Chapter-33

1.9K 206 17
                                    

ကျေးငှက်ကလေးတွေ တေးချင်းသီရင်း နံနက်ခင်းကို အစပြုတယ်။ နေခြည်နွေးဖျဖျဟာ ခန်းစည်း လိုက်ကာစတွေကို ဝင်တိုးလေတယ်။ လေနုအေးတစ်ဖြာကလည်း ချစ်သူနှစ်ဦးကို နိုးထပါတော့လို့ ချော့မြူကျီစယ်နေသလို။ တိုက်ခတ်နေတဲ့ နံနက်ခင်း ဆောင်းလေအေးထဲမှာ မောင်ကိုယ်တိုင် ဖျော်ထားတဲ့ ကော်ဖီရနံ့သင်းသင်း တွေပါနေတာကို
မိုးဆောင်းက သဘောအကျဆုံး....။

စင်ယော်တောင် မျက်ခုံးတန်းဟာ မြင့်တက်သွားပြီး နှုတ်ခမ်းပါးဟာ ကွေးညွတ်တဲ့အထိ မိုးဆောင်း ပြုံးနေမိတယ်။ ချိုမြမြနံနက်ခင်းဟာ မောင့်ရဲ့ အိပ်ယာထစ ဘာမှလိမ်းချယ်ထားခြင်းမရှိတဲ့ သဘာဝအလှတရားနဲ့တင် ပြည့်စုံတယ်။

"မိုးဆောင်း... ဘာတွေပြုံးနေတာလဲ... မြန်မြန်ထလာတော့လေ.. မနက်စာစားရအောင်.."

ထမင်းစားပွဲလေးကနေ မောင်က ခေါ်တယ်။ ဒီအချိန်မှာ မိုးဆောင်းတစ်ယောက် လောကဓံလှိုင်းတွေအားလုံးကို မေ့ပစ်ထားလို့ရနေတယ်။

အိပ်ယာကထ, ကိုယ်လက်သန့်စင်ပြီး မနက်စာစားတယ်။ ပြီးနောက် မောင့်ရဲ့ Coffeeဆိုင်လေးဆီကို သွားကြတယ်။ အာခီတက်ခ် တစ်ယောက်ဖြစ်တဲ့ မောင့်ရဲ့ လက်ရာတစ်ခု ကော်ဖီဆိုင်လေးရဲ ဒီဇိုင်းက ဆန်းပြားပြီး လူငယ်ဆန်သလို မောင့်လိုပဲ သဘောကျနှစ်ခြိုက်စရာလေးရယ်။

"ဆိုဖီယာ... သူက မိုးဝသာန်ဆောင်း လို့ခေါ်တယ်"

မောင်က ဆိုင်က ဝန်ထမ်းကောင်မလေးနဲ့ မိတ်ဆက်ပေးတယ်။

ဆိုဖီယာ: "မမနှယ်... ဆိုင်ဝန်ထမ်း အသစ်ခန့်လိုက်တာကို ညီမတို့ကိုတောင် မပြောပါလား"

အလုပ်ရှင်နဲ့ အလုပ်သမားဆိုတဲ့ စည်းကမ်းတွေနဲ့ ဘောင်ခတ်မထားတဲ့ အလုပ်ခွင်မှာ ဆိုဖီယာတို့ အားဒီတို့လို ဝန်ထမ်းတွေက မောင့်ကို လွတ်လပ်စွာပဲ ပြောဆိုလို့ရပါတယ်။ မောင်က သူတို့နဲ့လည်း ရင်းနှီးနွေးထွေးစွာပဲ ဆက်ဆံတယ်။ မိသားစုတစ်ခုလို နွေးထွေးတဲ့ ပတ်သက်မှုမျိုးမှာ သူတို့ကလည်း မောင့်အပေါ် စေတနာထားကြပါရဲ့....။

မောင်: "မမလည်း ကြိုမသိခဲ့လို့ပါ..."

အားဒီ: ".........."

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Donde viven las historias. Descúbrelo ahora