Chapter-30

1.7K 173 13
                                    

မနက်လေးနာရီခွဲမှာ ဆရာတို့က တံခါးခေါက်သံ သုံးချက်ပေးပြီး ဂိုထောင်ကို ရိုက်ဖွင့်လိုက်တယ်။ တစ်ညတာကို အန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ပြီဖြစ်တဲ့အတွက် မိုးလင်းမှ သက်ပြင်းချနိုင်ကြတယ်။ မိုးဆောင်းအတွက်တော့ ရင်ခွင်ထဲမှာ မောင့်ကိုထွေးပွေ့ထားခွင့်ရတဲ့ညတွေဟာ အန္တရာယ်အတိပြီးပါစေ မိုးမလင်း စေချင်ခဲ့ဘူး။ ဖေဖေနဲ့မေမေ့ရဲ့ ကံကြမ္မာကို မိုးဆောင်းနဲ့ မောင်က တစ်ကြော့ပြန် သက်ဝင်ခံစားရခဲ့သလား....။

လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်အချိန်က ဒီမြေမှာ ဒီလိုစစ်ပွဲတွေဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက မိုးဆောင်းရဲ့ မေမေဖြစ်လာမယ့် မိန်းကလေးငယ်ဟာ အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် အရွယ်သာရှိခဲ့သေးတယ်။ သူမတောင်တန်းတွေပေါ်မှာ ဟင်းရွက်ခူးသွားရင်း ပြန်ပေးဆွဲခံခဲ့ရတယ်။ တောတွင်း တပ်ထဲကိုရောက်တော့ မိုးဆောင်းရဲ့ ဖေဖေဖြစ်လာမယ့် အမျိုးသားတစ်ယောက်ရဲ့ တပ်စိတ်ထဲမှာ အမှုထမ်းရတယ်။

တကယ်တော့ ဖေဖေဟာလည်း ငယ်ငယ်လေးကတည်းက ပြန်ပေးဆွဲခံခဲ့ရပြီး အရွယ်ရောက်လာတဲ့အခါမှာ တပ်ထဲမှာ ရာထူးတစ်နေရာတောင် ရလို့နေပါပြီ။ မေမေရောက်လာတဲ့အခါ သူတို့နှစ်ဦး ချစ်ကြိုက်သွားကြပြီး တပ်ထဲမှာပဲ ယူလိုက်ကြတယ်။ ပထမဦးဆုံးကလေး ဗိုက်ထဲရှိလာတဲ့ အချိန်မှာမှ သူတို့နှစ်ယောက် လက်တွဲပြီး တောထဲကနေ ထွက်ပြေးလာခဲ့ကြတယ်။
ရှင်းရှင်းပြောရရင် သားသမီးတွေရဲ့ အနာဂတ်အတွက် သူတို့နှစ်ဦး အသက်စွန့်ပြီး ထွက်ပြေးခဲ့ကြတာပါ။ ပြန်ပေးဆွဲခံရတဲ့ တပ်ထဲမှာ တစ်သက်လုံး နေရမှာဖြစ်ပြီး ထွက်ပြေးတဲ့ လူတွေအတွက်တော့ အခွင့်အရေးက နှစ်မျိုးပဲရှိပါတယ်။ ထွက်ပြေးလို့ မိခဲ့ရင် မိတဲ့နေရာမှာတင် အသတ်ခံရမှာဖြစ်ပြီး လွတ်ခဲ့ရင်တော့ အသက်ရှင်ခွင့်ရမှာပါ။ အသက်ရှင်ဖို့ အခွင့်အရေးက ငါးဆယ်ရာခိုင်နှုန်းသာ ရှိပေမယ့် ဖေဖေနဲ့ မေမေဟာ အရဲစွန့်ပြီး သတ္တိမွေးခဲ့ကြတယ်။ ဘာလို့ဆို သူတို့မှာ ကလေးလေးတစ်ယောက်ရှိလာခဲ့ပြီလေ။ အခုကလေးကိုရော နောက်လာမယ့်ကလေးတွေရော တောထဲတောင်ထဲမှာ မလိုလားတဲ့လူတွေရဲ့ လက်အောက်မှာ အမှုထမ်းပြီး မကြီးပြင်းစေချင်ခဲ့ဘူး။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now