Unicode
သူမြင်းပျံနားအမြန်သွားလို့မြင်းကို ပွတ်သက်ပေးလိုက်တယ်။ ဘယ်သူကိုမှ အကပ်မခံခဲ့တဲ့ မြင်းတစ်ကောင်ဟာ သူ့သခင်အလား ရှောင်းကျန့်ကို မစိမ်းတဲ့အကြည့်က အကူညီတောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်လို့နေတယ်။ ဟိုနှစ်ယောက်ကတော့ တိုက်ဖို့ အသင့်ပြင်နေကြပြီလေ။သူ့မှာပါလာတဲ့ဓါးမြှောင်ကိုထုတ်လို့ တလက်လက်ထနေတဲ့ ကြိုးကို ဖြတ်ဖို့ ကြိုးစားလိုက်တယ်။ဆရာပေးထားတဲ့ ဓါးဟာ ဒီအခါမှာတော့အသုံးဝင်ဖို့ ဆုတောင်းမိတယ်။ဆရာကပြောဖူးတယ်။ဒီဓါးကတောင်ကိုတောင် ဖြိုလို့ရသလိုမိုးကြိုးကိုတောင် ခံတိုက်လို့ရတယ်တဲ့။သူစမ်းလို့သုံးကြည့်ရမှာပဲလေ။ကံကောင်းတာလား။ဆရာပြောတာမမှားတာလားမသိပေမယ့် သူ့ဓါးအစွမ်းကြောင့် ချည်ထားတဲ့ ကြိုးဟာ ခုတော့ကသူမဟုတ်သလိုနဲ့ အပ်ချည်မျှင်ဖြတ်ရသလို ပျက်လို့ပဲ သွားခဲ့ရတယ်။သူမြင်းပေါ်တက်လို့ ဝမ်ရိပေါ်ရှိရာကို အမြန်ထပ်သွားရမယ်။ အချိန်မရှိဘူး။ တာရိုးကျိုး လာတော့မယ်လေ။ တိုင်းပြည်နှစ်ပြည်ကို ပိုင်းခြားသလို လုပ်ထားတဲ့ ရေတာရိုးတစ်ခုဟာပေါက်လာတာနဲ့ကို ဒီရေတက်လာသလို အရှိန်နဲ့ဆင်းလာမှာကို သူအချိန်မှီ လွတ်နိုင်မှ ရမှာ။
...........
"ကဲဝမ်ဘုရင် ကျွန်တော်တို့ သွားရအောင်"
ရှောင်းမင်းသား၃က ဝမ်ဘုရင်ကို ထူပြီးသွားဖို့ ဝိညဥ်တစ္ဆေကို မေးငေါ့လို့အမိန့်ပေးလိုက်တယ်။အဲ့အချိန် လေအလျင်လို သူတို့အရှေ့ရုတ်တရက်ရောက်လာတဲ့ သူတွေကို ကြည့်လိုက်ကြတယ်။
"ဒီလိုလွယ်လွယ်နဲ့ ဘယ်ပြေးလို့ရပါ့မလည်း။တပွဲတလမ်းတော့ ဆက်နွှဲကြတာပေါ့။မဟုတ်ဘူးနွှဲစရာကိုမလိုတာပါ။"
လျန်ယဲ့ စကားကြောင့် မျက်နှာပျက်သွားတဲ့တစ္ဆေနဲ့ရေမိစ္ဆာမဟာပြေးဖို့လုပ်တော့တယ်။သူတို့ပြိုင်တိုက်ရင်တောင်ရှုံးနိုင်တယ်ဆိုတာ သူတို့ကိုကအလိုလိုသိတယ်လေ။အဲ့အချိန်မှာ အလိုက်သိတဲ့ လျန်ယဲ့နဲ့ ဝမ်စွေ့က ကျုပ်တွေနဲ့သူတို့ပြေးမလွတ်အောင်ကို အမြန်ဖမ်းလိုက်ရတယ်။အဲ့အဖြစ်ကိုကြောင်ပြီးကြည့်နေမိတဲ့ ရှောင်းမင်းးသား၃ဟာ ခုမှအသိဝင်တယ်။သူတစ်ယောက်တည်းနဲ့ဒီနှစ်ယောက်ကိုဘယ်လိုတိုက်ရမှာလည်း။
ВЫ ЧИТАЕТЕ
ရန်သူ. စစ်သား. ကြင်ယာတော် (Completed)
Фанфикမင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode Credit for all photo .............. မင်းအတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးကြီး သေပေးရဲတယ်။ Wangyibo & Xiaozhan yizhan zawgyi & unicode