Chapter-8

2.2K 201 8
                                    

မိုးပြေးကလေးကနေ...မိုးသည်းသည်းဆီသို့ ချည်းနင်းလာခဲ့တဲ့...အုံ့အုံ့မှိုင်းမှိုင်း ညို့ညို့ဆိုင်းဆိုင်းမိုးရာသီ....။ ရော်ရွက်ဝါ မြေခပြီး...မြစိမ်းရောင် ပုရစ်ဖူးတို့က ပင်ယံထက်မှာ စီစီရီရီ....။ မြလွှာဖားဖား...စိမ်းနုရွက်သစ်များက လည်းသစ်ပင် သစ်ကိုင်းများဝယ် အလုအယက်အပြေးထွက်လာနေကြပြီ။

မြရိပ်ညိုအဆောင်ဝင်းထဲရှိ သရက်ပင်ကြီးများမှာ သရက်ပွင့် သရက်သီးကင်းများဖြင့် ဝေဆာလို့နေသည်။ အိပ်ငွေ့ပန်း ခရမ်းပွင့်များကလည်း နေရာတိုင်းတွင်...ပွင့်မြူးနေကြသည်။
ဇွန်လ၏ ဦးဆုံးသောနေ့ရက်များ....။

အဆောင်တွင် ရပ်ဝေးမှ ကျောင်းသူ ကျောင်းသားအသစ်များ တဖွဲဖွဲရောက်လာကြသည်။ ခန်းလုံးပြည့်လုနီးပါး...ခုတင်လွတ်ပင် မကျန်တော့ခမန်း...။ ကိုးတန်းကျောင်းသူကတော့ အင်းတော်ကြီးဒေသမှ ရောက်လာကြသူများလည်းရှိသည်။ အင်းတော်ကြီး လုံးတုံသူတစ်ယောက်၊ မမုံကိုင် သူတစ်ယောက်၊ အင်းတော်ကြီး ဟဲပု သူတစ်ယောက်...။ ဖားကန့်ဒေသမှ ရောက်လာကြသူများလည်းရှိသည်။ လုံးခင်းသူတစ်ယောက်နှင့် ဆိုင်းတောင်မှ တစ်ယောက်။ အင်းတော်ကြီး ဒေသမှ ရောက်လာသူများမှာ သျှမ်းနီ(ရှမ်းနီ) တိုင်းရင်းသူများ ဖြစ်ကြပြီး ဖားကန့်ဒေသမှ လာသူများမှာ ဂျိမ်းဖောသူ တစ်ယောက်နှင့် ကပြားတစ်ယောက်ဖြစ်သည်။ မိုးညှင်းဒေသ မြို့ခံအများစုမှာလည်း သျှမ်းနီ(ရှမ်းနီ) တိုင်းရင်းသားများသာ ဖြစ်၍ အဆောင်တွင်ရော ကျောင်း၊ သင်တန်း များတွင်ပါ ကျောင်းသားအများစုက ရှမ်းနီတိုင်းရင်းသားများဖြစ်ကြသည်။ မြရိပ်ညို အဆောင်ကတော့ ယခင်နွေရာသီကထက် ပိုပြီး စည်စည်ကားကားရှိလာခဲ့သည်။

ဇွန်လတစ်ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ ကျောင်းများ စတင်ဖွင့်လှစ်သည့်နည်းတူ မောင်တို့တက်ရောက်ရမည့် မိုးညှင်း အ.ထ.က-၁ ကျောင်းတော်ကြီးမှာလည်း စဖွင့်ခဲ့သည်...။ မနက် ရှစ်နာရီခွဲတွင် ဖြူဖြူစိမ်းစိမ်းဝတ် ကျောင်းသူကျောင်းသားလေးများမှာ အဆောင်ရှေ့တွင် စုရုံး စုရုံးဖြင့် ကျောင်းစတက်ရမည့်နေ့ကို စိတ်လှုပ်ရှားနေကြပေပြီ...။ အားလုံးသည် ဒီနှစ်မိုးရာသီမှ စထွက်လာသည့် သစ်ပင်ပေါ်မှ ပုရစ်ဖူးလေးများနှယ်...ဝန်းကျင်အသစ်တွင် ကျောင်းသူ/သား အသစ်များပင်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now