Chapter-28

1.6K 157 3
                                    


"စစ်ဖြစ်တာ..."

"ဘာာ....!!! "

မောင့်ရဲ့အသံဟာ ကျယ်လောင်လွန်းလို့ တစ်ခန်းလုံးကို ဟိန်းထွက်သွားတယ်။ ဘေးနားက အခန်းဖော်တွေက မောင့်ကို အလိုက်မသိရန်ကော ဆိုတဲ့အကြည့်နဲ့ကြည့်တယ်။

"ရှူး... တိုးတိုး.. မောင်ရဲ့..."

မိုးဆောင်းက မောင့်ကို လှမ်းတားတယ်။ 'စစ်ပွဲ' ဆိုတဲ့ အရာကို တစ်သက်နဲ့ တစ်ကိုယ် ယနေ့ချိန်ထိ ယောင်လို့တောင် မောင် မကြုံဖူးတာ။ ဇာတ်ကားတွေထဲတော့ ကြည့်ဖူးတာပေါ့။ မောင့်ခေါင်းထဲမှာ ဗုန်းတစ်လုံးထည့်ခွဲလိုက်သလို အတွေးတွေနဲ့ ပွက်လောရိုက်သွားတယ်။ ဒါဆိုရင် မောင်တို့တတွေ အထုတ်ဆွဲပြီး ပြေးကြရမှာလား....။ ပြေးရင်ကော ဘယ်နေရာကို ပြေးကြမတဲ့လဲ....။ ဘုရားရေ....။

ကချင်ပြည်နယ်ဟာ မငြိမ်းချမ်းဘူးဆိုတာကတော့ ဒေါ်လေးတို့ကနေ တစ်ဆင့် မောင်သိပါတယ်။ ဒါပေမယ့် အခုလို စစ်ပွဲကို နဖူးတွေ့ ဒူးတွေ့ ကိုယ်တိုင်ကြုံဖူးမယ်လို့တော့ မောင် ဘယ်တုန်းကမှ မတွေးမိဖူးဘူး။

"သိပ်လည်း စိတ်ပူမနေပါနဲ့ မောင်ရယ်... ဒီမှာက သုံးလေးနှစ်တစ်ကြိမ် ဒီလိုတွေ ဖြစ်နေကျပဲ... ဖြစ်တတ်ပါတယ်၊ အဓိက,က သူတို့ဘာသာ ဖြစ်တာ မြို့ထဲထိ ရောက်မလာရင်ပြီးရော... မောင်သွားအိပ်တော့... ခဏနေ မီးတွေဖြတ်တော့မှာ..."

မိုးဆောင်းက စိတ်မပူဖို့ရာ မောင့်ကိုနှစ်သိမ့်တယ်။ သူတို့အများစုက ကချင်ပြည်နယ် ဒေသခံတွေများတော့ ဗုံးသံ၊ သေနတ်သံတွေကို ကြုံဖူး ကြားဖူးနေကျမို့လို့ သူတို့ စိတ်ပူပေမယ့် မောင့်လောက်တော့ စိတ်မပူကြဘူးပေါ့။ ဒီလို အခြေအနေနဲ့ စာမေးပွဲကို ဘယ်လိုဖြေကြမလဲ ဆိုတာလည်း မောင်တွေးနေမိတယ်။

"ဒုန်း!! ဒုန်း!! "

မိုင်တော်တော်ဝေးတဲ့ အရှေ့ဘက်ဆီကနေ မှိုင်းခွဲသံတွေ၊ သေနတ်သံတွေကို ခပ်ကျဲကျဲ ကြားနေရတုန်းပဲ။ ဇာတ်ကားတွေထဲကလို လေယျာဉ်ပျံနဲ့ မြို့ပေါ်ကို ပတ်ပြီး ဗုန်းကျဲချလာမှာကို မောင်တို့စိုးရိမ်နေကြတယ်။ ကချင်မြေရဲ့ အလှအပတွေအကြောင်း သီဆိုထားတဲ့ မရမ်ဆိုင်းနော်ရဲ့ သီချင်းတစ်ပုဒ်ကို မောင် သွားသတိရတယ်။ 'ကချင်မြေကိုလာပါ တကယ်ပျော်မယ်နော်...' ဆိုတဲ့နေရာလေးကို 'ကချင်မြေကိုလာပါ့.. ကျည်ဆံမှန်မယ်နော်..' လို့ သူများတွေ ဖျက်ဆိုတာကို မောင် စိတ်ဆိုးခဲ့သေးတယ်။ ဘာလို့သူများမြေ အလှအပကို ဖျက်ရတာလဲပေါ့။ အခုလိုအခြေအနေရောက်တော့လည်း ဒုတိယ စာသားက ပိုမှန်တယ်လို့ မောင်ထင်လိုက်မိတယ်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Hikayelerin yaşadığı yer. Şimdi keşfedin