Unicode
မနက်ခင်းနိုးထလာမူက ကြွပ်ကြွပ်ညံဆူလို့နေတယ်။ ဘာတွေဖြစ်လို့ ဆူညံနေတာလဲ သိရအောင် မေးမယ် ကြည့်လိုက်တော့ အရင်နေ့တွေလိုအိမ်ရှေ့စံက သူ့အနားကိုရောက်မလာခဲ့ဘူးပဲ။ ကိုယ့်ဘာသာ မျက်နှာသစ်ဖို့ လုပ်နေတဲ့ ရှောင်းကျန့်ရှိရာကို အသံ လွင်လွင်နဲ့ လျန်ယဲ့ ရောက်လာတယ်။
"သခင်လေးနိုးလာပြီလား။ဒီမှာသခင်လေး
မျက်နှာသစ်ဖို့လေ ပြင်လာတယ်။ ပန်းနံ့ပါရောထားတော့ လန်းတာပေါ့။ နန်းတွင်းက အပြင်အဆင်တွေထက် ပိုသာရစေမယ်လို့ အာမခံတယ်။""နန်းတွင်းဆိုတာ ဘာကို ပြောချင်တာလဲ"
"သခင်လေးကဘယ်သူ၊ ဘယ်ကမှလာတယ်၊ ဘာတွေကိုလုပ်တတ်တယ်၊ဘာမှစားတယ်ကအစလျန်ယဲ့အကုန်သိတယ်ဆိုသခင်လေးယုံမလား?"
မျက်တောင်ပုတ်ကလဲ့ပုတ်ကလဲ့လုပ်ပြနေတဲ့ လျန်ယဲ့ပုံကသူများတွေဆို ရင်တောင်တုန်စေတဲ့ အပြုအမူ ဆိုပေမယ့် ရှောင်းကျန့်အတွက် ဘယ်လိုမှ မခံစားရပေ။ ဘာလို့လည်းဆိုတာကို စဥ်းစားမိတော့ အဖြေက ထွက်မလာ။ ဝမ်ရိပေါ်နဲ့ဆို မျက်လုံးလေးဆုံမိတာနဲ့ ရင်တုန်ရနဲ့ ရှက်ရတာနဲ့လေ။ ထားလိုက်ပါ။ မစဥ်းစားတော့ဘူး အဲ့ဒါအရေးမကြီးပါဘူး။ ဝမ်ရိပေါ်ဆိုမှ ဘာလို့ ဝမ်ရိပေါ်က သူ့ကို မျက်နှာသစ်ဖို့မလုပ်ပေးတော့တာလည်း တွေးမိတော့ နည်းနည်းတော့ဝမ်းနည်းသွားတယ်။ဟုတ်ပါတယ်လေသူ့လို ရန်သူဘက်ကလူက ဝမ်တိုင်းပြည် အိမ်ရှေ့စံဆီ ဘာကိုများ မျှော်လင့်နေချင်တာလဲ။
"အေးပေါ့။ဖြစ်သင့်ပါတယ်လေ လျန်ယဲ့ပဲဟာ။ လျန်ယဲ့!"
"ဟုတ်သခင်လေး"
"ညက နင်ဘယ်လိုလုပ် ငါ့နားရောက်လာတာလဲ"
"သခင်လေးစိတ်ညစ်နေတာမို့ အေးဆေးပြီးတိတ်ဆိတ်တဲ့တစ်နေနေရာမှာတော့ သွားပြီး နေလောက်မယ်ထင်လို့ လိုက်လာတာ။ လျန်ယဲ့ အတွက် သခင်လေးကို ရှာရတာမခတ်ပါဘူး။သခင်လေးကိုယ်ရဲ့ကြာပန်းနံ့က မှတ်ရလွယ်တယ်လေ။"
"ဟုတ်ပါတယ်လေ။မင်းတို့က လူသားတွေရဲ့ အနံ့ကို ခံစားနိုင်စွမ်းအားများမှန်း"
STAI LEGGENDO
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Fanfictionမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode