးပြီလည်း? သူ့ကို မကောင်းဆိုးဝါးဆိုပြီး လုပ်ချင်တိုင်းလုပ်ပြီး ပစ်ထားခဲ့တာတော့ မဟုတ်ပါဘူးနော်?"

"ကျန်းချန်... မင်းအဲ့ ပါးစပ်ကြီးကို ပိတ်ထားမလား ငါသူ့ကိုပိတ်ခိုင်းရမလား"

ကျန်းချန်စကားကြောင့် ဒေါသထွက်လာရတဲ့ သူ လူထသတ်ချင်လာတာမို့ လျန်ယဲ့ဘက်ကိုလက်ညိုးထိုးပြပြီးခြိမ်းခြောက်​​ပြီးပါးစပ်ပိတ်ခိုင်းရတယ်၊မဟုတ်ရင်ဒင်းကိုသူကိုယ်တိုင်က ထလုပ်မိလိမ့်မယ်။ ဝမ်ရိပေါ်ကိုခိုး​ပြီး  ကြည့်လိုက်​တော့ သူ့ကိုမျက်​မှောင်ကျုံ့ပြီး စိုက်ကြည့်နေ​ပြန်တယ်လေ။

ရန်သူ. စစ်သား. ကြင်ယာတော် (Completed) Where stories live. Discover now