ကျွန်တော့်နာမည်က ရှောင်းကျန့်
အသက်က 16နှစ် အထက်တန်းပထနှစ်တက်နေတဲ့ကျောင်းသား ကျွန်တော့်ပါးပါးက ကုမ္ပဏီတစ်ခုရဲ့ပုံမှန်ဝန်ထမ်းတစ်ယောက် မားမားက စွပ်ပြုတ်ဆိုင်လေးကိုတစ်နိုင်ဖွင့်ထားပြီး ဒေါ်လေးကဆိုင်ရှေ့မှာ ရာသီပေါ်သစ်သီးလေးတွေရောင်းတယ်....ကျွန်တော်မိသားစုဝင်ကကျွန်တော်အပါအဝင်လေးယောက်ပဲရှိတယ်..ပါးပါးမားမားရယ် ဒေါ်လေးရယ် ကျွန်တော်ရယ်..
ကျွန်တော်က သာမန်ဆန်တဲ့ကောင်လေးတစ်ယောက်ပါ လူလတ်တန်းစားတွေတက်တဲ့ သာမန်ကျောင်းလေးမှာ အလယ်အလတ်အဆင့်နဲ့ အရာအားလုံးကသာမန်ပါပဲ...
ဒါပေမဲ့ ကျွန်တော့်မှာအားနည်းချက်ရှိတယ်..ကျွန်တော်ရဲ့ရုပ်ရည်ကတော့ သာမန်မဆန်ခဲ့ဘူး ကျွန်တော်ကရုပ်ဆိုးဆိုးကောင်လေးတစ်ယောက်ပဲ..
အသားညိုတယ် ဝတယ် မျက်မှန်ကြီးတကားကားနဲ့ ကျွန်တော့်ကိုကျောင်းကသူတွေက ဝက်ရုပ်ဆိုးလို့ခေါ်ကြတယ်...
သာမန်ကျောင်းလေးဖြစ်နေသည့်တိုင် လူချမ်းသာမိသားစုကသားသမီးတွေကရှိနေသည်မို့ ကျွန်တော်တို့လိုလူတန်းစားတွေက သူတို့အတွက် လှောင်ပြောင်စရာအနိုင်ကျင့်စရာ ရုပ်သေးရုပ်တွေပဲ...
တစ်စုံတစ်ယောက်တော့မပါခဲ့ဘူးပေါ့...
^^^^^^
ဒီနေ့ကလည်း ကျွန်တော့်အတွက်သာမန်ဆန်တဲ့နေ့လေးပါပဲ..မနက်စောစော မားမားကိုဆိုင်ကူခင်းပေးပြီး ဒေါ်လေးအတွက် သစ်သီးတွေသယ်ပေးတယ်...မားမားပြင်ထားတဲ့မနက်စာကို ပါးပါးနဲ့အတူစားပြီး သားအဖနှစ်ယောက်ဘတ်စ်ကားဂိတ်ကိုအတူသွားကြတယ်...
မိုးဖွဲဖွဲလေးကျနေတဲ့ရာသီဥတုကြောင့် အနွေးထည်မယူလာမိတာကို နောင်တရသွားသည်။..သိပ်တော့မထူးပါဘူး အနွေးထည်ယူလာမိလည်းသူဝတ်ရမှာမှ မဟုတ်တာ အတန်းထဲကသူ့ကိုအနိုင်ကျင့်နေကြ ချန်းမင်တို့အဖွဲ့ကပဲလုဝတ်ကြမှာလေ...
ပါးပါးနဲ့စီးမယ့်ကားမတူတာမို့ ကျွန်တော်ကအရင်ထွက်လာရသည်။..ကားပေါ်ကလူသိပ်မကျပ်ပေမဲ့ ထိုင်စရာခုံတွေကတော့ပြည့်နေလေပြီ ဒါလည်းပုံမှန်ပါပဲ...
YOU ARE READING
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...