Chapter-27

1.6K 161 17
                                    

ဆောင်းတွင်းရောက်လို့ သိသိသာသာ အေးလာပြီ ဖြစ်တာမို့ မောင်ဟာ အနွေးထည်ထူထူကို ဝတ်ထားပြီး အရှေ့ဘက်စာကြည့်ခန်းမှာ စောစောစီးစီး ရောက်လို့နေတယ်။ ဂျာဆိုင်းလုံ၊ လမင်းဖြူနဲ့ နှစ်ဟောင်းကအစ်မနှစ်ယောက်ကလည်း ရှေ့ဆင့်နောက်ဆင့် စာကြည့်ခန်းဆီ ရောက်လာခဲ့ကြတယ်။ မောင်တို့ငါးယောက်အပြင် ကျန်တဲ့လူတွေအားလုံးက အနောက်ဘက် စာကြည့်ခန်းမှာ စာကြည့်ရပါတယ်။ လမင်းဖြူတစ်ယောက်တော့ အကဲပိုပြီး စောင်တစ်ထည်ကို သူ့ခန္ဓာကိုယ်မှာ ပတ်ထားပါတယ်။

ငါးယောက်စလုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြတယ်။ ပြီးတော့ တိုးတိုးကျိတ်ရယ်ကြတယ်။ ဘာလို့လဲဆို ဒီည မောင်တို့အားလုံး လုပ်မယ့်စာက ဘာသာအတူတူပဲမို့ပါ။ အားလုံး သင်္ချာတွက်ကြမှာ။ အကြောင်းအရင်းကတော့ ဒီညTVမှာလာမယ့် X-factor Myanmar ပြိုင်ပွဲကို ဆရာတို့ဖွင့်ကြည့်ရင် ခိုးနားထောင်ရအောင်လို့ပါ။ ငါးယောက်စလုံး အသံမထွက်ပဲ တိတ်နေရင် TV ကသီးချင်းသံကို အတိုင်းသားကြားနေရပါတယ်။ မောင်တို့ အရှေ့ဘက်စာကြည့်ခန်းက ဆရာတို့နေတဲ့ အပေါ်ထပ်ဆောင်ရဲ့ ဝရံတာအောက်ဘက်မှာ ရှိနေတာမို့လို့ပါ။ အနောက်ဘက်က စာကြည့်ခန်းကနေတော့ ဝေးနေလို့ လုံးဝမကြားရပါဘူး။

X-factor ပြိုင်ပွဲလာရင် ဆရာတို့က သေချာ ပေါက်TVဖွင့်ကြည့်မယ်ဆိုတာလည်း မောင်တို့သိထားပါတယ်။ ပြိုင်ပွဲဝင်တစ်ယောက်က ဆရာ့လက်ထွက် တပည့်ဟောင်းတစ်ယောက်ပါနေလို့ပါ။ မိုးညှင်းသူ၊ မိုးညှင်းသားတွေဟာ ဘယ်လောက်စည်းလုံးကြသလဲဆိုရင် အဲ့ဒီအချိန်တုန်းက Voting တစ်ခုကို တစ်ရာကျပ်နှုန်း ပေးရတာတောင် ပွဲစဉ်တိုင်းကို မနားတမ်း Voteပေးကြပါတယ်။

ဘယ်ညက ဘယ်သူတွေထွက်ရပြီး ဘယ်သူတွေဆက်ပြိုင်ရတယ်ဆိုတာ မောင်တို့အားလုံး သိနေကြပါတယ်။ အောက်ထပ်က အသံတွေ တိတ်နေကြလို့ ဆရာကြီးက သူ့တပည့်တွေ စာကြည့်ရဲ့လားဆိုတာ ဆင်းကြည့်ပါတယ်။ ဆရာတွေ့လိုက်ရတာကတော့ သူ့တပည့်တွေဟာ အခန့်သား သင်္ချာတွက်နေကြတယ်ဆိုတာပါပဲ။

ကလေးတွေ သီချင်းခိုးနားထောင်ကြတယ်ဆိုတာ ဆရာက ရိပ်မိသွားပုံပါပဲ။ အပေါ်ပြန်တက်ပြီး TVကို နားတစ်ကြားစာလောက်ထိ အသံတိုးလိုက်တယ်။ သီချင်းသံကို မောင်တို့ မကြားရတော့ပါဘူး။ ဒါနဲ့ပဲ ဆရာတို့လည်း မကြားရတော့အောင် လုပ်ပစ်ရုံကလွှဲလို့ နည်းလမ်းမရှိတော့ပါဘူး။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Donde viven las historias. Descúbrelo ahora