Chapter-29

1.5K 162 6
                                    

တစ်ခန်းကို အယောက်ခြောက်ဆယ် လောက်ရှိတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ တစ်ပြိုင် နက်တည်းမှာပဲ အပြင်ကိုပြေးထွက်ကြတော့ ကျောင်းရဲ့ အပေါ်ထပ်ရော အောက်ထပ်ပါ ဝရံတာတွေဟာ လူတွေနဲ့ ပြည့်ညှပ်သွားတယ်။ မောင်တို့ ကိုးတန်းဆယ်တန်း အခန်းတွေက အပေါ်မှာ၊ ပြီးတော့ ဆင်းဖို့ရာ လှေကားက ဘယ်ညာ နှစ်စင်းတည်းရယ်။ လှေကားနှစ်ဖက် စလုံးမှာ တိုးဆင်းနေကြတဲ့လူတွေနဲ့ တဖြန်တ ပြည့်နက်သွားတော့တယ်။

တိုက်ပွဲရဲ့ အသံတွေဟာ ပိုပြီးကျယ်လောင်လာတယ်။ မကြာခင် မြို့ထံကို ရောက်လာတော့ မလိုပဲ။ မောင်ဟာ လွယ်အိတ်ကို ကောက်လွယ်ပြီး အခန်းပြင်ကို ထွက်ဖို့လုပ်နေတဲ့အချိန် မိုးဆောင်းက အထွက်လူတွေနဲ့ ဆန့်ကျင်ပြီး မောင့်ဆီကို လှမ်းလာနေတယ်။

"မောင်... မြန်မြန်လာတော့လေ ဘာလုပ်နေတာလဲ... အသံတွေမကြားဘူးလား..."

"မိုးဆောင်းအဲ့နားနေ မောင်လာခဲ့မယ်..."

မောင်က စာအုပ်တွေကို ကပြာကယာ သိမ်းပြီး အခန်းထဲကနေ အပြေးထွက်လိုက်တယ်။ လမင်းဖြူနဲ့ ဂျာဆိုင်းလုံတို့လည်း ပစ္စည်းတွေသိမ်းပြီး အပြေးထွက်ကြတယ်။

မိုးဆောင်းက လူတွေကြားထဲမှာ မောင့်လက်ကို မြဲမြဲဆုပ်ထားတယ်။ လှေကားကို သတိထားပြီး တိုးဆင်းရတယ်။ မောင်တို့ ထွက်နေကျ ကျောင်းရဲ့ အနောက်ဘက် အပေါက်ကို ပြေးကြတယ်။ ကျောင်းထဲကနေ ပြေးထွက်နေကြတဲ့ ကျောင်းသား အစုအဝေးတွေဟာ ပျားအုံကို တုတ်နဲ့ ထိုးဆွထားသလိုပဲ။ မောင်ကတော့ ပြေးသာ ပြေးနေရတာ ဘာမှနားမလည်ဘူး။ အရင်ခေတ်တွေက စစ်ဖြစ်ကြရင် ပုန်းကျင်းတွေထဲဝင်ပုန်းကြတယ်လို့ ကြားဖူးပေမယ့် အခုခေတ်မှာ ပုန်းကျင်းတွေမှ မရှိတာ။

"နေပါအုံး... မိုးဆောင်း.. မောင်တို့က ဘယ်ကို ပြေးကြမှာလဲ.. အခုလိုဝရုန်းသုန်းကား လျှောက်ပြေးနေတာ ပိုအန္တရာယ် မများဘူးလား... "

လက်တွဲလို့ ပြေးနေရင်းမှ မောင်က မိုးဆောင်းကို မေးတယ်။

"မောင်ရယ်... စစ်ဖြစ်နေပါတယ်ဆိုမှတော့ ဘယ်နေရာမဆို အန္တရာယ်ရှိတယ်၊ ဒါပေမယ့် ဒီကျောင်းက ပိုအန္တရာယ်ရှိတယ်... အရှေ့တောင်နဲ့ နီးနီးလေးရယ်... ပြီးတော့ ကွင်းပြင်ကျယ်မှာ ထီးထီးကြီးရှိနေတာ ဗုံးတို့ဘာတို့ဆို အလွယ်တကူ လာမှန်နိုင်ချေရှိတယ်... ကျောင်းရဲ့ ဟိုးဘက်က တစ်ဆောင်ရဲ့ နံရံမှာ အရင်နှစ်တွေက သေနတ်တောင် မှန်ထားသေးတာ မောင်မတွေ့ဘူးလား...."

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now