Chapter-5

2.5K 205 4
                                    

ဆောင်းနှောင်းရဲ့ အငွေ့အသက်တွေဟာ မလွင့်ပျယ်သေး...။ နွေဦး၏ ခြေတစ်လှမ်းက ရောက်နှင့်ပေပြီ... လှပသောရာသီဥတုပါလေ....။

မတ်ချ်လ။

မိန်းကလေးတွေရဲ့ စာကြည့်ဆောင်ရှေ့မှာ သရက်ပင် တစ်ပင်ရယ်၊ ယိုးဒယားပိတောက် တစ်ပင်ရယ်၊ သနပ်ခါးပန်းတစ်ပင်ရယ်၊ ဆိတ်ဖလူးပန်းတစ်ပင်ရယ်... ရှိနေပါတယ်။

မကြာခင် ခွဲရတော့မည့်ဆောင်းကို နှုတ်ဆက်သည့် အနေနှင့်ပေလားမသိ... မနက်စောစောမှာ ဆိတ်ဖလူးပန်းရဲ့ ရနံ့ကမွှေးကြူလို့နေပါတယ်။

ဆိတ်ဖလူးပန်းကိုလည်း ဒီဘက်မှာ 'စိတ်ကူးပန်း' လို့ပဲ ခေါ်လေ့ရှိကြပါတယ်။ ဘယ်လိုက ဘယ်လို ဆိတ်ဖလူးကနေ စိတ်ကူးဖြစ်သွားတယ်မသိ။ ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဆိတ်ဖလူးကနေ' ဆိတ်ကူး'၊ ဆိတ်ကူးကနေ 'စိတ်ကူး' အဲ့ဒီလို အသံဆင့်ကဲ ပြောင်းလဲသွားတာနေမှာပေါ့။ ဒါဆိတ်ဖလူးလို့ခေါ်တာလို့တော့ သွားမငြင်းလေနဲ့... ရာဇဝင်နှင့် ပြန်ပြောလိမ့်မယ်...၊ သူကတစ်ညလုံး စိတ်ကူးယဉ်ပြီး... မနက်ရောက်မှ ပွင့်၊ ကြွေတဲ့ ပန်းမို့လို့ 'စိတ်ကူး'ပန်းလို့ ခေါ်တာပါတဲ့။ သူတို့ပြောတာလည်း သဘာဝကျပါတယ်။ စကားလုံး တစ်ခု၊ ဝေါဟာရတစ်ခုဆိုတာ ဘယ်သူက ဘယ်သူ့ဆီက အသံကို ဆင့်ကဲပြောင်းယူထားမှန်း မူလဇာတ်မြစ်ကို သေချာမသိနိုင်ဘူးလေ...။ ဒီလို တစ်ဦးနှင့်တစ်ဦး အမှီသဟဲပြုနေထိုင်ကြရတာကိုမှ လူ့အဖွဲ့အစည်း လို့ဆိုလိုတာမဟုတ်လား။

ဆိတ်ဖလူးပန်းတွေက...ပွင့်ရွက်ဖြူဖြူ... ရိုးတံလိမ္မော်ရောင်လေးတွေနဲ့ မြေပြင်ပေါ်ပြန့်ကျဲနေတာများ... သိပ်လှ။

မိုးဆောင်းက ဖုန်၊သဲတွေ မလူးသေးတဲ့ ဆိတ်ဖလူးပန်းလေးတွေကို ကောက်ပြီး တယုတယသီ နေပါတယ်။ မီးရောင်ကြည်လဲ့လဲ့ အောက်မှာ မြက်ရိုးတံစိမ်းစိမ်းကလေးက ဆိတ်ဖလူးပွင့်လေး တွေနဲ့အစီအရီ...။

မကြာခင်ပဲ မနက်စာကျွေးဖို့ ခေါင်းလောင်းတီးသံကို ကြားရပါတယ်။ ကျောင်းသူတွေအားလုံး မီးဖိုချောင်ထဲကို ဝရုန်းသုန်းကား ပြေးဝင်ကြပါပြီ။ စားဖို့သောက်ဖို့ဆိုရင် ဒီလိုပါပဲ...။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Donde viven las historias. Descúbrelo ahora