Chapter-3

3.1K 244 2
                                    


သူထွက်သွားတော့ မောင်လည်း စာကြည့်ခန်းကို သွားဖို့ရာ စာအုပ်တွေပြင်ဆင်ရတယ်။ အဲဒီအချိန်မှာပဲ... မောင်နဲ့မျက်နှာချင်းဆိုင် ဟိုဘက် ခုတင်မှာ... မူယာဆိုတဲ့ကောင်မလေးက ငုတ်တုတ်ထိုင်နေတာကို တွေ့လိုက်ရတယ်။

အဝတ်လှန်းတဲ့နေရာကနေ ဘယ်အချိန်ပြန်ရောက်လာမှန်းမသိဘူး။ ဝင်လာတာလဲ မတွေ့မိဘူး။ စောစောကပဲ အိမ်သာထဲဝင်သွားသေးတဲ့ဟာကို...။ ဒါပေမဲ့ မောင်တို့က တွေ့ပြီးသားတွေမို့... မောင်သူ့ကို ပြုံးပြလိုက်တယ်။

သူက ပြုံးတော့ ပြန်ပြုံးပြပါတယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေက ကြောင်တောင်တောင်နဲ့... မောင့်ကို အခုမှ တွေ့ဖူးတဲ့လူလို...။ မောင့်ကို များ မမှတ်မိတာလား... ဦးနှောက်သိပ်မကောင်းဘူးနေမှာပါ။ ထားခဲ့တော့...။ မောင်စာကြည့်ခန်းဘက်ကိုပဲ စာအုပ်တွေပွေ့ပြီး ထွက်လာခဲ့တယ်။ ယောက်ျားလေးစာကြည့်ခန်းကိုလည်း ဖြတ်ခဲ့ရသေးတယ်...ဟူး....။

စာကြည့်ခန်းထဲရောက်တော့ မောင်မျက်လုံးပြူးသွားတယ်။ စောစောကတင် အခန်းထဲမှာ တွေ့ခဲ့တဲ့ မူယာက အခုစာကြည့်ခန်းထဲ ရောက်နေပြန်ပြီ။ ဆံပင်ရှည်ရှည်လေးနဲ့ စပန့်ဝမ်းဆက်ဝတ်ထားတုန်းပဲ... ဘယ်လိုပါလိမ့်...။ ဘာပဲ ဖြစ်ဖြစ်မောင်သူ့ကို ပြုံးပြလိုက်ပြန်တယ်။ ဒီတစ်ခါ မူယာက ပြန်မပြုံးပြဘူး။ ဒီအတိုင်း... ကြောင်တောင်တောင်နဲ့ပဲမောင့်ကို  ပြန်ကြည့်နေတယ်။ သူ့ဘေးမှာက စောစောက တွေ့ခဲ့တဲ့ မောင့်ကို မောင်လို့ခေါ်တဲ့လူ။

သူတို့နှစ်ယောက်က အတူတူထိုင်ပြီး Blue Mountainသောက်နေကြတာ...။

'ဘယ်တုန်းကလာခဲ့တာလဲ...'

မောင်က မူယာကို မေးလိုက်တယ်။

"သူက 'မူယာ' မဟုတ်ဘူး 'သူဇာ' ..."

ဆရာကြီးဆိုဒ်နဲ့လူက မောင့်ကို တိုးတိုးကပ်ပြောလာပြန်တယ်။ သူပြောပြတာ ကျေးဇူးတင်ရမယ်။ အဲ့တော့မှ မောင်လည်း သဘောပေါက်တယ်။

'အော်...သူတို့က အမြွှာတွေလား...'

'အင်း...'

နှစ်ယောက်စလုံး ခေါင်းညိမ့်ပြတယ်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Opowieści tętniące życiem. Odkryj je teraz