Chapter-16

1.8K 170 10
                                    

တစ်ချိန်က နူးညံ့စိုမြခဲ့သည့် နှင်းဆီရောင် နှုတ်ခမ်းပါးလေးမှာ အက်ကွဲကာ ဖြူဖျော့နေသည်။ ပိုးသားလို နူးညံ့ကာ နက်မှောင်သည့် ကေသာဆံနွယ်တို့မှာလည်း ဖရိုဖရဲဖြစ်တည်မှုဖြင့် အစားထိုးသွားသည်။ ရက်အတော်ကြာ အစာမစားခဲ့ရသည့်အတွက် ဖောင်းပြည့်ဝင်းစိုခဲ့သည့် မျက်နှာလေးမှာ ချောင်ကျနေသည်။ တစ်ကိုယ်လုံး ပါးပါးလျလျလေးဖြစ်သွားကာ ပွေ့ချီလိုက်လျှင်ပင် ပဲ့ကြွေပျက်သုန်းသွားတော့မည့် သစ်ရွက်ဆွေးလေးပမာ.... ချစ်ရသူသည် ပိန်ပါးဖျော့တော့လွန်းနေသည်။

နက်မှောင်သည့် ညဉ့်မဟူရာ ကောင်းကင်ထက်မှ တလက်လက်ကြယ်ပွင့်လေးများလို တောက်ပသည့် မျက်ဝန်းအစုံနှင့် ပုလဲဖြူသွားတန်းညီလေးများမှာ မမြင်ရတာကြာလေပြီ။ အသားအရေသည် ဝါရောင်ပြေးကာ ဖျော့တော့နိုင်လှသည်။ ခြေလက်များမှာ အစဥ်အမြဲအေးခဲနေကာ အကြောများဆိုင်းနေသည်။ သူ့ဘာသာလှုပ်ရှား၍မရပဲ တစ်ဖက်လူအကူအညီနဲ့မှာသာ လှုပ်ရှားနိုင်လေသည်။

အခြားလူများထက် ရည်မှန်းချက်ပိုကြီးကာ ပိုကြိုးစားတတ်သည့် မောင့်ရဲ့စိတ်ကိုလည်း အခြားသူများထက် မိုးဆောင်းကပိုသိပါသည်။ သို့သော် မောင့်မှာကြိုးစားခွင့်ပင်မရလိုက်။ နေမကောင်းသဖြင့် ဝင်မပြိုင်လိုက်ရသည့် တာဝေးပြေးပွဲဝင်တစ်ယောက်လို...သို့မဟုတ် လမ်းခုလတ်တွင် ခြေကျိုးသွားသည့် ပြိုင်ပွဲဝင်တစ်ဦးလို....။

ချစ်ရသူသည် မိမိရှေ့တွင်ပင် ဤကဲ့သို့ ဖရိုဖရဲ အလှဲလှဲအပြိုပြိုဖြစ်နေမှုကို ထိုင်ကာကြည့်နေရသည်မှာ လောကငရဲလိုပင် ပူပြင်းလှသည်။ နာကျင်ရသည်။ မျက်ဝန်းထဲမှ လိမ့်ဆင်းလာသည့် မျက်ရည်စတချို့ကို လူမမြင်အောင် ကွယ်ကာသုတ်မိရသည်။ သြော်... မေမေဆုံးပါးသွားပြီးချိန်က ဝအောင်ငိုပြီးခဲ့သည့် မျက်ဝန်းများသည် ယခုတစ်ခါ အသစ်တစ်ဖန် ပြန်လည်အသက်ဝင်လာသည့်အလား....။

မောင်နေပြန်ကောင်းခဲ့ရင်တောင် အရှုံးကိုလက်ခံနိုင်ပါ့မလားမောင်....

အဲ့လိုဆိုရင် ဘယ်တော့မှများ မောင့်အပြုံးကို ပြန်မြင်ရပါတော့မလဲမောင်...

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now