Chapter-19

1.7K 170 7
                                    

အတိတ်က

မောင်...

စက်တင်ဘာလ တစ်လလုံး မောင် Aခန်းမှာပဲ နေခဲ့သည်။ အောက်တိုဘာလတွင်လည်း အခန်း မကျသွားပဲ Aခန်းကနေပဲ နှစ်ဝက် စာမေးပွဲကို ဖြေဆိုရသည်။ ကျောင်းမှာရော၊ ကျူရှင်ပါ နှစ်ဝက်စာမေးပွဲဖြေအပြီးတွင် သီတင်းကျွတ် ကျောင်းပိတ်ရက်အဖြစ် ကျောင်းက ဆယ်ရက်ပိတ်ပေးပြီး ကျူရှင်က သုံးရက်ပိတ်ပေးသည်။ မိုးညှင်းမြို့ထဲမှ အဆောင်လာနေသည့် ကျောင်းသူ/သားတစ်ချို့ကတော့ အိမ်ခဏပြန်ကြသည်။ မောင်တို့လို ရပ်ဝေးကျောင်းသားများကတော့ အဆောင်တွင်သာ နားရက်ရပြီး အဆောင်မှူး ဆရာကြီးနှင့် ဆရာမကြီးက တစ်ရက်ခရီး လိုက်ပို့ပေးရန် အစီအစဥ်ရှိသည်ဟု သိရပါသည်။

မောင်နှင့် သူငယ်ချင်းတစ်သိုက်သည် ဆရာတို့ လိုက်ပို့ပေးမည့် အလည်ခရီးစဥ်ကို နေရာမျိုးစုံ ခန့်မှန်းချေထုတ်နေကြသည်။ အချို့က မိုးညှင်းအရှေ့တောင်ဘက်ရှိ အင်းဖို အင်းမ ဘုရား၊ ရွှေသာလျောင်းဘုရား၊ ထီးလင်းဘုရား စသည်များကို အဆောင်က ပို့ပေးလေ့ရှိသည်ဟုဆိုသည်။ အချို့က နန့်ပုပ်ဘုရား၊ မြသိန်းတန်စေတီ၊ ဘီလူး ရွှေဘုံသာ စေတီများကို လိုက်ပို့ပေးလျှင် ပိုကောင်းမည်ဟု ဆိုကြသည်။ မည်သို့ပင် ဖြစ်စေ ရက်ရှည်လများ အပြင်မထွက်ခဲ့ရ၍ အပြင်ထွက်လည်ရန် တာစူနေသော ကျောင်းသား၊ သူများမှာ ဘယ်နေရာပဲပို့ပို့ ပျော်ကြမည်သာ။

တကယ်လိုက်ပို့ပေးမည့် နေရာကတော့ မည်သူမှ ထင်မှတ်မထားခဲ့သည့် 'အင်းတော်ကြီးအိုင်' သို့ဖြစ်နေခဲ့သည်။ မိုးညှင်းမြို့မှနေ၍ အင်းတော်ကြီးသို့ နေ့ချင်းပြန် ခရီးရောက်ရန် မနက်စောစောထွက်ရမည်ဖြစ်သည်။ မောင်နှင့် မိုးဆောင်း၊ သူဇာ၊ မူယာ၊ ကြည်ပြာ၊ လမင်းဖြူတို့သည် ထိုမနက်စောစောကတည်းက ခရီးအတွက် ပြင်ဆင်ကာ အပျော်လွန်နေခဲ့ကြသည်။ အဆောင်တွင် ကျန်ရှိသည့် ကျောင်းသူ ကျောင်းသား အားလုံးကို ခါတိုင်း ကျောင်းပို့နေကျ အစိမ်းရောင် Busကားကြီးဖြင့်သာ တင်သွားခဲ့သည်။

မောင်နှင့် မိုးဆောင်းသည် ကားနောက်ပိုင်း ထိုင်ခုံများကြားတွင် မတ်တပ်ရပ်လျက် စီးလိုက်လာကြသည်။ ကားမှန်ပြတင်းများကို အဆုံးထိ ဖွင့်ထားကြကာ သီချင်းသံကိုလည်း ခပ်ကျယ်ကျယ် ဖွင့်ထားကြသည်။ ကားတစ်စီးလုံးမှာ သီချင်းတစ်ပုဒ်တည်းကို အသံကုန်ဟစ်ကာ အော်ဆိုကြသည်။ ခါတိုင်း ကျောင်းသွားစဥ် စီးရသည့် ကားပေါ်မှ ခံစားချက်နှင့်မတူ။ ပျော်ပွဲစားထွက်ရသည့် ခံစားချက်မှာ အူလိုက် သည်းလိုက် ရွှင်မြူးကာ ပျော်ရွှင်စရာကောင်းလှပါသည်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now