Chapter-34

2.1K 202 11
                                    

နွေနှောင်းက ကြွင်းလို့ မိုးဖြိုင်ဖြိုင်ရွာတဲ့နံနက် ခင်းတစ်ခုမှာ မောင်ဟာ အိမ်ထဲမှာ ရှိမနေခဲ့ဘူး။ မိုးဆောင်း အိပ်ယာကထလာတဲ့ အချိန် မောင့်ကို ဘယ်မှာမှ ရှာမတွေ့ပါဘူး။ လိုက်ကာစကို ပင့်မ,ကြည့်တဲ့ အခါမှ အပြင်မှာ မိုးတွေရွာနေတယ် ဆိုတာကို မိုးဆောင်း သိလိုက်ရတယ်။ မိုးဆောင်းရဲ့ ချစ်သူလေးဟာ ဒီလိုရာသီဥတုမျိုးမှာ ဘယ်တွေသွားနေခဲ့တာပါလိမ့်။ မိုးတွေရွာလာရင် ချစ်ရသူက နေမကောင်းဖြစ်တတ်တယ်ဆိုတာကို စိတ်ထဲစွဲနေခဲ့တဲ့ မိုးဆောင်းဟာ ကိုယ့်ဝေဒနာကိုတောင် မေ့ပြီး ထီးတစ်လက်ကိုင်ကာ မိုးရွာတောထဲမှာ မောင့်ကိုလိုက်ရှာနေမိတယ်။

မိုးဆောင်းနဲ့ မောင် နှစ်ယောက်သားဟာ မောင့်ရဲ့ အိမ်လေးထဲမှာ နေလာခဲ့တာ ငါးလကျော်ရှိခဲ့ပါပြီ။

မောင်က မနက်ခင်းစောစောထပြီး လက္ခရည်ထွက်ဝယ်တာဖြစ်ဖြစ်၊ အိမ်လုံကို လမ်းကူလျှောက်တာဖြစ်ဖြစ် လုပ်နေကျပါ။ အခုတလော မိုးတွေရွာနေလို့ မောင်အပြင်မထွက်တာ ကြာပါပြီ။

မိုးရွာတောထဲမှာ အတန်ကြာ လိုက်ရှာနေမိပြီး Storeဆိုင် တစ်ခုရဲ့ တံစက်မြိတ်လေးမှာ မိုးဝင်ခိုနေတဲ့ မောင့်ကိုတွေ့မှ မိုးဆောင်းတစ်ယောက် သက်ပြင်းကိုချလိုက်နိုင်တယ်။

"မောင်... အစောကြီး အပြင်ကိုဘာလာလုပ်တာလဲ"

"အိမ်လုံအတွက် ခွေးစာတွေကုန်နေလို့ ထွက်ဝယ်တာပါ...."

မောင်က မိုးဆောင်းရဲ့ ထီးအောက်ကို ခိုဝင်ရင်း ပြောလာတယ်။

"ဒါပေမယ့် မိုးတွေရွာနေတယ်လေ.. မောင်ရဲ့ နောက်မှ ဝယ်ရင်ရတာပဲ... မိုးတွေရွာတဲ့အချိန်ဆို မောင်နေမကောင်းဖြစ်တတ်တယ်မဟုတ်လား...."

မိုးဆောင်းက ဂရုဏာဒေါသနဲ့ မောင့်ကိုဆူတယ်။ မောင်ကတော့ ဘာကိုမှဂရုမစိုက်လေတဲ့ဟန် သူလုပ်တဲ့ကိစ္စတိုင်းအတွက် သူ့ဘာသာ ယုံကြည်ချက်တွေရှိနေပါတယ်။

"မိုးရွာတဲ့ အချိန်ဖျားတာက လွန်ခဲ့တဲ့ ခြောက်နှစ် ခုနှနှစ်လောက်ကပါ... အခုက မောင်ကျန်းမာနေပါပြီး တော်ရုံတန်ရုံနဲ့ မဖျားတော့ဘူး... မောင်ကိုယ့်ဘာသာ ဂရုစိုက်တတ်ပါပြီ အဲ့ဒါကြောင့်လည်း အိမ်နဲ့ခွဲနေနိုင်တာပေါ့"

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now