Chapter-22

1.5K 156 9
                                    

December လရဲ့နောက်ထပ် ပျော်စရာအကောင်းဆုံး နေ့တစ်နေ့ကတော့ Christmas ပွဲတော်နေ့ပါပဲ။ ကချင်ပြည်နယ်ရဲ့ အဓိက လူမျိုးစုကြီးဖြစ်တဲ့ ကချင်တိုင်းရင်းသူ တိုင်းရင်းသားတွေဟာ ခရစ်ယာန် ဘာသာကို သက်ဝင်ယုံကြည်ကြပြီး ခရစ္စမတ်ပွဲတော်ကိုလည်း တခမ်းတနားပြုလုပ်ကျင်းပကြပါတယ်။ မြရိပ်ညိုအဆောင်မှ လူအများစုက ရှမ်းနီလူမျိုး ဗုဒ္ဓဘာသာများဖြစ်သည့်တိုင် ကျန်သည့် လူအနည်းစုအတွက် ခရစ္စမတ်ပွဲတော်ကို ပါဝင်ဆင်နွဲပေးကြပါတယ်။  ခရစ္စမတ်နေ့မတိုင်ခင် ညတစ်ညမှာ မိုးညှင်းမြို့ ခရစ်ယာန်သာသနာပြု အသင်းက လူငယ်တွေဟာ ရပ်ကွက်ထဲက အိမ်တွေရှေ့မှာ ဂီတာတီးပြီး သီချင်းတွေလိုက်ဆိုကြပါတယ်။ အိမ်သားတွေဟာ အပြင်ကိုထွက်ကြည့်ကြပြီး သီချင်းဆိုသူတွေအတွက် နည်းများမဆို အလှူငွေတွေထည့်ပေးကြပါတယ်။

ခရစ်ယာန်လူငယ်တွေဟာ ဒီလိုနဲ့ သုံးလေးအိမ်တစ်စုစီ အိမ်တိုင်ရာရောက် ဖျော်ဖြေပေးကြပါတယ်။ မောင်တို့အဆောင်ဟာ လူများပြီး ပရိတ်သတ်များတဲ့ အဆောင်ဖြစ်လို့ သီချင်းလိုက်ဆိုပေးတဲ့ ဖျော်ဖြေရေးအဖွဲ့တွေဟာ မကြာခဏ ရောက်လာတတ်ကြပါတယ်။ သီချင်းဆိုတဲ့ လူတွေလာရင် ဆရာတို့က ကျောင်းသားတွေကို စိတ်ကြိုက် အဆောင်ရှေ့ထွက်ကြည့်ခွင့် ပေးထားပါတယ်။ ကျောင်းသားတွေကလည်း စာမလုပ်ရရင် ပြီးရော ဆိုတဲ့အတွေးနဲ့ သီချင်းလာဆိုတိုင်း တစ်ယောက်မကျန် ထွက်ကြည့်ပါတယ်။

ဒီလိုနဲ့ ခရစ္စမတ်မတိုင်ခင်တစ်ညမှာ မောင်တို့ အဆောင်ရှေ့လမ်းမကြီးဟာ ပွဲရုံတစ်ခုလို လူစည်ကားလို့နေပါတယ်။ သီချင်းလာဆိုပေးတဲ့ လူတွေကို အဆောင်မှူးဆရာကြီးတို့က အလှူငွေတွေထည့်ပေးကြပါတယ်။

ခရစ်ယာန် ဓမ္မတေးသံနဲ့ ခရစ္စမတ်အထိန်းအမှတ် သီချင်းတွေဟာ နားဝင်ချိုပြီး သာသာ ယာယာရှိလှပါတယ်။ မောင်တို့ အဆောင်မှာလည်း မနက်စောစောတွေမှာ ခရစ်ယာန် ကျောင်းသူလေးတွေရဲ့ ဓမ္မတေးသံကို သာသာ ယာယာ ကြားရတတ်ပါတယ်။ သူတို့နေ့တိုင်း ဘုရားဝတ်ပြုကြပါစေလို့ ကြိတ်ပြီးဆုတောင်းရတဲ့အထိပါပဲ။ မောင်တို့ကတော့ ဓမ္မတေးကို
'ဟာ.. လေ...ဒူး.. ရာ.." တစ်လုံးပဲရလို့ စာကြည့်ခန်းကနေ 'ဟား..လေး..ဒူး..ရာ..' ဆိုတဲ့ နေရာကိုပဲ လိုက်ဆိုကြပါတယ်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Hikayelerin yaşadığı yer. Şimdi keşfedin