Chapter-32

1.9K 205 10
                                    

From Chapter-25:

"မောင်... ကိုယ့်ကိုမုန်းနေသေးလား..."

မောင့်ဘက်က ခေတ္တတိတ်ဆိတ်သွားတယ်။

ဆယ်တန်းစာမေးပွဲဖြေပြီးတုန်းက မောင်ဟာ အမှားတွေလုပ်ခဲ့မိတဲ့ မောင့်ရဲ့ အတိတ်တွေကို အတတ်နိုင်ဆုံးပြန်မတွေးမိအောင်နေခဲ့တယ်။ တစ်ခါမှ မတွေးမိတဲ့အခါ ဘာတွေဖြစ်ခဲ့သလဲဆိုတာတောင် မေ့နေခဲ့ပြီ။ မောင် အထက်တန်း ကျောင်းကို မိုးညှင်းမှာ သွားတက်ခဲ့တယ်၊ မောင်ပင်ပန်းခဲ့ရတယ်... ဒီလောက်ပဲ အကြမ်း ဖျင်းမှတ်သားထားတယ်။

အမှန်တော့ မောင်ဟာ မောင့်ရဲ့ လုပ်ရပ်တွေအတွက် ဘယ်သောအခါမျှ နောင်တမရချင်ခဲ့ဘူး။ မောင်က နောင်တ,တရားကို ရှောင်တယ်။ အတိတ်ကိုပြန်တွေးပြီး နောင်တရနေမယ့်အစား မောင်လုပ်ခဲ့တာတွေဟာ အမှန်လို့ပဲ တွေးပြီး အဲ့ဒီအတိတ်ကို မေ့ပစ်လိုက်တယ်။

ဒါပေမယ့် အဲ့တာတွေဟာ မောင်တကယ်မေ့သွားခဲ့တာမဟုတ်ပဲ အခိုက်အတန့်အားဖြင့် မေ့ချင်ယောင်ဆောင်ထားနိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ မိုးဆောင်းတစ်ယောက် မောင့်အနီးကို ပြန်ရောက်လာချိန်မှာတော့ မောင်မေ့နေခဲ့တဲ့ ဒါမှမဟုတ် တမင်တကာ မေ့ပစ်ထားခဲ့တဲ့ အတိတ်ဟာ အမြစ်ကနေ အစအဆုံး ပြန်ပေါ်လာခဲ့ပါပြီ။

"ဟင့်အင်း... မောင် မိုးဆောင်းကို မမုန်းခဲ့ပါဘူး...."

မောင်က လေသံတိုးတိုးညင်းညင်းလေးပြန်ဖြေတယ်။

ကတယ်က မောင်တစ်ယောက် ငယ်ရွယ်ရူးမိုက်ခဲ့တဲ့အချိန်မှာ မိုးဆောင်းကလည်း ငယ်ရွယ်ရူးမိုက်ခဲ့တာပဲ။ 'မောင်ကတော့ ယူ့ကိုမုန်းတယ်' လို့မောင့်ဆီက ကြားတဲ့အချိန် ဒီစကားဟာ မောင့်အသည်းထဲက လာတာမဟုတ်ပဲ နှုတ်ဖျားတင်ပဲလားဆိုတာ မိုးဆောင်းမတွေးမိခဲ့ဘူး။ တစ်ခါလေးတောင် မောင့်ဘက်က ခံစားချက်တွေကို မတွေးကြည့်ခဲ့ဖူးဘူး။ မိုးဆောင်းအမြင်မှာ မောင်ဟာ အတ္တကြီးတယ်၊ အသည်းနှလုံးမရှိဘူး၊ အချစ်ကိုမလိုအပ်ဘူး လို့ထင်မှတ်ထားခဲ့တာ။ အိမ်နဲ့ ခွဲခဲ့ရလို့၊ အိမ်ကိုလွမ်းလို့ ညဘက်တွေမှ စောင်ခြုံထဲမှာ တိတ်တိတ်ကလေးငိုရှာတဲ့ မိန်းကလေးငယ်တစ်ယောက်ကိုရော မိုးဆောင်းမမြင်ခဲ့လေရော့သလား....။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Opowieści tętniące życiem. Odkryj je teraz