Chapter-1

13K 376 2
                                    

ယနေ့

မောင်...

Maung ဆိုတဲ့ကော်ဖီဆိုင်လေးထဲကို လှမ်းဝင်လာတဲ့လူတစ်ယောက်ကြောင့် မောင့်ရင်တွေ ဗြောင်းဆန်အောင်ခုန်လှုပ်သွားတယ်...

ရင်းနှီးနေတဲ့ ရနံ့သင်းသင်းနဲ့... ရင်းနှီးခဲ့ဖူးတဲ့သူ... ရင်းနှီးခဲ့ဖူးတဲ့ ပုံရိပ်လေးတစ်ခုနဲ့အတူ မောင်မေ့ပစ်ထားတဲ့ ဒါမှမဟုတ် မောင်မေ့နေတဲ့ မှတ်ဉာဏ်တစ်ချို့ကို အစပြန်ဖော်ဖို့ အချိန်ရောက်ခဲ့ပြီ...။ မောင့်အိမ်ကိုအပြေးလေးပြန်လာခဲ့တယ်...။ အခန်းထောင့်လေးမှာထိုင်ပြီး... ရင်စုံကိုလက်ဖြင့်ဖိကာ တွေတွေကလေးငေးရင်းပေါ့...။

အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ အပန်း၊ ခရမ်း။

စာအိတ်ကလေးတွေစုံလို့...။ မောင့်အခန်းထောင့်က ကပ်ထူပုံးထဲမှာပေါ့။ အားလုံးက မောင် တက္ကသိုလ်ကျောင်းသူဘဝတုန်းက ရထားတဲ့ ရည်းစားစာတွေလေ။

အခုတော့ မောင့်အခန်းထောင့်မှာ အမှိုက်ထုပ်ကလေးတွေဖြစ်နေပြီ... မောင် အဲ့ဒီစာအိတ်တွေကို လွှင့်ပစ်ဖို့တော့ စိတ်ကူးခဲ့သေးတယ်။ ဒါပေမဲ့ မလွှင့်ပစ်ဖြစ်သေးဘူး... တမင်အပျင်းဖြေဖတ်ပြီး ရယ်ရအောင်လို့ထား ထားတုန်း။ တက္ကသိုလ်ကျောင်းသူဘဝ အမှတ်တရလေးတွေမရှိမှာလည်းစိုးတယ်လေ...။

မောင် နေတဲ့ တိုက်ခန်းလေးရဲ့ နောက်ထပ်ထောင့်တစ်နေရာမှာတော့ ရောင်စုံပန်းစည်းတွေ၊ အမွှေးပွဝက်ဝံရုပ်တွေ... ရင်ဘတ်မှာ' I Love You'လို့တပ်ထားတဲ့ ခွေးရုပ်လေးတွေ၊ အသည်းပုံ..ချောကလက်ဗူးခွံတွေ... အိုး..အများကြီး... အားလုံးက မောင့်ကို ညိုးငယ်စွာကြည့်နေကြတယ်။ သူတို့ကို ပေးခဲ့တဲ့လူတွေလိုပဲ။

သူတို့ကို ပေးခဲ့တဲ့ လူတွေနဲ့ပြတ်သွားပြီးနောက်မှာ မောင်ဘယ်တော့မှ သူတို့ကိုလှည့်မကြည့်ခဲ့ဘူးလေ...။ အဲ့ဒါကြောင့် သူတို့လေးတွေညိုးငယ်နေကြတယ်ထင်ပါရဲ့...။ မောင်လည်း မတတ်နိုင်ဘူး...။ မောင့်အတွက်တော့ သူတို့တွေက အရှုပ်ထုပ် အမှိုက်သာသာပါပဲ။

အချစ်ဆိုတာ ဘယ်လိုမျိုးလဲ... မောင်မသိဘူး။ သိလည်းမသိချင်ဘူး... သိဖို့လည်း မောင့်အတွက်တော့ မလိုအပ်ဘူးလို့ထင်တယ်...။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now