Chapter-14

1.7K 172 1
                                    

မောင်နေပြန်ကောင်းလာသည်မှာ တစ်ပတ်လောက်ရှိပြီဖြစ်၍ ကျောင်းပြန်တက်နိုင်ပြီ။ မနက်ကိုးနာရီ ကျောင်းတက်ချိန်တွင် မောင့်ဘေးနားတစ်နေရာကလွတ်နေသည်။

မိုးဆောင်း...

နေမကောင်းလို့ အဆောင်မှာနေခဲ့ခြင်းတော့ ဟုတ်မနေပေ။ ကျောင်းကို ရောက်ပြီးမှ ကျောင်းလစ်သွားခြင်းဖြစ်သည်။ အမြွှာထဲက နှစ်ယောက်ရယ်၊ မိုးဆောင်းရယ်၊ အသစ်ပြောင်းလာတဲ့ ကောင်မလေး ဟန်နီရယ်။
မနက်ရှစ်နာရီခွဲတွင် အဆောင်ကပို့ပေးသည့် ကျောင်းကားဖြင့် ဟန်မပျက်ကျောင်းလိုက်လာသေးသည်။ ကျောင်းဝင်းထဲရောက်ပြီးမှ အခန်းထဲမဝင်ပဲ ကျောင်းအနောက်ဘက်သို့သွားကာ ထဘီကိုခါးမှာချည်ကာ အထဲကဘောင်းဘီနှင့်ပင် ကျောင်းအုတ်တံတိုင်းပေါ်ကျော်တက်သည်။ ကျောင်းတံခါးက မနက်ကိုးနာရီတွင် ပိတ်ပြီဖြစ်၍ သူတို့မှာ လူမြင်သူမြင်အရှေ့ပေါက်မှ ထွက်၍လည်းမရသောကြောင့် အနောက်ဘက်အုတ်တံတိုင်းကို ကျော်တက်ကာ ကျောင်းပြေးကြခြင်းဖြစ်သည်။

ဘယ်နေ့ဆရာတို့မိမည်မသိ။ တော်တော်အတင့်ရဲသည့်ဟာလေးတွေ....။ ပထမဦးဆုံး Bioအချိန်မှာပင် မောင့်မျက်တောင်တွေ စင်းကျလာကာ အိပ်ချင်လာသည်။ ဆယ်နာရီခွဲ အားလပ်ချိန်ဆင်းချိန်တွင်တော့... မောင် စာရေးခုံပေါ်တွင် မှောက်လျက်သား အိပ်ပျော်သွားခဲ့သည်။ ပြန်နိုးလာသည့်အခါ... Physic ဆရာမပင် အခန်းထဲသို့ ရောက်နေပေပြီ။

မောင့်ခန္ဓာကိုယ်မှာလည်း ခြစ်ခြစ်တောက် ပူမြိုက်နေသည်။ ဒီပုံအတိုင်းဆိုလျှင် ညနေပိုင်း ကျောင်းတောင် တက်နိုင်တော့မည်မဟုတ်။ မောင် ညနေပိုင်းမှ အနားယူဖို့ ကိုယ့်ကိုယ်ကိုယ် ပြောပြီး ဖြေသိမ့်ထားရသည်။ လူကတော့ လုံးဝနေလို့မကောင်းပေ....။ တစ်ကိုယ်လုံး အားအင်ချိနဲ့ကာ ပျော့ခွေနေသည်။ ရှူထုတ်လိုက်သည့် လေထဲတွင် ဗိုက်ထဲမှတောက်နေသည့်မီးစများကပ်ပါလာသလို... ပူမြိုက်နေသည်။ ခေါင်းကလည်း တဆစ်ဆစ်ထိုးကိုက်ကာ အိုးထိန်းစက်လို ပတ်ချာလည်နေသည်။

ဆယ်နာရီခွဲအချိန်နှင့် ဆယ့်နှစ်နာရီ ထိုးဖို့ရန်ကြားအချိန်သည် တစ်ကမ္ဘာလောက်ကြာသွားသလို....။ ကျောင်းဆင်းခေါင်းလောင်းသံ ကြားသည့်အချိန်တွင်မူ မောင့်နားထဲတွင် အိပ်မက်လိုလို လက်တွေ့လိုလိုဖြင့်... ဝေခွဲမရ။ ပစ္စည်းလေးတွေ လွယ်အိတ်ထဲကောက်သိမ်းပြီး... မောင်ထိုင်နေရာမှ ထလိုက်သည်။ ထိုအခိုက် ခေါင်းသည်ချာချာလည်ကာ လူကမိုက်ခနဲ... လှဲကျတော့မလို ဖြစ်သွားသည်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now