Chapter-31

1.7K 184 17
                                    

"ဟုတ်လား...မောင်ကတော့ယူ့ကိုမုန်းတယ်"

မောင့်ရဲ့ စကားသံဟာ ပုံမှန်ပါပဲ။ ဒါပေမယ့် မိုးဆောင်းရဲ့ ရင်ထဲမှာတော့ ဗုံးတစ်လုံးထပေါက်သလို ကျယ်လောင်သွားခဲ့တယ်။ အသည်းဆိုင်ဟာ တစ်စစီဖြစ်လို့သွားသလို နာကျင်ရတယ်။ နှစ်နှစ်ဆိုတဲ့ အချိန်ကာလအတောအတွင်း နေ့စဥ်စောင့်ဆိုင်းခဲ့ရတဲ့ ရလဒ်ဟာ ကံမကောင်း အကြောင်းမလှရှာပါဘူး။ နေ့ရက်တိုင်း မောင့်ကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ခဲ့တာဟာ ဒီလိုစကားနဲ့ တုံ့ပြန်ဖို့မဟုတ်ဘူးမောင်...။

နှလုံးသားထဲက ရှိသမျှကို သွန်ချပြီး ချစ်ခဲ့တာတောင်မှ နောက်ဆုံးတော့သူဟာ မုန်းဖို့ပဲ ထိုက်တန်တဲ့လူလားမောင်....။

ညနေစောင်းတစ်ခုမှာ ဂါဝန်ပန်းနုရောင်လေးနဲ့ စက္ကူပန်းခြုံရှေ့ကို မောင်ပထမဆုံး ရောက်လာတော့ 'အိုး... လှလိုက်တာ' လို့ပဲ ရေရွတ်နိုင်ခဲ့တယ်။ အလှလေးနဲ့ မိတ်ဖွဲ့ကြည့်ရင်း 'နာမည်ဘယ်လိုခေါ်လဲ' လို့မေးတော့ 'ပိုးဟေသီမောင်' တဲ့။ 'လှလိုက်တာ' လို့နောက်တစ်ကြိမ် နှုတ်က ထုတ်ပြောမိရတယ်။ လောကမှာ လှပတဲ့အရာတွေဟာ ဒဏ်ရာတွေလည်း ဖြစ်နေတတ်တယ်ဆိုတာကို မိုးဆောင်းမေ့နေခဲ့တယ်။

မိုးဆောင်းဟာ မောင့်ဆီက ခွာပြီး နေရာမှာတင် ကျောက်ရုပ်တစ်ရုပ်လို ခဲသေနေခဲ့တယ်။ နှုတ်ခမ်းပါးမှာတော့ မောင့်ဆီက ချိုမြမှုတွေ ရှိနေဆဲ....။ နှလုံးသားကတော့ တဆစ်ဆစ်နာကျင်စပြုလာပြီ။

"ချစ်တယ်ဆိုလည်း မောင်နဲ့ဝေးဝေးနေပေးပါ မောင်စာတွေလုပ်ရအုံးမယ်...."

အသည်းမာသူက ပြောရက်နိုင်လေတယ်။

မိုးဆောင်းရဲ့ လည်ချောင်းတစ်လျှောက်မှာ ခြောက်ကပ်နေပြီး ပြောစရာစကားတွေက လည်မြိုမှာ တစ်ဆို့နေကာ ဘာစကားလုံးမှ ထွက်ကျမလာတော့ဘူး။ နှလုံးသားကို အရှင်လတ် လတ် ဖြဲချထားတဲ့ ဒဏ်ရာဆီက သွေးတွေတော့ တတောက်တောက်ကျနေခဲ့တယ်။ မျက်ဝန်းအိမ်မှာ ဗလာကျင်းနေခဲ့တယ်။ မှော်ဆန်တဲ့ အလှပဂေးလေးဟာ မိုးဆောင်းရဲ့ မြင်လွှာတွေထဲမှာ တရိပ်ရိပ်လှုပ်ရှားနေခဲ့ပြီး အဲ့ဒီပုံရိပ်ကလေးကပဲ မိုးဆောင်းကို ညတိုင်းအတွက် အိပ်မက်ဆိုးတွေပေးဖို့ လုံလောက်နေခဲ့တယ်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now